You Are My Everything ~29

9.8K 695 22
                                    


Suho ..Luhan ကိုထားတဲ့ လူနာ အခန်းထဲ ဝင်လာတော့ Sehun ကိုကုတင်ဘေးမှာ တွေ့လိုက်ရတယ်.. Luhan ရဲ့ လက်လေးကို ဆုပ်ကိုင်ထားရင်း .. Luhan မျက်နှာလေးကို ကြည့်နေတယ်လေ.. BaekHyun ကတော့ ဘယ်သွားနေလဲ မသိ.. အခန်းထဲမှာ မရှိပါဘူး..

" Sehun ah.. မင်း အဆင်​​ပြေ ရဲ့လား?" Sehun ရဲ့ ခေါင်းကို အသာ ပွတ်ရင်း မေးလိုက်တော့..မျက်​ရည်​ အဝဲသားနဲ့ မော့ကြည့်လာတယ်..

" hyung..  သူ.. သူ ​ဆေးရုံ လာမပြတာ ဘယ်နှကြိမ် ရှိပြီလဲဟင်?"

Suho လည်း Luhan ရဲ့ ကုတင်ပေါ် မှာ အသာဝင်ထိုင် လိုက်ပြီး.. Luhan ရဲ့ မျက်နှာလေးကို ကြည့်ကာ..

" သူ check up မလာတာ ၃.. ၄ကြိမ် လောက်ရှိပြီ.. ဘာတွေများ လုပ်နေခဲ့ လို့ ဒီလောက်တောင် အားမရှိတဲ့ လူလို ဖြစ်နေခဲ့ရ တာလဲ မသိဘူး.. ကြည့်ပါဦး..လူက ဖြူဖျော့နေ တာတောင် သူ့ သမီး​လေး ကို ​နောက်​ဆုံး အချိန်အထိ ကြိုးစား မွေးနိုင်ခဲ့တယ်.. တကယ် တော်ပါတယ် Luhan.."

Suho ပြောရင်း Luhan ရဲ့ မျက်​လုံး ပေါ်မှာ ကျနေတဲ့ ဆံပင်လေးတွေကို သပ်ပေးလိုက်တယ်..

" အားလုံး ကျနော့် အပြစ် တွေပါ.. ကျနော့် ကြောင့် သူ.." Sehun ပြောလည်း ပြော.. Luhan ရဲ့လက်ကိုလည်း မလွှတ်တမ်း ဆုပ်ထားကာ အနမ်းတွေ ပေးနေမိတယ်..

" Sehun ah.. ပြီးတာတွေလည်း ပြီးပြီ ပဲ ..ကိုယ့်​ကိုယ်​ကို အဲ့လောက် အပြစ်​ တင်မနေ ပါနဲ့တော့.."

Suho ကတော့ အတတ်နိုင်ဆုံး ဖြစ်သင့်တာ ကို ဖျောင်းဖျ လိုက်ပါတယ်..

" ကျနော်.." Sehun စကား မဆုံးသေးခင်မှာပဲ..

" Sehun.. " BaekHyun ဝင်လာပါတယ် .. ChanBaek လေးကို တဖက်ကချီထား ပြီး နောက် တဖက် ကတော့ စားစရာ အထုပ်တွေ ကိုင်ထားတယ်..

Sehun က BaekHyun ပြောတာကို မကြားချင် ယောင်ဆောင် ပြီး Luhan ကိုသာ ကြည့်ရင်း ငိုနေပါတယ်..

" Sehun .. မင်း အိမ်ပြန် သင့်တယ် လို့ ငါထင်တယ်.. အခုချိန်မှာ မင်း ပျောက်နေရင် ..မင်းရဲ့ သတို့သမီးလောင်း က စိတ်ပူနေ လိမ့်မယ်.. အိမ်ပြန် ပြီး အနားယူ လိုက်ပါ.. မင်းရဲ့ မင်္ဂလာဆောင်က လာမယ့် Saturday မလား.. သိပ်မလိုဘူး.. မင်း ပြန်လိုက်တာ အကောင်းဆုံး ပဲ "

Babies Daddy (2016)Where stories live. Discover now