You Are My Everything ~26

9.4K 672 57
                                    


" ဝေါ့..အော့.. "

" Kyungie ah.. Gwanchana? "

JongIn စိုးရိမ် တကြီး နဲ့ မေးနေတဲ့ အတွက် KyungSoo ခေါင်းသာ ညိတ်ပြလိုက်ပေမဲ့ အန်နေတာ ရပ်မသွားပါ..နည်းနည်း လောက် ကြာမှ ပြီးသွားပြီး..သန့်ရှင်း ကာ KyungSoo ထွက်လာတယ်..

" Aishh.. ငါ အဲ့ဒီ morning sickness ကြီးကို အရမ်း မုန်းတာပဲ "

KyungSoo က တရားခံ JongIn ကို မျက်စောင်း ထိုးလိုက်ကာ ပြောတော့.. JongIn လည်း သူ့ ယောက်ျား ​ဒေါသ ပြေစေလို ငြား.. အနားကို လာကာ ဖက်တယ်..

" Kyungie ah..babe ကလည်း..နောက်ထပ် ၈လ လောက်နေရင် babe JongIn လေးက လူ့လောက ထဲရောက်လာ တော့မှာလေကွာ.. ကိုယ်တို့ ၂ယောက် ဒီ ကိစ္စ ကို သဘောတူ ထားပြီးသား ပဲ ဟာကို.. JongSoo လေး ကလည်း သူ့ Dongsaeng လေး ရောက်လာတော့ မှာကို သိရတုန်းက ဘယ်လောက် တောင် ပျော်နေသလဲ ဆိုတာ babe လည်း အသိပဲဟာ.."

JongIn က KyungSoo စိတ်ပြေ စေရန် ပါးကို နမ်းကာ နမ်းကာ နဲ့ ချော့နေတယ်..

" ဟုတ်ပါတယ်.. ငါကလည်း ဘာပြောလို့လဲ..မွေးလာမယ့် ကလေး ကို မုန်းတယ် လို့ပြောတာ မှ မဟုတ်တာ.. အဲ့လို မွေးလာဖို့ အတွက် ဖြစ်လာတဲ့ အကျိုးဆက် တွေကို မုန်းတယ် လို့ပြောတာ ကို.. ဟွန့် "

KyungSoo ပြောပြီး JongIn ဖက်ထားတာ ကို ရုန်းကာ ကုတင် ပေါ် မှာ သွားထိုင်တယ်.. ပြီးတော့ ဖုန်းလေးကို တချက် ကြည့်လိုက် တယ်..

JongIn လည်း KyungSoo ထိုင်နေရာ ကုတင် ဘေးမှာ ဝင်ထိုင် လိုက်တော့ KyungSoo က ထသွားကာ ဘီရို ထဲက အဝါရောင် တီရှပ် တထည် နဲ့ အနက်ရောင် jean တထည် ကို ထုတ်ပြီး ကုတင် ပေါ် တင်ပေးလိုက်ပါတယ်.. JongIn ကို လုံးဝ လှည့်မကြည့် ပါ..

JongIn သက်ပြင်းချ ပြီး ဘယ်လို လုပ်ရင် ကောင်းမလဲ တွေး နေမိတယ်.. သူ လှည့်ကြည့် ပြန်တော့ KyungSoo က မရှိတော့ပါဘူး..

" မီးဖိုထဲ သွားပြီ ထင်တယ်.. ဟူး.. ဘယ်လို လုပ်ရမလဲ?"

မနက်တိုင်း သူတို့ ၂ယောက် ကတောက်ကဆ လေးတွေ ရှိပါတယ်.. KyungSoo မှာ နောက်ထပ် ကိုယ်ဝန် ရှိနေပြီ ဆိုတာ သိပြီးတဲ့ နောက်ပိုင်းပေါ့.. KyungSoo က ကိုယ်ဝန်ဆောင် တွေ ဖြစ်လေ့ ရှိတဲ့ အလေ့အထ တွေ ကို ကြိုက်ပုံ မရပါဘူး.. ခုလိုပဲ morning sickness တွေ ဖြစ်ပါ များ လားတော့ သူ စိတ်တို လာပုံပါ.. JongIn ကို အမြဲ ရန်လုပ်တယ်.. JongIn လည်း ကြိုးစား ပြီး ဖြောင်းဖြ ရတာ အမောပါ..

Babies Daddy (2016)Where stories live. Discover now