(၂၂)

50 3 0
                                    

အခန်း(၂၂)

မေဇော်ကို ယေဘုယျအားဖြင့် အတ္တဆန်တဲ့သူလို သုံးသပ်လို့ရသလိုမျိုးပဲ ကျွန်တော်ဟာလည်း လျိုဝှတ်ဖုံးကွယ်ခြင်းများစွာ အတ္တဆန်​နေသူတစ်​ယောက်ပါပဲ။ ဒါပေမယ့် သေချာစဉ်းစားတော့လည်း လူပဲ အတ္တရှိနေကြတာ မဆန်းဘူးလို့ ကျွန်တော်ထင်မြင်မိပြန်တယ်။ တွေးခေါ်ပညာရှင် ဘာကလေးဆိုသူကလည်း လူရဲ့အတ္တဆိုတာ ထာဝရမြဲပြီး မကျေပျောက်နိုင်တဲ့အရာလို့ ဆိုခဲ့သေးတာပဲဟာ။

ဒီအချိန်မှာပဲ ကားဟာ ၁၂၅မိုင်က စားသောက်ဆိုင်ဝင်းထဲမှာ ရပ်သွားတယ်။ကျွန်တော်လည်း ရှုပ်ထွေးနေတဲ့ ကျွန်တော်ရဲ့ဆံပင်တွေကို သရေကွင်းနဲ့ စုစည်းလိုက်တယ်။ ပြီးနောက် ​ရွှေရည်နောက်နားကနေပဲ ဖြည်းဖြည်းချင်း ကားပေါ်က ဆင်းလာခဲ့လိုက်တော့တယ်။ ကျွန်​တော်တို့ ရွှေခရားကြီးမှာ ဝင်ထိုင်လိုက်ကြတယ်။ စကားလည်း သိပ်မပြောဖြစ်တော့ပါဘူး။ သူ့အမေက ဘေးမှာ ရှိနေတာဆိုတော့။ ဒါနဲ့ပဲ အလုပ်အကြောင်းနဲ့ တခြားထွေးရာလေးပါ နည်းနည်းပါးပါးလောက်ပဲ ပြောဖြစ်ကြပါတော့တယ်။ ဆိုင်ထဲမှာက ကားခဏနားတဲ့နေရာ ဖြစ်တာကြောင့် လူအရမ်းရှုပ်ပါတယ်။
အသံတွေကလည်း ကျယ်လောင်ဆူညံနေတာပါပဲ။ အဲဒီလိုမျိုးဆိုရင် ကျွန်တော် မနေတတ်တော့ဘူး။ ကျွန်တော်ခေါ်င်းတောင် တစ်စ၊ တစ်စနဲ့ ကိုက်လို့လာရတော့တယ်။ နောက်ဆုံးမနေနိုင်တော့တာကြောင့် ကွမ်းသွားဝယ်ဦးမယ်ဆိုပြီး သူတို့ဖို့အတွက်ပါ ပိုက်ဆံရှင်းပြီး ကျွန်တော်ထထွက်လာခဲ့လိုက်တော့တယ်။ ကွမ်းဝယ်ပြီး မကြာပါဘူး။ ရှေ့ခရီးဆက်ဖို့ ကားက ကြေညာပါတော့တယ်။

ကားပေါ်ရောက်တော့ တလောက မေဇော်နဲ့ကျွန်တော်အဖြစ်အပျက်ကို ပြန်တွေးမိပြန်ပါတယ်။ အဲဒီတုန်းက မေဇော်ဟာ

"တကယ်တော့ ကိုက လူလိမ်လူညာပဲ၊ ကို့ရဲ့ ကဗျာရေးတဲ့ လက်ကိုလည်း ဖြတ်ပစ်ချင်တယ်။ တကယ်ပါပဲ။ "

ဆိုပြီး ကျွန်တော်ဆီ messageပို့ခဲ့တယ်။ ပြဿနာ တစ်ခုခုတော့တက်ပြီဆိုတာ ကျွန်တော်သိတယ်။ အဲဒီပြဿနာကလည်း ဖေ့ဘုတ်ကလာတယ်ဆိုတာကို ကျွန်တော်သိတယ်။ ဒါပေမယ့် အဲဒါ ဘာပြဿနာလဲ။ ဒီရက်ပိုင်းအတွင်း ပြဿနာဖြစ်စေလောက်တဲ့ အကြောင်းအရာတွေကို ကျွန်တော်လုပ်ခဲ့မိသလားလို့ အပြေးအလွှား စဉ်းစားကြည့်တယ်။ ကျွန်တော် ဘာတစ်ခုမှ စဉ်းစားမရဘူး။ အဲဒီအချိန်တုန်းကတည်းက ကျွန်တော် သူ နဲ့ပတ်သက်ပြီး မရိုးသားတာ ဘာတစ်ခုမှ မလုပ်မိသေးဘူးလို့ ကိုယ့်ကို ကိုယ် ထင်မြင်နေတုန်းပဲ မဟုတ်လား။ နောက်ဆုံး မနေသာတော့ သူ့မေးရတော့တာပေါ့။

