Sehun သူ့ဖုန်း ကို စိတ်ပျက်လက်ပျက် နဲ့ ကြည့်လိုက်ပြီး သက်ပြင်းချ လိုက်တယ်.. Luhan သူ့ဆီကို ဘာ ကိစ္စ ဖုန်းဆက်ရတာလဲ.." tsk..ဒီကောင် က ဘာကိစ္စ ဖုန်းဆက်ရတာလဲ? တော်တော် စိတ်ရှုပ် စရာကောင်းတယ် " ဆိုကာ ဖုန်းကို မကိုင်ပဲ ထားလိုက်ပါတယ်..
မနက် ၄နာရီ ကြီးမှာ Luhan က ဘာကိစ္စ ဖုန်းခေါ် ရတာလဲ..သူ ဖုန်းမကိုင် လိုက်တာရော..မှန်ရဲ့လား.. အတွေး တွေနဲ့ Sehun ပြန် အိပ်မပျော် ပါ..
~~ urghh..မသိဘူးကွာ.. ခု ငါ့မှာ Sara ပဲရှိတယ်.. ~~
Sehun အိပ်ယာ ပေါ်ပြန်လှဲ လိုက်ကာ ဘေးမှာ အိပ်ပျော် နေတဲ့ သူမ မျက်နှာ ကို ပြုံးကာ ကြည့်လိုက်တယ်..
~~ ဟုတ်တယ်.. Sara သာလျှင် ငါ့ ဘဝပဲ..~~
တွေးရင်း Sehun သူမ ပါးပြင် ကို နမ်းလိုက်တယ်..
~~ ငါ မင်းကို မရွေး ခဲ့တဲ့ အတွက် နောင်တရ မှာ မဟုတ်ဘူး ~~
Sehun သူမ ကို ဆွဲဖက် လိုက်ပြီး မျက်လုံး များ ပြန်မှိတ် လိုက်ပါတော့တယ်..
" Saranghae Sara ah.."
++++++++++++++++++++++++++++++++
~~ Ring..Ring...~~
ဖုန်းသံ ထပ်မြည် လာတာ ကြောင့် Sehun အိပ်ပျော် နေရာ မှ နိုးလာ ပြန်ပါတယ်.. ပြီးတော့ စုပ်တချက် သပ်ရင်း သက်ပြင်း ပါချတယ်..ဘယ်သူ ကများ အစောကြီး ကို ဖုန်းဆက် ရတာလဲ ..ဖုန်းကို ယူ ကြည့်လိုက် ပြီး Luhan ဖုန်းနံပါတ် မှန်း သိတာနဲ့ ..
" tsk ဘာကိစ္စ လဲကွာ.." ဆိုကာ အသံ မာမာ နဲ့ ပြန်ထူး လိုက်ပါတယ်..
" hello..တောင်းပန်ပါတယ် ခင္မ်.. Luhan ဆိုတဲ့သူ ကို သိလား ခင္မ်.."
ဖုန်းထဲက လူက Luhan မဟုတ်ပဲ တခြား ယောက်ျား အသံ ဖြစ်နေတာ ကြောင့် Sehun မျက်လုံး တွေ ကျယ်သွားတယ်..
" မသိဘူး.. ခင်များ ဖုန်း မှားနေပြီ "
ပြန်ဖြေပြီး ဖုန်းချ မယ် လုပ် ပေမဲ့..
" အော်.. စိတ်မရှိ ပါနဲ့ နော်.. ခင်များ ရဲ့ ဖုန်းနံပါတ် က သူ နောက်ဆုံး ခေါ်ထား တဲ့ နံပါတ် ဖြစ်နေလို့ ဆက်ကြည့်တာ ပါ.."
တဖက်လူ က ပြန်ပြော လာတော့ Sehun စိတ်တွေ မရှည် ဖြစ်လာတယ်.. Luhan ကိုလည်း စိတ်ထဲ ကနေ အပြစ်တွေ တင်နေတယ်..
YOU ARE READING
Babies Daddy (2016)
FanfictionZawgyi Byun BaekHyun - KyungSoo ရဲ့တစ်ဦးတည်းသောသူငယ်ချင်း.. Wu company မှာအလုပ်လုပ်ပါတယ် Park ChanYeol - Park company ရဲ့ CEO ..Kris နဲ့ JongIn တို့ရဲ့သူငယ်ချင်း.. Do KyungSoo - BaekHyun ရဲ့အချစ်ဆုံးသူငယ်ချင်း.. မကြာခင်မှာ JongIn နဲ့လက်...