You Are My Everything ~36

10.2K 608 13
                                    


Wedding ~~

ဟုတ်​ပါတယ်​.. ဒီ​နေ့က မင်္ဂလာပွဲ​လေး ကျင်းပတဲ့ ​နေ့ပါ.. ဘယ်​သူ့ မင်္ဂလာပွဲလဲ ဆိုရင်​​တော့ ..SeHun နဲ့ LuHan တို့ရဲ့ မင်္ဂလာပွဲ ​လေးပါ.. လာ​ရောက်​ အသိအမှတ်​ ပြု​ပေးကြတဲ့ ဧည့်​ပရိတ်​သတ်​ ​တွေ နဲ့ အတူ သူတို့ရဲ့ ချစ်​လှစွာ​သော အကိုများ လည်း ရှိ​နေပါတယ်​..

တ​စ်​ဦး နဲ့ တစ်​ဦး အပြန်​အလှန်​ ကတိကဝတ်​ ​တွေ ဖလှယ်​ ပြီးတဲ့ ​နောက်​မှာ​တော့ တရားဝင်​ အကြင်​လင်​မယား ..အယ်​.. တစ်​ဦး ကို တစ်​ဦး တရားဝင်​ ပိုင်​ဆိုင်​​ သွားပြီ ဖြစ်​ပါတယ်​.. မင်္ဂလာပွဲ တို့ရဲ့ ထုံးစံ အတိုင်း အဆုံးသတ်​မှာ အကြင်​နာ အနမ်း​လေး ​ပေးကာ .. ​အောင်​​အောင်​မြင်​မြင်​ ပဲ ပြီးစီး သွား ခဲ့ပါတယ်​..ပွဲလာ ပရိသတ်​ ရဲ့ လက်​ခုပ်​သံ များက church ​ကျောင်း တစ်​ခုလုံး ညံသွား ပါတယ်​..

သူတို့ ရဲ့ သူငယ်​ချင်း ​တွေပဲ ပါဝင်​တဲ့ မိသားစု party ​လေးကို ​တော့ .. SeHun တို့ အိမ်​မှာပဲ ဆက်​လက်​ ကျင်းပ ကြပါတယ်​..

" congratulations LuLu.."

BaekHyun တ​ယောက်​ သူ့ရဲ့ အသစ်​ စက်​စက်​ ​ယောက်​ဖ ​လေးကို လာ ဂုဏ်​ပြု ပါတယ်​..

" Gomawoe Hyung.. Omo.. Hanni ah.. omma mianhae.. သမီး​လေး ကို ပစ်​ထား သလို ဖြစ်​သွားတယ်​.. လာပါဦး "

BaekHyun ကို ​ကျေးဇူး တင်​စကား ​ပြောပြီး BaekHyun လက်​ထဲက သူ့ သမီး Hanni ​လေးကို ​ပြောင်းယူ ကာ ချီလိုက်​ပါတယ်​.. သူတို့ မင်္ဂလာ ကိစ္စ နဲ့ ရှုပ်​​နေတာမို့ Baek ထိန်း​ပေးထား တာပါ..

BaekHyun က​တော့ ပြုံးရင်းသာ..ChanYeol တို့ အုပ်​စုနဲ့ စကား ​ပြော​နေ​သော SeHun ကို တချက်​ လှမ်း ကြည့်​ လိုက်​ပြီး..

" LuHan ah.. ဖြစ်​ခဲ့တဲ့ ကိစ္စ ​တွေ အတွက်​ အကို ဖြစ်​တဲ့ hyung က ထပ်​ပြီး ​တောင်းပန်​ပါတယ်​.. SeHun လည်း ​နောင်​တရ သွား​လောက်​ပါ ပြီ.. မင်းတို့ မိသားစု ​လေး ​ပျော်​​ပျော်​ရွှင်​ရွှင်​ ဖြတ်​သန်း ကြပါ လို့ hyung မှာချင်​တယ်​.. "

Luhan ပြုံးရင်း Hanni ​လေးရဲ့ ပါးကို တချက်​နမ်း လိုက်​တယ်​..

" ​ကျေးဇူး တင်​ပါတယ်​ hyung.. အခုဆို ​ဟောဒီက ချစ်​စရာ ​ကောင်းတဲ့ သမီး​လေး လည်း ရှိ​နေ​တော့ ..သူ ​နောက်​ထပ်​ မလုပ်​ ​တော့ပါဘူး.."

Babies Daddy (2016)Dove le storie prendono vita. Scoprilo ora