You Are My Everything ~24

9.5K 689 37
                                    


" mianhae babe ah.. omma ဒီထက် ပို ကြိုးစား ပါ့မယ်.. အလုပ်လေး တော့ ရှိနေမှ ဖြစ်မယ် မဟုတ်လား? ခဏပဲ သည်းခံ ပါနော် " LuHan သူ့ ဗိုက်ကို ပွတ်ကာ ပြောလိုက်ပါတယ်.. သူ MinSeok အိမ်ကို ရောက်တော့ MinSeok က သူ့ကို လိုလေသေး မရှိထားပါတယ်.. ဒါပေမဲ့ သူ အားနာပါတယ်.. ပြီးတော့ က​လေး​လေး မွေးလာရင်လည်း ကျွေးဖို့ မွေးဖို့က ရှိသေးတယ် မလား.. အဲ့ဒီ အတွက် သူ အလုပ်တစ်ခု လောက်တော့ ဖြစ် အောင် ရှာမယ် ဆုံးဖြတ်​ ပြီး တဆိုင် ဝင် တစ်ဆိုင်ထွက် အလုပ်ရှာပါတယ်..

နေ ကလည်း ဒီနေ့မှ တော်တော် ပူနေတယ်.. ပုံမှန် ဆို သူ့ကို အလုပ်ခန့် ကြမှာ ဖြစ်ပေမယ့်.. သူ့မှာ ဗိုက်ကြီး နေတာကြောင့် ဘယ်ဆိုင် ကမှ လက်မခံ ပေ.. အဲ့ဒါကြောင့် လည်း နေပူကြီးထဲ မပင်ပန်း နိုင်ပဲ အလုပ် လိုက်ရှာ နေရတာ ပါ..

" ကလေးရယ်.. မင်းလေး ရဲ့ appa ကို သတိရ လိုက်တာကွာ.. သူအခု ဘာတွေ များ လုပ်နေ မလဲ ဟင်​.. omma ကိုရော သတိရ နေမှာလား.. ဟူး.. " LuHan တယောက်ထဲ ပြောပြီး ပြုံးလိုက်တယ်..

" hk.. သေချာ တာပေါ့..ဘယ် သတိရ မှာလဲ..စိတ်​ချပါ ကလေးကို omma တယောက်ထဲ မွေးပြီး လူတော် လူကောင်းလေး ဖြစ်အောင် ပြုစု ပျိုး​ထောင်​ ပေးပါ့မယ် လို့ .." ဗိုက်ထဲက က​လေး​လေး ကို တိုင်တည် ကာ ပြောလိုက်ပြီး နောက်ထပ် တစ်ဆိုင် ဆီ ချီတက်ခဲ့ပါတော့တယ်..

" sorry ပါကွယ်.. အန်တီ တို့ဆိုင်က ကိုယ်ဝန်ဆောင် သည်တွေကို အလုပ် ပေးလို့ မဖြစ်ဘူး ကွယ့်.. " ထို ဆိုင်​ရှင်​ အန်တီက ချိုသာ စွာ ပြောတော့ LuHan ရိုသေ စွာပဲ ပြန်ပြုံး လိုက်ကာ..

" nae.. ရပါတယ်​ ခမျ.. အ​နှောင့်​အယှက်​ ဖြစ်သွား ရင် တောင်းပန်ပါတယ် နော် " ပြောပြီး ပြန်ထွက် လာခဲ့ပါတယ်.. ​နောက်​ဆုံး သူ့ ရောက်သွားတာက ဓာတ်ဆီဆိုင် တစ်ဆိုင် ဖြစ်နေပါတယ်..

" Annyeonghaseyo..ကျနော် ဒီမှာ အလုပ်လေး ရနိုင်မလား ခမျ.." သူ ကောင်တာထဲက လူကြီး ကို ပြုံးကာ နှုတ်ဆက် လိုက်တယ်..

" ohh.. Annyeonghaseyo ရပါတယ်​..ဒီမှာ form ဖြည့်ပါ.. ဒါနဲ့ စိတ်မရှိနဲ့နော်.. လူလေးက ကိုယ်ဝန်ကြီး နဲ့လား? " ထို မေးခွန်း ကိုကြားတော့ ဘောပင် ကိုင်လိုက်တဲ့ LuHan လက်တွေ ရပ် သွားတယ်.. ပြီးတော့ ထို လူကြီးကို အသနားခံ သလို ကြည့်လိုက်ကာ..

Babies Daddy (2016)Where stories live. Discover now