အခန်း(၈၃)

18 2 0
                                    

အခန်း(၈၃)

မနက်မိုးလင်းပြီဆိုတာနဲ့ ကျွန်တော်ရဲ့ facebook wallထဲမှာ သူငယ်ချင်းတွေ တော်တော်များများက Birthday wishsတွေ ပို့ပေးထားကြပါတယ်။ ဒါတွေကို သတိထားပြီးကြည့်နေမှာ မဟုတ်တဲ့ ရွှေရည်တစ်ယောက်ကတော့ သိနိုင်မယ် မထင်ပါဘူး။ သူရဲ့ Timelineမှာ တတ်လာမယ့်အချိန်ကျမှပဲ သူသတိထားမိပါလိမ့်မယ်။ ဘာမှမထူးဆန်းတဲ့ ကျွန်တော်မွေးနေ့အတွက် ထူးထူးဆန်းဆန်းအစီအစဉ်တွေ ကျွန်တော်မှာ မရှိပါဘူး။ မေဇော်ကို ထမင်းလိုက်ကျွေးရုံမှအပ ကျွန်တော်ဘာမှ ထူးထူးခြားခြား မစီစဉ်ထားပါဘူး။ ကျွန်တော်မေဇော်ဆီ ထွက်လာခဲ့လိုက်တယ်။ အဲဒီနေ့က သူမရဲ့တည်ငြိမ်တဲ့ပုံစံက ကျွန်တော်ကို စိတ်သက်သာရ ရစေပါတယ်။ ကျွန်တော်တို့ ရွှေမြို့တော် လဖ္ဘရည်ဆိုင်ကိုပဲထွက်လာလိုက်တယ်။ ထုံးစံအတိုင်း ကျဆိမ့်နှစ်ခွက်မှာလိုက်တယ်။ ဒါက ကျွန်တော်တို့နှစ်ယောက်ရဲ့ တူညီမူလက္ခဏတစ်ခုပါပဲ။
"မေဇော် ဝလာတယ်နော်။"
"ဟုတ်တယ်၊ ကျွန်မအခုတလော အစားအသောက်ကို အငမ်းမရ ဖြစ်နေတာ။ တတွတ်တွတ်နဲ့ကို စားနေတာ။"
ကျွန်တော်တို့ကြားမှာ မိတ်ဆွေအဆင့်ပဲရှိတော့တာကြောင့် စကားတွေ ထွေထွေထူးထူးတော့ပြောစရာ မရှိပါဘူး။ ဒီလိုပဲ၊ အလုပ်အကြောင်းပြော၊ သူငယ်ချင်းတွေအကြောင်းပြောရင်းနဲ့ ကျွန်တော်တို့တွေ့ ဆုံမူက ပြီးဆုံးသွားတယ်။ ပြန်တော့
"ရော့..ကောင်လေးအတွက် မွေးနေ့လက်ဆောင်။"
ပါကင်လှလှလေးနဲ့ သူထုတ်ထားတယ်။ သူရဲ့အလေးထားမူကြောင့် ကျွန်တော်ပျော်သွားတယ်။ ကျွန်တော်ဘဝမှာ မွေးနေ့လက်ဆောင်ရဖူးတာ ဒါပထမဆုံးအကြိမ်ပါပဲ။ မေဇော်ဟာ ကျွန်တော်ဘဝကို အမှတ်တရဖြစ်စေခဲ့ပါပြီ။ အိမ်ပြန်ရောက်တော့ သူပေးတဲ့ လက်ဆောင်လေးကို ဖြည်ကြည့်လိုက်တယ်။ ကော်ဖီခွက်ကလေး၊ နောက်တစ်ခုက notebookစာအုပ်အကြီးကြီးတစ်အုပ်။ တစ်ချိန်က သူ့မွေးနေ့မှာ ကျွန်တော်ကော်ဖီ ခွက်ကလေး ပေးခဲ့ဖူးတာကို ပြန်အမှတ်ရမိသွားတယ်။ ဒါကြောင့် ကော်ဖီခွက်ကလေးကို ပြန်လက်ဆောင်ပေးသလားပါပဲ။ ကျွန်တော် စာအုပ်ကလေးကို ဖွင့်ကြည့်လိုက်တယ်။ စာတစ်ချို့ရေးထားတာကို တွေ့ရတယ်။
အဲဒီစာက ဒီလိုပါ။
(ကဗျာဆရာအတွက်....
သင်၏ခံစားချက်များ ကျွန်ုပ်အား မျှဝေပါ..
ရင်ဖွင့်ပါ...
