" Sehun.. Luhan ရော?" သူ့ မေးခွန်း ကို မကြား ချင်ယောင်ဆောင် နေတဲ့ Sehun ကို Baek ထပ်မေး လိုက်ပါတယ်..Sehun တယောက် ဘယ်လို ဖြေရမလဲ မသိ..မျက်နှာ ပျက်သွားတယ်.. သူ ဒီ အချိန်မှာ Hyung ကို အမှန်အတိုင်း ပြောလို့ မဖြစ်သေး ဘူးလေ..
" ရှိ..ရှိပါတယ် hyung ရဲ့.. နည်းနည်း နေလို့ မကောင်း ဘူးဆိုလို့ အိမ်မှာ နေခဲ့တာ.."
" aww.. hyung က မင်းနဲ့ ပါလာမယ် ထင်လို့.. ChanBaek လေးကိုလည်း တွေ့ချင် နေမှာ ပဲလို့ တွေးနေတာ.. " Baek ကတော့ Sehun စကား ကို ယုံသွား ကာ သူ့ အတွေးကို သူ ပြောနေတယ်..
" အာ.. ဒါနဲ့ ကျနော် မေ့နေတာ ..ဒီနေ့ appa ပြန်လာမယ် လို့ပြောတယ်.. " Sehun စကား လမ်းကြောင်း လွှဲလိုက်တယ်..
" အင်း.. hyung သိပြီးပြီ..ခုနကတင်ပဲ လာသွားတယ်.. "
~~ ဘယ်လို လုပ်ရမလဲ.. ငါ ခုနေ hyung ကို ဖွင့်ပြော လိုက်ရင် ငါ့ကို ဒေါသ ထွက်မယ် ထင်တယ်.. သတ်တောင် သတ်ပစ် မလား မသိဘူး.. ဘာလုပ် ရမလဲ ကွာ..အား..~~
ရုတ်တရက် Sehun ငြိမ် သွားတော့ Baek သတိထား မိကာ..
" Sehun? ဘာဖြစ် နေတာလဲ? နေမကောင်း ဘူးလား?"
" ဟင်.. မဟုတ် ပါဘူး hyung ရဲ့.. ကောင်းပါတယ်.. hyung.. ကျနော် toilet ခဏသွားလိုက် ဦးမယ်နော်.."
Sehun ထွက်သွားတော့ Baek အူကြောင်ကြောင် လိုက်ကြည့်ကာ ခေါင်းရမ်း လိုက်ပါတယ်.. ဒီနေ့ Sehun ထူးဆန်း နေတယ် လေ..
" BaekHyun ah..ChanBaek လေးအိပ် ချင်နေပီ.. သူ့ကို သိပ်လိုက်ပါဦး.." Sehun ကို လိုက်ကြည့်နေတာ နဲ့ ရင်ခွင် ထဲက သားသားလေး အိပ်ပျော်နေတာ ကို သတိမထား မိဘူး.. KyungSoo ပြောမှ ကြည့်မိကာ ..
" ဟုတ်ပါရဲ့.. Kyungie ah.. တချက်လောက်..ပုခက်လေးထဲ ထည့်ပေးပါ ဦးကွာ.." ဆိုပြီး ကလေး ကို လက်လွှဲ ပေးလိုက်တယ်..
KyungSoo ကလည်း ChanBaek လေးကို တယုတယ နဲ့ ချီကာ ပုခက်လေး ထဲ ထည့်ပေး လိုက်ပါတယ်..
" Kris..အခန်းမှာ ပြန်နား ရအောင်..မင်းလည်း နေကောင်း သေးတာ မဟုတ်ဘူး လေ.." SuHo က Kris ကို စိုးရိမ် စွာနဲ့ သတိပေး လိုက်တယ်..
" ဟင်း.... ကိုယ် က ဒီကောင် တွေနဲ့ စကား ပြောချင်သေးတာ ကို.." ကလေးကြီး ကဲ့သို့ နှုတ်ခမ်း ဆူကာ ပြန် ဂျီကျ သော Kris..
STAI LEGGENDO
Babies Daddy (2016)
FanfictionZawgyi Byun BaekHyun - KyungSoo ရဲ့တစ်ဦးတည်းသောသူငယ်ချင်း.. Wu company မှာအလုပ်လုပ်ပါတယ် Park ChanYeol - Park company ရဲ့ CEO ..Kris နဲ့ JongIn တို့ရဲ့သူငယ်ချင်း.. Do KyungSoo - BaekHyun ရဲ့အချစ်ဆုံးသူငယ်ချင်း.. မကြာခင်မှာ JongIn နဲ့လက်...