အခန်း(၈၅)

25 3 0
                                    

အခန်း(၈၅)

ရွှေရည်အောင်
************
ကျွန်မနဲ့ ကိုနဲ့တွေ့ကြပါပြီ။ လွမ်းရက်တွေအတွက် အတိုးချချစ်ဖို့ စိတ်ကူးတွေ ကျွန်မတို့နှစ်ယောက်စလုံးမှာ ရှိတယ်။ အခန်းထဲ ရောက်ရောက်ချင်း ကျွန်မ ကို့မေးစေ့လေးကို ကိုက် တော့တာပါပဲ။ ကိုကအရမ်းအသဲယားဖို့ကောင်းတယ်။ ကိုရဲ့ လက်မောင်းလေးပေါ် အိပ်မိချိန် ကျွန်မဘဝ အမောတွေအားလုံး ပြေပျောက်သွားရတယ်။ ကိုက ကျွန်မမျတ်နှာကိုငေးရင် ကျွန်မနဖူးလေးကို ဖွဖွနမ်းတယ်။ ကျွန်မက ကို့နူတ်ခမ်းလေးကို ပြန်နမ်းလိုက်တယ်။ အဲဒီခဏမှပဲ ကျွန်မတို့ ကိုယ်ခဏက သွေးတွေ ဆူ ကြွလာရတော့တယ်။ ကို့လက်တွေက အငြိမ်မနေတော့ပါဘူး။ အဲလိုပဲ ကျွန်မလက်တွေကလည်း အငြိမ်မနေခဲ့ပါဘူး။ ကျွန်မ ကိုနဲ့အတူ ခရီးတစ်ခုကို အရောက်သွားချင်နေမိပြီ။ ကျွန်မရဲ့ခေါ်င်းကို ကို့ရဲ့အောက်ပိုင်းဆီ ပို့ပေးလိုက်တယ်။ မျတ်စိမှိတ်ပြီး အသံယဲ့ယဲ့လေး ထွက်နေတဲ့အသံက ကျွန်မအတွက် စိတ်ချမ်းမြေ့စေရတယ်။ ပြီးတော့ ကျွန်မတို့ အချစ်စခန်းသွားကြတာပေါ့။ နောက် မောဟိုက်သံတွေကြားမှာ ကျွန်မတို့ ခဏနားလိုက်ကြတယ်။ ကိုရဲ့ စွမ်းဆောင်ပေးနိုင်မူအတွက် ကျွန်မကျေနပ်သွားရတယ်။
Kg Lay
---------------
"မိန်းမ ဘီယာသောက်မှာမှတ်လား။"
ကျွန်တော်အမေးကြောင့် အိပ်နေရာကနေ သူ့ခေါင်းထောင်ကြည့်တယ်။ ဆံပင်ဖရိုဖရဲလေးနဲ့ သူ့ပုံစံက ချစ်စရာလေး။
"ကိုက အခုသွားဝယ်တော့ဖို့လား။"
"ဟင့် အင်း ရေချိုးပြီးမှ၊"
"ကို၊ ဘုရားကြီးဘက် သွားကြမယ်လေ။"
တကယ်တော့ ကျွန်တော်က သူနဲ့အပြင်ထွက်ချင်တာ အရမ်းကိုကြာပါပြီ။ သူက အကြောင်းအမျိုးမျိုးပြ ငြင်းဆန်နေတာကြောင့်သာ ပဲခူးမြို့ခဏ၊ခဏရောက်ပြီ ဘယ်မှမလည်ပတ်ဘူးတဲ့ အဖြစ်ပါ။
"အာ့ဆို ရေအတူချိုးကြမယ်လေ။"
ကျွန်တော် ခေါ်င်းငြိမ့်ပြလိုက်တယ်။ သူ ကျွန်တော်နဲ့ အတူ ရေချိုးခန်းထဲ လိုက်လာတယ်။ အမယ် သူကျတော့ သဘက်ကြီးပတ်ထားလို့ပါလား။
"မိန်းမ၊အာ့က ဘာလုပ်တာလဲ။"
"ဘာလုပ်လို့လဲ။"
"သဘက်ကြီးက ဘာလို့ဝတ်ထားတာလဲ၊ မရဘူး ချွတ်။"
