You Are My Everything ~ 40

8.7K 503 31
                                    


Chen တ​ယောက်​ ခန်းမထဲ ဟိုဘက်​​လျှောက်​လိုက်​ ဒီဘက်​​လျှောက်​လိုက်​နဲ့ စိတ်​​တွေ ဂနာမငြိမ်​ဖြစ်​​နေရသည်​.. အ​ကြောင်းက​တော့ MinSeok ပင်​.. မင်္ဂလာပွဲစ​တော့မည်​ MinSeok ကိုဘယ်​​နေရာမှာမှရှာလို့မရ​သေး.. MinSeok ​ပျောက်​​နေသည်​.. Chen ​တွေးကာစိတ်​ပူ​နေသည်​က MinSeok များ သူ့ကိုလက်​မထပ်​ချင်​လို့ ထွက်​​ပြေးသွား​လေသလားလို့ပင်​..

ထိုအချိန်​ အနားကို က​လေးချီရင်း​ရောက်​လာ​သော ChanYeol က..

" Chen ah.. မင်းရဲ့သတို့သား​လောင်း​ရော? " ဆို​တော့..

ငိုချင်​သည့်​အသံနှင့်​ပင်​ ပြန်​​ဖြေလိုက်​ရသည်​..

" ငါလည်းမသိဘူး "

အဲ့​တော့ ChanYeol လည်း အ​နောက်​ကပါလာသည့်​ LuHan နဲ့ SuHo ဘက်​လှည့်​ကာ ​မေးပြန်​သည်​..

" LuLu ..မင်းတို့ကို​ရော.. MinSeok hyung ဘာ​ပြောသွား​သေးလဲ?"

" hyung က​တော့ သူ့ကိုအချိန်​ ခဏ​ပေးပါတဲ့.. စိတ်​​တွေလှုပ်​ရှား​နေလို့ထင်​တယ်​.. အဲ့ဒါသူ့ကို အခန်းထဲမှာပဲထားခဲ့တယ်​ "

" ဟင်​.. Minnie ဘယ်​မှာလဲ? သူဘယ်​​ရောက်​​နေတာလဲ?"

Chen ငိုချင်​​နေပါပြီ.. ပွဲကိုလာတဲ့ ဧည့်​သည်​​တွေကလည်း တီးတိုးတီးတိုး​ပြော​နေကြပြီ​လေ..

" မင်း..သူ့ကိုများ တခြားမဟုတ်​တာ​တွေ ​ပြောလိုက်​​သေးလား Chen? "

ဘေးမှာလာရပ်​တဲ့ Kris ကပါ​မေး​တော့.. Chen ​ခေါင်းခါပြလိုက်​သည်​.. သူကဘာမဟုတ်​တာကို ​ပြောရဦးမှာလဲ..မင်္ဂလာပွဲအတွက်​ ဒီ​လောက်​အာရုံစိုက်​​နေရတာကို..

" ငါဘာမှ မ​ပြောပါဘူးကွာ.. ငါ​ပြောတာက..ငါသူ့ကိုအရမ်းချစ်​တယ်​နဲ့ ဒီပွဲအတွက်​ အရမ်းရင်​ခုန်​​နေတယ်​ ဆိုတာ​လေးပဲ​ပြောတာပါကွာ .."

Chen ​ပြောရင်း သူ့ဖုန်းကိုထပ်​ထုတ်​ကာကြည့်​လိုက်​သည်​.. ဘာ msg မှာ ​ရောက်​မ​နေ..

" Chen hyung.. MinSeok hyung ရဲ့ဖုန်းက ကျ​နော့်​ဆီမှာ ..ကြည့်​မ​နေနဲ့​တော့ "

LuLu က သူ့လက်​ထဲက MinSeok ရဲ့ဖုန်း​လေးကို​ထောင်​ပြသည်​..

" huhh.. မင်းဘယ်​မှာလဲကွာ.. MinSeok ah.."

Babies Daddy (2016)Wo Geschichten leben. Entdecke jetzt