" LuHan ah~~"အခန်း ပေါက်ဝမှာ Hanni လေးကို ချီထား တဲ့ Luhan ကိုလည်း တွေ့ရော.. BaekHyun တို့ ထသွားတယ်..
" hyung အပြင်ကပဲ စောင့်မယ် နော် "
Luhan က သမီးလေး ကို Baek လက်ထဲ ထည့်ပေး လိုက်ပါတယ်.. ChanYeol ကတော့ ChanBaek လေးကို ချီထားပါတယ်.. BaekHyun ပြုံးရင်း Hanni လေးကို အသာချီပြီး Luhan ကို ခေါင်းညိတ် ပြသွားပါတယ်..
BaekHyun တို့ အပြင်ရောက် သွားတော့ Luhan တလှမ်းချင်း Sehun ကုတင်ဆီကို လျှောက်သွားတယ်.. သူတို့ မတွေ့ ရတာ ဘယ်လောက်တောင် ရှိနေပြီလဲ? တွေ့မယ့် တွေ့တော့လည်း ..ဒီလို ပုံစံ မျိုး နဲ့လား..သူ ဘယ်လောက် တောင် ငိုခဲ့ရ သလဲ? ငိုရ လွန်းလို့ မျက်လုံး တွေလည်း မို့အစ် နေပြီလေ..
Sehun ကုတင်ဘေးမှာ ရပ်ရင်း..
" ဘာလို့ ဒီလို လုပ်ရတာလဲ?" အသက်မပါ သလို လေသံ မျိုးနဲ့ Luhan မေးလိုက်တော့..
" ကိုယ်..ကိုယ်.."
* ခွပ် *
Sehun လည်သွားတဲ့ သူ့ မျက်နှာ ကို ပြန်လှည့်ရင်း သူ့ပါးကို ကိုင်ကာ Luhan ကို ကြည့်မိတယ်.. Luhan သည်လည်း Sehun ကို ထိုးပြီးမှာပဲ မျက်ရည် တွေကျလာ ပြီး..
" WAE?? မင်းရဲ့ ကိုယ်ဝန် ကို လွယ်ထားရတဲ့ငါ.. မွေးခါနီး လူတယောက်ကို ဘာမဟုတ်တဲ့ မိန်းမ တယောက် အတွက်နဲ့ ရက်ရက်စက်စက် စွန့်ပစ်ခဲ့တယ်.. အခု အဲ့ဒီ မိန်းမ က မင်းကို စွန့် ပစ် သွားတော့ မင်းက ကိုယ့်ကိုယ်ကို သေကြောင်းကြံတယ်..မင်း မလွန်လွန်းဘူး လား ကွာ..ဟမ်?
မင်း စွန့်ပစ် လိုက်တဲ့ငါ.. ဘယ်လောက် နာကျင် ခံစား ခဲ့ရ သလဲ မင်း သိလား?
ယောက်ျားလေး ဖြစ်ပြီး ကိုယ်ဝန်ဆောင် ထားရတဲ့ ငါ့ကို ဝိုင်းကြည့်ကြတဲ့ အထင်သေးတဲ့ မျက်လုံး တွေကို..မင်း မြင်ဖူးလား?
လူတွေရဲ့ အထင်သေးမှု တွေကြောင့် ဘာအလုပ်မှ မရခဲ့တာ ရော သိလား?
ည အေးအေး ချမ်းချမ်း မှာ တညလုံး အပြင်မှာ အလုပ်လုပ်ရတဲ့ ကိုယ်ဝန်ဆောင်သည် ရဲ့ ခံစားချက် ကို ရော? မင်းသိလား?
အိမ်ပြန်ရင် အန္တရာယ် ပေါင်းစုံ ကို ကြောက်နေရတဲ့ ဒုက္ခ.. ကိုယ့် ကလေး တခုခု မဖြစ်အောင် ကာကွယ် ရတဲ့ ဒုက္ခ.. ကိုယ့် ကလေး အတွက် တွေးပြီး ရင်ပူနေရတဲ့ ဒုက္ခ တွေကို မင်း ခံစား ဖူးလား?
ငါ့ကို အမူးသမား ဓားနဲ့ ထိုးလိုက်တုန်း က နာကျင် ရတယ်..ငါ့ ကလေး တခုခု ဖြစ် သွားမလား ဆိုပြီး စိုးရိမ် ပြီး နာကျင် ရတာ..မင်းကပါ ငါ့ဖုန်းကို မကိုင်တော့..ငါ ပို နာကျင် ရတယ် သိလား Sehun?
ပြီးတော့.. ပြီးတော့ မွေးလာ ကတည်းက သူများ ကလေးတွေ နဲ့မတူပဲ ..ခက်ခက်ခဲခဲ အသက်ရှင် နေရတဲ့ သမီးလေး ကို ကြည့်ပြီး နာကျင် ရတဲ့ ခံစား ချက်မျိုး မင်း ခံစား ဖူးလား?
မင်း မခံစား ဖူးပါဘူး.. သိမှာလည်း မဟုတ်ပါဘူး.. မင်းက အစ ကတည်းက ငါ့ကို ချစ်ခဲ့တာ မှ မဟုတ်ပဲ.. အဲ့ဒါက ငါ့ ဘဝမှာ အနာကျင် ရဆုံးပဲ SeHun မင်းသိလား??? "
VOCÊ ESTÁ LENDO
Babies Daddy (2016)
FanficZawgyi Byun BaekHyun - KyungSoo ရဲ့တစ်ဦးတည်းသောသူငယ်ချင်း.. Wu company မှာအလုပ်လုပ်ပါတယ် Park ChanYeol - Park company ရဲ့ CEO ..Kris နဲ့ JongIn တို့ရဲ့သူငယ်ချင်း.. Do KyungSoo - BaekHyun ရဲ့အချစ်ဆုံးသူငယ်ချင်း.. မကြာခင်မှာ JongIn နဲ့လက်...