သူ ချွတ်လိုက်တယ်။ ကျွန်တော် သဘောတကျပြုံးပြီး သူ့ကိုယ်ခန္ဓာပေါ် ရေလောင်းပေးလိုက်တယ်။ သူကလည်း ကျွန်တော်ကို ချိုးပေးတယ်။ ကျွန်တော်တို့ရဲ့ သဘောတကျ ရယ်သံတွေက ရေချိုးခန်းထဲမှာ ပျံလွင်နေတော့တယ်။ ရေချိုးခန်းထဲက ပြန်ထွက်လာချိန်မှာတော့ စိတ်ကလည်းထန်လာတာကြောင့် ကျွန်တော်တို့ နောက်တစ်ကြိမ် ခရီးဆက်စေခဲ့တယ်။ သူရဲ့ ကိုရယ်၊ ကိုရယ်လို့ ညီးသံတစ်ခုက ကျွန်တော်နားထဲမှာ စွဲမှတ်လို့ ထင်ကျန်ခဲ့တယ်။
ရွှေရည်
*****
ကြည့်ရတာ ကိုပင်ပန်းသွားပြီနဲ့ တူပါရဲ့၊ မှေးနေတယ်လေ။ ဘုရားသွားဖို့အချိန်က မှောင်နေပြီ၊။
"ယောကျာ်း၊ ထလေ ၊ ဘုရားသွားမယ်ဆို။"
"အင်း။"
ကို လူး လွန့်ပြီး ထလာတယ်။ ကျွန်မကတော့ သူအိပ်နေတဲ့အချိန် အဝတ်အစားလဲထားလိုက်တော့ လဲစရာမလိုတော့ဘူး။ ကျွန်မကတော့ ကိုအဝတ်အစားလဲတာကို ထိုင်ကြည့်နေလိုက်တယ်။ ကိုက ကျွန်မဝယ်ပေးတဲ့ အကျီအဖြူလေးကို ဝတ်ထားတယ်။ ကျွန်မသိတယ်လေ။ ကို အဲဒီ အကျီပဲဝတ်လိမ့်မယ်ဆိုတာ။ အပြင်ထွက်တော့ နှစ်ယောက်စလုံး ဒူးတွေချောင်နေပြီမို့ လှေကားမနည်းဆင်းယူရတယ်။ အဲဒါကြောင့် ကျွန်မနဲ့ကိုနဲ့ တစ်ယောက်မျတ်နှာ တစ်ယောက်ကြည့်ပြီး ရယ်ဖြစ်ကြတယ်။ ဒီကြားထဲ ကျွန်မဖိနပ်ကလည်း ပေါ်က်လာပါရော၊ လမ်းလျှောတ်လို့က အဆင်မပြေတော့ဘူး။ ကို့ကိုလည်း ဘုရားလိုက်ပို့ချင်မိတယ်။
"မိန်းမ ခြေထောက်နာနေရင် မလျှောတ်နဲ့တော့လေ။ ပြန်ကြရအောင်။"
"ရပါတယ် ၊ ကိုရယ်၊ ရောက်တော့မှာပါ။"
ကျွန်မခြေထော့နဲ့ထော့နဲ့နဲ့ လျှောတ်လာဖြစ်တယ်။ ကိုကတော့ ကျွန်မကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေတာပေါ့။ဒါပေမယ့် ဘုရားရောက်ခဲ့ပါတယ်။
"မိန်းမ ယောကျာ်းတို့ ဓာတ်ပုံအတူတူ ရိုက်ကြမလား။"
"တကယ်ပြောနေတာလား။"
"ဖြစ်ရလေ၊ မိန်းမမေးနေပုံက ကိုကပဲ မိန်းမနဲ့ဓာတ်ပုံတွဲ အရိုက်မခံချင်သလိုလို။"
"မဟုတ်လို့လား။"
"မဟုတ်ပါဘူး မိန်းမရာ။"
အဲလိုနဲ့ ကျွန်မတို့ဓာတ်ပုံတွဲရိုက်ဖြစ်ကြတယ်။ ကျွန်မပျော်လိုက်တာ။ ဘုရားကအပြန် ဘီယာသောက်ကြတယ်။ ပြီးတော့ ကျွန်မတို့ထပ်အိပ်ကြတာပေါ့။ တကယ့်ကို စိတ်ကျေနပ်စရာကောင်းတဲ့ ညလေးပေါ့ ကိုရယ်။

အချစ်သည် မည်သို့နည်း???Onde histórias criam vida. Descubra agora