အခန်း(၉၂)

12 2 0
                                    


အခန်း(၉၂)

ရွှေရည်နဲ့ ဒီတစ်ခေါ်က်တွေ့ဆုံမူက နည်းနည်းလေးတော့ ထူး ခြားပါတယ်။ ခါတိုင်း ဘယ်မှ မသွားချင်တဲ့သူက အခုတစ်ခေါ်က်မှ ဟိုသွားချင်၊ ဒီသွားချင် ဖြစ်လာတော့တယ်။ အဲဒါနဲ့ပဲ ပဲခူး icon shopping mallကို ထွက်လာခဲ့ကြတယ်။ သူ့ခွေးကိုတော့ အခန်းထဲမှာပဲ တံခါးပိတ်ပြီး ထားခဲ့လိုက်ကြတယ်။ သူကော၊ ကျွန်တော်ကော လမ်းကြာကြာ မလျှောတ်နိုင်ကြဘူး။ ဘယ်လျှောတ်နိုင်ကြမလဲ မတွေ့တာကြာတော့ အချစ်ကြမ်းထားကြတာကို။ သူကလည်း ကြမ်းချင်လောက်အောင် စွဲမက်ဖို့ ကောင်းတဲ့လူ မဟုတ်လား။ တစ်ခါတစ်လေ သူဆီမှ မျော့များရှိနေသလားလို့ ထင်မိတယ်။ icon ရောက်တော့ ကျွန်တော်က အပေါ်တတ်ကြည့်ချင်တယ်။ သူက စက်လှေကားမစီးရဲဘူး ဆိုတာနဲ့ အပေါ်တတ်မကြည့်ဖြစ်တော့ဘူး။ အောက်က အကင်ဆိုင်တစ်ဆိုင်မှာပဲ ဘီ ယာမှာသောက်ဖြစ်ကြတယ်။ ကျွန်တော်တို့ ကြက်ကင်တစ်ပွဲ မှာလိုက်တယ်။ အဲဒီအချိန်မှာ သူ့သူငယ်ချင်းနဲ့ သူ ဖုန်းဆက်စကားပြောနေခဲ့တယ်။ ကျွန်တော် သူ့ကို ဘီယာထည့်ပေးတယ်။ ကြက်သားလေးတွေကို သေးသေးလေးဖဲ့ပြီး သူ့ပန်ကန်ထဲ ထည့် ပေးထားတယ်။ သူကတော့ ဖုန်းလေးပြောလိုက်၊ ဘီယာလေးသောက်လိုက်၊ အမြည်းလေးစားလိုက်နဲ့ပေါ့။ ကျွန်တော်ကတော့ အပြင်ကိုသာ ငေးကြည့်ပြီး သူ့ဖုန်းပြောတာကို နားထောင်နေမိတယ်။ သူပြောတဲ့စကားတွေထဲမှာ သူ့ဆီကို နေ့တိုင်းလာတဲ့ ဦးမိုးအကြောင်းလည်း ပါတယ်။ အခု သူပဲခူးပြန်လာတော့ ဦးမိုးအခြေအနေ ဘယ်လိုရှိလဲ၊ ဘာလဲ ပြောကြဆိုကြတာပေါ့။ နောက်တစ်ခုသိရတာက တစ်ဘက်က သူနဲ့ဖုန်းပြောနေတဲ့ ကောင်မလေးက သူ့ကို အကူအညီတစ်ခု တောင်းနေတယ်။ အဲဒီအကူအညီက အတော်တော့ဆန်းတယ်။ အဲဒီကောင်မလေးရဲ့ရည်းစား အဲဒီကောင်မလေးကို ပစ်သွားလို့တဲ့၊ အဲဒါ ရွှေရည်ကို မှော်ဘီသွားပြီး ဆရာတစ်ယောက်နဲ့ သွားတွေ့ခိုင်းတယ်။ သူကလည်း သွားတွေ့မယ်လို့ ကတိပေးနေတယ်။ ဒါဘယ်လိုလဲ။ ဒါ မကောင်းမူတစ်ခုပဲလေ။ ပြန်မလာချင်တဲ့ လူတစ်ယောက်ကို ပြန်လာချင်လာအောင် နည်းလမ်းသုံးပြီး ခေါ်တယ်ဆိုတာ မကောင်းမူပဲလေ။ ဖြစ်နိုင်ရင် မကူညီစေချင်ဘူး။ ဒါပေမယ့် အဲဒီစကားပြောဖို့က သူ့ဖုန်းက ပြီးကိုမပြီးနိုင်တော့ဘူး။ ဘီယာတောင် တစ်ယောက်နှစ်ပုလင်း ရှိနေပြီ။ ဘီယာစသောက်ထဲက ပြောတဲ့အပြော မဆုံးနိုင်တော့ဘူးရယ်။ သူလည်း သူလုပ်ချင်တာ သူလုပ်နေတာပဲဟာ။ ကျွန်တော်လည်း ကျွန်တော်လုပ်မှာပေါ့။
