အခန်း(၈)

102 8 5
                                    

ဒီစာအုပ်ထဲမှာ ကျွန်တော်ကနှင်းဝင့်ရည်ကို အတော်လေးချစ်ပြထားခဲ့တယ်။
ဆိုတော့ သူမေးတာက
"ကောင်လေးမှာ ထပ်ချစ်ဖို့နှလုံးသားရော ရှိသေးရဲ့လားတဲ့။စာရေးဆရာတွေဟာ စိတ်ကစားတတ်ကြတယ်။"
်တဲ့။ ပြောရရင် သူမယုံကြည်ဘူးပေါ့။

ကျွန်တော် သူ့ကိုတော့ ပြောပြလိုက်တယ်။
ကျွန်တော်မငယ်တော့ပါဘူး။စိတ်လည်းမကစားတတ်ပါဘူး။သူကို ကျွန်တော် သာမန်လူတစ်ယောက်အနေနဲ့ပဲ ကျွန်တော်ကို မြင်ကြည့်ပေးဖို့ ကျွန်တော်တောင်းဆိုလိုက်တယ်။ကျွန်တော်ကို ကျွန်တော်ရဲ့စာတွေနဲ့ တွဲပြီးမမြင်စေချင်ဘူး။

ခက်တာက ဒီလူကိုကြည့်မှတော့ ဒီလူရဲ့နောက်ကသမိုင်းကလည်း ပါလာမှာပဲလေ။

သူ့ကလည်း ပြောပါတယ်။ကျွန်တော်အနေနဲ့ သူကိုနားလည်ပေးသင့်တယ်တဲ့။stwsကို အရမ်းကြွေပြီးတော့ stwsအကြောင်း စာအုပ်ရေးခဲ့တာတွေကို လည်းသူဖတ်ခဲ့ရတယ်။stwsရဲ့ပုံကိုလည်း သူ့တွေ့ဖူးတယ်။တစ်ခြားတစ်ယောက်ကို အဲဒီလိုကြွေနေရဲ့သားနဲ့...သူကိုချစ်တယ်လို့ လာပြောတဲ့အခါ သူ့စိတ်ထဲမှာ သေချာပေါ်က် ဇဝေဇဝါဖြစ်နေတော့မှာပေါ့လေ။ဒါကြောင့်မို့လည်း ယုံကြည်ချင်ပါသည်..သို့သော်ဆိုတာမျိုး သူရေးခဲ့တာပေါ့။
ဒါပေမယ့် သူ့ ကျွန်တော်အပေါ်မှာ အတော်ကြီးနားလည်တယ်။ကျွန်တော်ရဲ့ စိတ်ကူးယဉ်မှုကို သူခွင့်လွှတ်နိုင်တယ်။ကျွန်တော်အနေနဲ့က stwsဆိုတာ မင်းသမီးပဲထားပါတော့။ကျွန်တော်က အဲဒီမင်းသမီးကို ကြိုက်တဲ့ပရိတ်သတ်။ဒီထက် ကျွန်တော်တို့ ပိုပတ်သတ်စရာ မရှိပါဘူး။တွေ့ဆုံကြမှာလည်း မဟုတ်ပါဘူး။ကျွန်တော်သူ့ကို အသေအချာရှင်းပြခဲ့ပါတယ်။

ဒါကို သူအတော်ကလေး ခံစားထားပုံရတယ်။ကျွန်တော်က အသေအချာရှင်းပြတော့ စာရေးဆရာက စကားတတ်တယ်လုပ်လာပြန်ရော။အင်း...နောက်တစ်ခု ကျန်သေးတယ်။facebookပေါ်က မိန်ခလေးတိုင်းရဲ့ ဓာတ်ပုံတွေကို အသဲပုံ ပေးတဲ့ကိစ္စ။ ဒီကိစ္စကိုလည်း
သူအတော်ကလေး ဂရုတစိုက်ကြည့်ထားပုံရတယ်။ကျွန်တော်ကတော့ ကောင်မလေးတွေ ပျော်မယ်ထင်ပြီပေးလိုက်တာပဲလေ။ကောင်မလေးတွေအနေနဲ့
သူတို့တင်တဲ့ပုံမှာ likeကဘယ်လောက်၊အသဲပုံကဘယ်လောက် စသဖြင့်ရေတွတ်ကြည့်ပြီး ရင်ခုန်ကြတယ်မှတ်လား။သူတို့ပျော်ပါစေဆိုပြီး ပေးလိုက်တာပဲလေ။ဘာမှစိတ်ထဲသိပ်ထားတာမဟုတ်ဘူး။သူတို့အားလုံးကိုလည်း ကျွန်တော်လိုက်ကြိုက်လို့ရတာမဟုတ်ဘဲ။ဒါပေမယ့် သူက ကျွန်တော်အဖြေကို စောဒကတတ်တယ်။ဒီကိစ္စက စည်းထားသင့်တယ်တဲ့။
အဲဒါ ဘယ်လိုစည်းမျိုးလဲ?
ကျွန်တော်လည်း ပေါ့ပေါ့တန်တန်မတွေးတော့ဘဲ ခေါ်င်းညှိတ်ပြလိုက်တယ်။အဲလိုနဲ့ ကျွန်တော်တို့ကြားမှာ အလံဖြူထောင်ဖို့ အခြေအနေကောင်းလာခဲ့တယ်။ပြီးတော့ ဘာမကျေနပ်ချက်တွေ ရှိသေးသလဲလို့ သူကိုမေးလိုက်တယ်။မကျေနပ်ချက်တွေကအများကြီး ရှိသေးတယ်တဲ့။
ရှေ့ဆက် စောင့်ကြည့်ရဦးမယ်တဲ့လေ။ကဲ..သူ
အချစ်ကိုရဖို့ ကျွန်တော်ဘယ်လိုဆက်လက်ချီတတ်ရမလဲ။
သူယုံကြည်အောင် နေပြနိုင်ဖို့တစ်ခုပဲရှိပါတယ်။