သင်နှင့်အတူ ခံစားနားလည်ပေးပါမည်။)
မေဇော်ဇော်.
သူတောင် အတော်စာရေးတတ်လာပါလားလို့ တွေးပြီး ကျွန်တော်ပြုံးလိုက်မိတယ်။
" ဒီလောက်နဲ့တင် ရပ်လိုက်ကြတာ ကောင်းပါတယ် မေဇော်ရယ်။ ရှေ့ဆက်သွားရင် မေဇော်ပဲ ပိုနာကျင်ခံစားရပါ။"
အတွေးစကားလုံးတွေပါပဲ။ သူ တကယ်နားလည်ခံစားရလိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။ မရိုးသားခဲ့တဲ့ လူတစ်ယောက်ကို မေ့ပစ်လိုက်ပါတော့ မေဇော်ရယ်။ နောက်တော့ ကျွန်တော်သူ့ကို ကျေးဇူးတင်ကြောင်း မတ်ဆေ့ပို့သလို့ ပို့စ်လည်းတင်လိုက်တယ်။ စာအုပ်လေးထဲမှာ လက်ရေးနဲ့ရေး ဓာတ်ပုံရိုက်ပြီး တင်လိုက်တာပါ။
အဲဒီထဲမှာ ကျွန်တော်က...
ကျွန်တော်ဘဝမှာတော့
ဒါက ပထမဦးဆုံး ရရှိခဲ့တဲ့ မွေးနေ့လက်ဆောင်ပါ
ကျွန်တော်မွေးနေ့ကို
ဘယ်သူကမျှ အရေးတယူလုပ်ပြီး
လက်ဆောင်မပေးခဲ့ဖူးပါဘူး
အခုလို
အရေးတယူလုပ်ပြီး
မွေးနေ့လက်ဆောင် ပေးတဲ့အတွက်
အရမ်းလည်း ကျေးဇူးတင်တယ်
အရမ်းလည်း..ဝမ်း သာပါတယ်လို့ပါ။ အဲလိုတင်လိုက်တဲ့အတွက် မေဇော်လည်း သိနိုင်သလို ရွှေရည်လည်း သိနိုင်ပါတယ်။ ကျွန်တော်ထင်တဲ့အတိုင်းပါပဲ။
"ဒီနေ့ ကို့ မွေးနေ့လား။"
"ဟုတ်။"
"ရွှေရည်ပေါ့ဆသွားတာကို ခွင့်လွှတ်ပါနော်။"
"အာ့  ရပါတယ် မိန်းမကလဲ။ ယောကျာ်းနားလည်ပါတယ်။ စိတ်မကောင်းမဖြစ်နဲ့။ ဘာဖြစ်ဖြစ် ယောကျာ်းက ချစ်မြဲချစ်နေတယ်။"
ကျွန်တော်ဟာ မီးကိုတိုး တဲ့ ပိုး ဖလံပေါ့။
"မွေးနေ့မှာပျော်ရွှင်ပါစေ ချစ်ဆုံးလေး။"
အပျော်လွန်သွားမှာပဲ ကြောက် မိပါတယ်။ အဲလိုစကားတွေကြားမှာ ကျွန်တော် ဝပ်ဆင်းနေမိတယ်။ဒါပေမယ့် ဖြစ်ချင်ခဲ့တဲ့ ဆန္ဒကိုတော့ ပြောပြလိုက်တယ်။
"အစက မိန်းမနေပြည်တော်မသွားရင်၊ ဒီနေ့မှာ မိန်းမနဲ့တွေ့ဖို့မျော်မှန်းထားခဲ့တာပါ။ "
"အာ့အတွက် မိန်းမစိတ်မကောင်းပါဘူး ချစ်ဆုံးရယ်။"
"ရပါတယ်ချစ်ဆုံးရယ်။ ယောကျာ်းက အားလုံးကို နားလည်ပြီးသား။ နားမလည်တာ တစ်ခုပဲရှိတယ်။"
"နားမလည် တာက ဘာလဲ ချစ်ဆုံး။"
"ယောကျာ်းလေ၊ မိန်းမကို ၊ ဘာလို့အရူးအမူးချစ်နေရတာလဲဟင်။
ဒီအဖြေကို ကျွန်တော်တကယ်သိချင်နေခဲ့တာပါ။ ကျွန်တော် ဦးနှောက်တွေ လုံးဝအလုပ်မလုပ်တော့ဘူး ထင်ပါရဲ့လေ။

အချစ်သည် မည်သို့နည်း???Où les histoires vivent. Découvrez maintenant