"ရွှေရည် ကို အပေါ့သွားဦးမယ်။"
သူက ဖုန်းပြောနေရင်းနဲ့ ခေါ်င်းတစ်ချက်ညှိတ်ပြတယ်။ ကျွန်တော် အကင်ဆိုင်ထဲက ထွက်လာပြီး shopping mallတစ်ခုလုံးကို လိုက်ပတ်ကြည့်လိုက်တယ်။ ဖြစ်ချင်တော့ စာအုပ်ရောင်းတဲ့ ကောင်တာ ကိုသွားတွေ့တယ်။ ကျွန်တော် စာအုပ်တွေ လိုက်ဖတ်ကြည့်နေမိတယ်။ ကျွန်တော် စာအုပ်တွေကြည့် နေတာ ဘယ်လောက်ကြာသွားလည်း မပြောတတ်ဘူး။ သူ ဖုန်းဆက်မှပဲ ကျွန်တော်အသိပြန်ဝင်လာ တော့တယ်။
"ဘယ်ရောက်နေတာလဲ၊ အပေါ့သွားတာကလည်း ကြာလှချည်လား။"
"လာပြီမိန်းမ ၊ အခုလာပြီ။"
ကျွန်တော် သူ့ဆီရောက်တော့ သူ စိတ်တိုနေလေရဲ့။ အဲဒါနဲ့ ပြန်ချော့ရသေးတယ်။ ဆိုင်ထဲက ထွက်လာတော့ cosmetics ဆိုင် တစ်ခုကို လက်ညိုး ထိုးပြပြီး
"ရှေ့နေလေ၊ အဲဒီတုန်းက လက်ဆွဲပြီး အတင်းခေါ်သွားတာ၊ နင့်အတွက် မိတ်ကပ်ဝယ်ပေးဖို့ ဆိုပြီးတော့ပေါ့။ အဲဒီမိတ်ကပ်က သောင်ကျော်တယ်။"
အားရပါးရ ပြန်ပြောပြနေတဲ့ သူ့အမူအယာထဲမှာ ကျေနပ်ခြင်းတစ်ချို့တော့ ပါလိမ့်မယ်ထင်တယ်။ ကျွန်တော်ကတော့ သူ့အတွက် ဘာဆိုဘာတစ်ခုမှ မဝယ်ပေးနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ တည်ခိုခန်း ရှိရာကို ပြန်လာခဲ့ကြတယ်။ အခန်းထဲ ရောက်တော့ ကျွန်တော်တို့ ဘီယာထပ်သောက်ကြတယ်။ ဘီယာသောက်ရင်းနဲ့ သူက သူ့ရဲ့ပထမအိမ်ထောင်အကြောင်းပြောပြန်တယ်။ နားထောင်နေရတဲ့ ကျွန်တော်ရင်ထဲမှာ မိုင်းဗုံးတွေ ခဏ၊ခဏပေါ်က်တယ်။ ဝေဒနာတွေကို ကြိတ်မှိတ်ပြီး မျိုချမိတယ်။ သူပြောနေကျအကြောင်းအရာတွေ နောက်ထပ်တစ်ကျော့ပြန်လာတယ်။ ပထမအိမ်ထောင်၊ ရှေ့နေ၊ ဇေယျ၊ ဦးမိုး၊ အသေးလေး ၊ကျွန်တော်ဦးနှောက်ထဲမှာ လူတွေ ပတ်ချာလည်နေတော့တယ်။
ကျွန်တော်ကကော ဘာလဲ။ ကျွန်တော်ကိုယ်ကျွန်တော် ဘာခေါ်င်းစဉ်တပ်ရမလဲ။ ကျွန်တော်က ကျွန်တော်ဘာမှန်းမသိတော့လောက်အောင်ကို အချစ်မြူထဲမှာ ပိတ်လှောင်နစ်နေတော့တယ်။ တစ်ခုခု မှားယွင်းနေမှန်းသိပါရက်နဲ့ အဲဒီအမှားကိုပဲ ကျွန်တော်ထပ်ခါတလဲလဲ မှားချင်နေမိတော့တယ်။ ကျွန်တော် ဘာကို စွဲလမ်းရူးသွပ်တမ်းတနေမိတာလဲ။ ဟင့်အင်း။ ကျွန်တော် တကယ်မသိတော့ပါဘူး။

အချစ်သည် မည်သို့နည်း???Où les histoires vivent. Découvrez maintenant