အခန်း(၁၇)
မေဇော်ဇော်
ကျွန်မ ကိုနဲ့ပတ်သတ်ရင် ဘယ်အရာမဆို အကုန်သိချင်နေခဲ့တယ်။ ခက်နေပြီထင်ပါရဲ့။
အခုဆို ကိုလည်း ကျွန်မအသက်အရွယ်ကိုမှမငဲ့ နေရာတကာလိုက်စပ်စုပြီး အပြစ်ပြောတဲ့ မိန်းမလို့  ထင်နေမလား မပြောတတ်ပါဘူး။ ဒါကို ကိုကလည်း နည်းနည်းလေးမှ ကြိုက်ပုံမရပါဘူး။
ဒါပေမယ့် ကျွန်မက အလျော့မပေးဘူး။ ကိုနဲ့ ပတ်သက်တာဆို မရ ရအောင် သိဖို့ အားထုတ်တော့တာပဲ။
ကိုက အရမ်းလျိုဝှတ်လွန်းအား ကြီးပါတယ်။ ကို ဘာကြောင့် အဲလောက် လျိုဝှတ်လွန်းနေရတာလဲဆိုတာတော့ ကျွန်မလည်း မပြောနိုင်ဘူးရယ်။
ဘာဖြစ်ဖြစ ကျွန်မကတော့ ကို့ ကို အမြဲချစ်နေမှာပါပဲ။
ကျွန်မကျူရှင်သင်တဲ့တိုက်ရဲ့ အပြင်ဘက်ဝရံတာဆို ကျွန်မ ခဏခဏထွက်ကြည့်ဖြစ်တယ်။ တခါတလေမှာ ကို က မပြောမဆိုဘဲ ရောက်လာတတ်တဲ့ အကျင့်မျိုးလေးတွေ ရှိတယ်လေ။
ကိုအကြောင်းတွေးရင်းနဲ့  ကျွန်မအမေ ကျွန်မဆယ်ကျော်သက်အရွယ်လောက်တုန်းက ဆိုဆုံးမဖူးတဲ့ စကားကို ပြန်အမှတ်ရမိသေးတယ်။
သမီးတဲ့ "အချစ်ဆိုတာ မျက်စိမရှိဘူးလို့  ပြောနေဆိုနေကြတာကို သမီးကြားဖူးတယ်မှတ်လား။ "
"ဟုတ်"
"အမှန်တော့ ဒီစကားက အချစ်အတွက်စဉ်းစားဆင်ခြင်ခြင်း မရှိဘဲ ထင်ရာစိုင်းတဲ့သဘောကို ဆိုလိုပြတာပါ။ ဒါကို လူငယ်တွေက နားလည်မူလွဲပြီး အချစ်မှာ မျက်စိမှမရှိတာလို့  ဆင်ခြေပြန်ပေးတတ်ကြတယ်။"
ကျွန်မအမေဟာလည်း အရမ်းကို စည်းကမ်းရှိတဲ့ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးတစ်ယောက်ပေါ့။ အမေက ဘယ်တော့မဆို စကားကို လေးလေးနတ်နတ်ပြောဆိုတတ်တယ်။
ဒါကြောင့် အမေကဆိုဆုံးမတဲ့အခါတိုင်းမှာ ကျွန်မတို့  ညီအစ်မတွေဟာလည်း လေးနတ်စွာနဲ့  နားထောင်ရပါတယ်။
"သမီး စဉ်းစားကြည့်လေ။ မျက်စိမမြင်ဘူးဆိုမှတော့ ဟိုတိုက်ဒီတိုက်နဲ့  ဒုက္ခရောက်ဖို့ ပဲ ရှိတော့တာမှတ်လား။"
ESTÁS LEYENDO
အချစ်သည် မည်သို့နည်း???
Romanceအချစ်ဆိုတာ မီးပဲ... ရှို့တဲ့သူလည်း ပူတယ် အရှို့ ခံရတဲ့သူလည်း ပူတယ်