You Are My Everything ~32

9.6K 655 12
                                    

Luhan တ​ရေးနိုး ထလာ​တော့ သမီး​လေး ကို အရမ်း​တွေ့ချင်​ ​နေတာ ​ကြောင့်​ .. Hanni ​လေးကိုထားတဲ့ အခန်းဆီကို ​ဖြေး​ဖြေး ချင်း​လျှောက်​လာ ခဲ့ပါတယ်​.. အခုဆို Hanni ​လေးလည်း စိုးရိမ်​ရတဲ့ အ​ခြေအ​နေ က​နေ ​ကျော်​လွန်​ ခဲ့ပါပြီ.. တခြား ကျန်းမာ တဲ့ က​လေး​တွေ နဲ့ အတူ ​ရောထားလို့ ရတဲ့ အ​နေအထား မို့ Luhan စိတ်​ချမ်းသာ ရပါတယ်​..

Hanni ​လေးရှိရာ အခန်းဆီ ​ရောက်​​တော့ Lu သမီး​လေး ကိုကြည့်​ရင်း အလိုလို ပြုံး​နေမိတယ်​..ပန်း​ရောင်​ ​စောင်​​လေး ထဲမှာ မြုပ်​​နေတဲ့ သူ့ရဲ့ သမီး​လေး က အရမ်း ချစ်​ဖို့​ကောင်းတယ်​ ​လေ..

သူ အခန်း​စောင့်​တဲ့ nurse ကို သွားကာ က​လေးကို ချီချင်​​ကြောင်း ခွင့်​​တောင်း ​တော့ nurse က ပြုံးပြကာ သူ့အခန်းထဲက​နေ သွား​စောင့်​​နေဖို့ .. သူမ က​လေးကို Luhan အခန်းဆီ ​ခေါ်လာ​ပေး မည်​ဖြစ်​​ကြောင်း ပြန်​​ပြောလိုက်​ပါတယ်​.. Lu လည်း ​ခေါင်းညိတ်​ပြ ရင်း အခန်းဆီပဲ ပြန်​လာ ခဲ့ပါတယ်​..

သူ့ အခန်းဆီ သွားတဲ့ လမ်းမှာ ကြည်​နူးစရာ မြင်​ကွင်း ​လေးကို ​တွေ့လိုက်​ရပါတယ်​.. ချစ်​စရာ ​ကောင်းတဲ့ စုံတွဲ​လေး​ပေါ့.. အ​ဖေ လုပ်​သူ ​ကောင်​​လေးက ငို​နေတဲ့ သူတို့ က​လေး​လေး ကို ချီထားရင်း အငိုတိတ်​​အောင်​ ​ချော့​နေတယ်​.. အ​မေ ဖြစ်​သူ ​ကောင်​မ​လေး က​တော့ ​ဘေးက​နေ က​လေး​လေး ရဲ့ ဆံပင်​​လေး ​တွေကို ပွတ်​​ပေးရင်း .. က​လေး အ​ကြောက်​​ပြေ ​အောင်​ နှစ်​သိမ့်​ ​နေပါတယ်​.. က​လေး​လေး က ဖျား​နေတယ်​ ထင်​ပါတယ်​.. မျက်​နှာ​လေးက နီရဲ ကာ အရမ်းငို ​နေတယ်​.. အ​ဖေကို အားကိုးတကြီး ဖက်​ထား လိုက်​တာများ.. Lu ကြည့်​ရင်း ပြုံးမိပါတယ်​..

Lu အခန်းထဲ ​ရောက်​​တော့..ကုတင်​​ပေါ်မှာ အသာလှဲ လိုက်​တယ်​.. ရုတ်​တရက် အ​တွေး ​တွေက Sehun ဆီကို ​ရောက်​သွားတယ်​.. Sehun နဲ့ Sara တို့ ကိစ္စ ကို သူ BaekHyun ပြန်​​ပြော လို့ သိပြီးပါပြီ.. အဲ့ဒီ အတွက်​လည်း သူ စိတ်​မ​ကောင်းပါဘူး.. Sehun က သူ့ထက်​ပို​ကောင်း တယ်​ ထင်​တဲ့ သူမကို ​ရွေးချယ်​ ခဲ့တာမဟုတ်​လား.. Sehun ဘယ်​​လောက်​ ခံစား ​နေရမလဲ သူ ​တွေးကြည့်​လို့ ရပါတယ်​.. သူ့ အတွက်​ ​တော့ ဝမ်းသာစရာ ဆို​ပေမဲ့ Sehun ခံစား ​နေရတာ ကို ​တော့ သူ မကြည့်​ရက်​ပါဘူး.. Lu ​တွေးရင်း မျက်​ရည်​ ကျရပြန်​တယ်​..

Babies Daddy (2016)Tempat cerita menjadi hidup. Temukan sekarang