(၃)

36 3 0
                                    


အခန်း(၃)

(ရွှေရည်ဝင်း)

ကျွန်မဘဝမှာ နောက်ထပ် လူတစ်ဦး
တစ်ယောက်ကို အရူးအမူးထပ်ချစ်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူးရယ်။

အဓိက တရားခံက Beetalk

သူ နဲ့ကျွန်မနဲ့ အဲဒီကနေ စတင်သိကျွမ်းခဲ့ကျတာပါ။

သူ့နာမည်က တာရာလင်းတဲ့.....

May 13,2017
12:04AM

"စိတ်လျော့ပါကွာ..."
"လျော့ပါတယ်......."

"ကိုယ်တို့ အတူတူရင်ဆိုင်မှာပေါ့...."
"လွမ်းနေတာက
လျော့မရဘူး.....လေ"

"အင်း...ကို..သိတာပေါ့..."
"တကယ်..."
"တမြည်းဖြည်း ပိုပိုလွမ်းလာတယ်ပေါ့။
ကိုလည်းခံစားမိတယ်လေ။"

ကျွန်မ မရှင်း။
သူက ဘာကိုခံစားမိနေတာပါလိမ့်။

အတူအိပ်ကြတဲ့ ကိစ္စကြီးကို
သူ ထည့်ပြောနေတာများလား...။

"ဘာကိုလဲ။
ရွှေရည်က ကို့ကိုပဲ လွမ်းတာပါ။"
"သိတယ်လေ..."
"ရောနေမှာဆိုးလို့ .."

"အော် ခက်နေပြန်ပြီ....
ကိုလည်း ရွှေရည်ကိုလွမ်းတယ်။
ရွှေရည်လည်း လွမ်းနေမယ်ဆိုတာ ကို
ခံစားမိတယ်လို့ပြောတာပါ...."

ကျွန်မ သူ့ရှင်းပြမူမှာ ပြုံးရွှင်နေရတာပေါ့..။ ပြီးတော့ ကျွန်မဆန္ဒလေးကို
သူ့ဆီ ပြောပြလိုက်တယ်။

"မိုးကရွာနေတာ..ကို့ ရင်ခွင်လေးထဲ
တိုးပြီး အိပ်လိုက်ရရင်တော့ကွာ...."

"ဘယ်ပြောကောင်းမလဲနော်....
သာသာယာယာနေမှာ"

ဟုတ်တာပေါ့...ကျွန်မအတွက်အရမ်းသာယာတဲ့ အိုအေစစ်ကလေး ဖြစ်နေမှာ။

အဲဒီအိုအေစစ်ကလေးမှာ
ကျွန်မဘဝရဲ့အမောတွေကို
ကျွန်မအပန်းဖြေခဲ့ရတာပါ။

တကယ်တော့...
ကျွန်မဟာ ဘဝကို လူတွေနဲ့အတိုက်အခံ လုပ်ပြီး ကျော်ဖြတ်နေရတဲ့
လူတစ်ယောက်ပါပဲ။

ကျွန်မ လုပ်ချင်တဲ့အရာမှန်သမျှဟာ အမြဲတစေ အပစ်ပယ်ခံခဲ့ရတာချည်းပါပဲ။

အဲဒီအခါမျိုးမှာ ကျွန်မဟာ ကိုယ့် ကိုကိုယ် သတ်သေချင်လောက်အောင်ကို
စိတ်ဓာတ်ကျတယ်။
အဲလို စိတ်ဓာတ်ကျတဲ့အခါတိုင်းမှာ ကိုဟာ ကျွန်မကို နှစ်သိမ့်အားပေးပြခဲ့တယ်။

အချစ်သည် မည်သို့နည်း???Where stories live. Discover now