(၁၂)ကျွန်တော်စီးလာတဲ့ မျိုးဆက်သစ်ကားက အဝေးပြေးလမ်းမကြီးပေါ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြေးနေလျှက်ပါ။ ကားပေါ်မှာတော့ ကျွန်တော်တစ်ယောက်တည်း အတွေးတွေ ပတ်ချာလည်နေပါတယ်။
မေဇော်ကို ကျွန်တော်ဘယ်လိုခေါ်ရင် ကောင်းမလဲ။စိတ်ထဲရှိတဲ့အတိုင်းဆို ကျွန်တော် သူ့ကို( မ )
လို့ပဲခေါ်ချင်တာပေါ့။ဒါပေမယ့် သူ ဒါကိုကြိုက်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်။ဘာလို့ဆိုတော့
ဒီအသုံးအနူန်းက နှင်းဝင့်ရည်ကို ကျွန်တော်ခေါ်ခဲ့ဖူးတာကို။ဒါကို အလွမ်းတွေနဲ့သေနေတဲ့သစ်ပင်နဲ့ ကော်ကပ်ထားတဲ့အတိတ်ကိုဖတ်ပြီး
သူသိနေတယ်လေ။ သူကို သိပ်လျော့တွတ်လို့တော့ မရဘူး။
သူ ကျွန်တော်နဲ့ပတ်သတ်တာမှန်သမျှ သူ အကုန်သိတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း လျှာရှည်ပြီး ပြောပြထားမိတာတွေလည်း ပါတာပေါ့လေ။ဒီလိုဆိုတော့ ကျွန်တော် သူ့ကိုဘယ်လိုခေါ်ရင်
ကောင်းမလဲဆိုတာ စဉ်းစားရင်း စဉ်းစားရင်း ခေါ်င်းရှုပ်ထွေးလာရတယ်။အခုအတိုင်း မေဇော်လို့ခေါ်တာပဲ အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်ကတော့ ယူဆမိတယ်။ဒါပေမယ့် ဒီအခေါ်အဝေါ်က သမီးရည်းစားမဆန်ပြန်ဘူး။
မေဇော်ဆိုတာကြီး မခေါ်စေချင်လို့လည်း သူ ကျွန်တော်ကို အခုလိုပြေတာပေါ့။ ခက်တော့ခက်နေပြီ။ဘယ်လိုလုပ်ရမလဲ။
သူအနေနဲ့ကကော ကျွန်တော်ကို ကောင်လေးလို့ ဆက်ခေါ်မှာလား။ကျွန်တော်က
တော့ အဲဒီနာမည်ကို ကြိုက်တယ်။ထူးခြားတယ်လေ။ကျွန်တော်ကို ဒီလိုမျိုး ဘယ်သူကမှ မခေါ်ဘူးပဲ။ကားမထွက်ခင် ဖုန်းပြောဖြစ်တုန်းက မေဇော်က ကျွန်တော်ကို ဆူတယ်။
"ယုဇနနဲ့ ဆူလေသွားတာ မဟုတ်ဘူးတဲ့။ဘာမဆို ကြိုတင်ပြင်ဆင်သွား"တဲ့။ သူ့အပြောလေးက ချစ်စရာလေး။
ဟုတ်လည်းဟုတ်တယ်။ကျွန်တော်မှာ ကြိုတင်ပြင်ဆင်ထားတာဆိုလို့ ဘာမှမရှိဘဲလေ။အဲလိုနဲ့ သူ့အကြောင်းအတွေးထဲ ဝင်လာလို့
စဉ်းစားကြည့်တော့၊ကျွန်တော်တို့ အဖြစ်ကလွမ်းစရာလေးး။မနေ့ကမှ အဖြေရတယ်။ဒီနေ့ ဝေးရတယ်။ဒါကြောင့် သူကို ကျွန်တော်ပြောမိတာပေါ့။ရင်ထဲမှာ ပြောစရာတွေ အများကြီး ကျန်နေသေးသလိုပဲလို့။လွမ်းရတာတောင် ရင်ထဲမှာ ခိုးလို့ခုလုနဲ့ရယ်လေ။ကိစ္စမရှိပါဘူးလေ။ သေချာတဲ့အဖြေတစ်ခုက ကျွန်တော်နဲ့အတူ ပါလာခဲ့ပြီပဲဟာ။
သူ့အချစ်တွေနဲ့ ကျွန်တော်ရဲ့ဘဝရထားကို ကျွန်တော် စတင်ခုတ်မောင်းကြည့်ရတော့တာပေါ့...။
YOU ARE READING
အချစ်သည် မည်သို့နည်း???
Romanceအချစ်ဆိုတာ မီးပဲ... ရှို့တဲ့သူလည်း ပူတယ် အရှို့ ခံရတဲ့သူလည်း ပူတယ်