---------&-
ကိုအသံကို ကြားရတော့လည်း ကျွန်မစိတ်တွေ ပြေလျော့သွားရပြန်တယ်။ ကျွန်မ ကို့ကို တောင်းပန်ခဲ့မိတယ်။ ကျွန်မ နောက်ဆို ကို့ကို စိတ်ရှုပ်အောင် မလုပ်တော့ပါဘူးလို့၊ ဒါပေမယ့်လည်း အဲဒီစကားက ကျွန်မပြောနေမိတာ ဘယ်နှခါမြောက် ရှိနေပြီမှန်းကို မသိဘူး။ ကို ကျွန်မကို ဒါတွေကြောင့် စိတ်ကုန်သွားမှာ ကျွန်မကြောက်တယ်။ ပြောရရင် အချိန်အတော်များများကြီးကို ကျွန်မနဲ့ကိုနဲ့ဟာ စကားများခဲ့ရပါတယ်။ ဘာတွေကြောင့်လည်းဆိုတာ ကျွန်မမစဉ်းတတ်အောင်ပါပဲ။ တစ်ခါတစ်လေကျ အဲလို အခြေအနေမှာ ကျွန်မစိတ်ကျွန်မ မထိန်းနိုင်တော့ပဲ ကို့ကို လမ်းခွဲဖို့စကားတွေတောင် ပြောခဲ့မိတယ်။
"ချစ် လိုချင်တဲ့ အနေအထားမှာ ကိုမနေပေးနိုင်ခဲ့တဲ့အတွက်၊ ကို စိတ်မကောင်းပါဘူး။ ချစ်ဆီက ယူထားတဲ့ပိုက်ဆံတွေကို ကိုအဆင်ပြေတဲ့နေ့ လာပေးလိုက်ပါ့မယ်။"
"အဲ့ဒီကိစ္စတွေခေါင်းထဲကိုမရှိတာပါ။ သူငယ်ချင်းအချင်းချင်း အကူအညီလိုအပ်ချိန်
မှာ ကူညီဖြေရှင်းပေးတယ်လို့ ပဲ သဘောထားတာပါ။ kg layဘက်ကအဲ့လိုတွေးတော့ကျမတကယ်
စိတ်မကောင်းပါဘူး။ လိုချင်တဲ့ အနေအထားလည်း ကျွန်မမှာ မရှိပါဘူး။"
ကိုနဲ့ ပတ်သတ်ပြီး ကျွန်မ ဘာမှ မမျှော်လင့်ရဲတော့ပါဘူး ကိုရယ်။
"မဟုက်ပါဘူး ကျွန်တော်ကချေးထားခဲ့မိလို့ပါ။"
"ကျမကkg layအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်မှာမလိုချင်ဘူး။ ရပါတယ်၊ မလို ပါဘူး။"
"အော်..အဲလိုမဖြစ်ပါဘူး။ အစကတည်းက ကျွန်တော်ပြောခဲ့သားပဲ ကျွန်တော်ကို ဖြတ်လိုက်ရင် မေဇော်အတွက် စိတ်ဒုက္ခတွေ လျော့သွားလိမ့်မယ်လို့။ ဘာဖြစ်ဖြစ် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။"
ကို့စကားတွေက ကျွန်မအသည်းကို တစ်စစီဖဲ့ချွေနေတော့တာပါ။ ကျွန်မရဲ့မျတ်ရည်တွေ ကိုမမြင်နိုင်ခဲ့ဘူး။
"အမှန်တိုင်းပြောရရင် တော်တော်လေး ဆုံးဖြတ်ခဲ့ရတာပါ ။ ဒီစကားပြောဖို့ ၊ လမ်းခွဲခဲ့တာအမုန်းမပါတဲ့အတွက်ကျမလိုပဲ
kglayလည်းလိပ်ပြာသန့်တယ်မလား။ ကျမကိုပဲဂုဏ်ယူမနေပါနဲ့kg layအတွက်လည်းဝမ်းသာပါတယ်
စိတ်ရှုပ်အောင်လုပ်မယ့်သူမရှိတော့လို့ လေ။"
ကျွန်မ စကားတွေ ရှေ့ဆက်မပြောနိုင်တော့ပါဘူး။ တကယ်ပဲ အချစ်တစ်ခုမှာ ကျွန်မ ကျဆုံးခဲ့ပါပြီ။ အခွင့်ရှိသေးရင်တော့ ကို့ကို နားလည်ပေးစေချင်တာ တစ်ခုပါပဲ။ ကိုရယ်...ကိုမသိနိုင်တဲ့ ကျွန်မရဲ့အချစ်တွေကို ကျွန်မကိုယ်တိုင် မီးရှို့  ဖျတ်စီးပစ်ရတော့မှာပေါ့ကွယ်။

အချစ်သည် မည်သို့နည်း???Where stories live. Discover now