"ချစ်၊ ဘာဖြစ်လို့လဲ၊ ကို ဘာလုပ်မိလို့လဲ၊ ကို့ကို ပြောဦး။"

သူ့ဘက်က ချက်ချင်းအကြောင်းပြန်ပေးတယ်။

"ရန်ကုန်ပြန်ရောက်မှ ပြောမယ်။"

ကျွန်တော့စိတ်လွတ်သွားတယ်။ သူ့စကားကြောင့်။ ဘာပြဿနာမှန်းမသိရဘဲ ကျွန်တော်က စိတ်ဒုက္ခခံနေရမယ်ပေါ့။ တကယ်လည်း စိတ်ဒုက္ခခံစားရတာပါပဲ။ ကျွန်တော်ရဲ့ရှိသမျှအကောင့်တွေအကုန်လုံး ကျွန်တော်ဘာအပြစ်ဖြစ်ခဲ့သလဲလို့ လိုက်စစ်ဆေးကြည့်တယ်။ အချိန်တွေသာ အတော်ကုန်သွားတယ်။ သူပြောတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ထူး ခြားမူ ဘာတစ်ခုမှကို ကျွန်တော် ရှာမတွေ့ဘူး။

ကျွန်တော် စိတ်တွေ အတော်ကလေးကို ရှုပ်ထွေးလာတယ်။ သူ့အတွက် ဖေ့ဘုတ်က ဘာလို့ ဘဝကြီးတစ်ခုဖြစ် နေရတာလဲ။ စိတ်က အတော်ကလေးတိုလာတာကြောင့် ဖြတ်ပစ်ချင်လည်း အပြစ်ရှာနေစရာမလိုဘူး ဖြတ်ပစ်လိုက်ပါဆိုပြီး ပို့စ်တင်လိုက်တယ်။ ကျွန်တော်တင်တဲ့ ပို့စ်ကအတော်ထိရောက်ပါတယ်။ ညတွင်းချင်းသူကျွန်တော်ဆီ အကြောင်းပြန်လာတယ်။

"ကို၊ အခုတင်လိုက်တဲ့ပို့စ်က ဘာလဲ။ ကို့ကို ရန်ကုန်ရောက်ရင် ရှင်းမယ်လို့ပဲပြောတာ။ လမ်းခွဲဖို့ ပြောနေတာဘယ်သူလဲ။ မရဘူး​နော်။ ကို ကျွန်မကို မုန်းသွားလို့မရဘူးနော်။"

သူ့ပို့တဲ့စာထဲမှာ ခံစားမူပြင်းထန်နေတယ်ဆိုတာ ကျွန်တော် သတိထားမိတယ်။ သူ့စာထဲမှာ သူ့အတ္တတစ်ခုလည်း ပါဝင်နေတာပါပဲ။ အဲဒီအတ္တက ဘာလဲ။ အချစ်လို့ခေါ်သလား။ အဲဒါက မေဇော်ရဲ့ အချစ်လား။
"အကို...ထတော့...မန္တလေးကို ရောက်နေပြီ။"
ဟုတ်ပါရဲ့ ။ ကျွဲဆည်ကန်ကားဝင်းထဲကိုတောင် ကျွန်တော်ဆီလာတဲ့ကားက ဝင်လာနေပါ​ရောလား။ ရှက်ရှက်နဲ့ ကျွန်တော်လည်း ရွှေရည်ကို ပြုံးပြလိုက်မိတယ်။

"အိပ်လိုက်တာများ မန္တလေးရောက်တဲ့အထိပဲ​နော်။"

ကျွန်တော်လည်း ရယ်ကျဲကျဲလုပ်ရင်း.....နဲ့

"အင်းကွာ....ရန်ကုန်မှာတုန်းက
အိပ်ရေးတွေပျက်ခဲ့လို့။"

သြော်.. မေဇော်...သူ့အတ္တမှာ ကျွန်တော်ပါ လိုက်ပါလောင်ကျွမ်းမိနေပါရောလား။ ခက်ပါရဲ့လေ။

အချစ်သည် မည်သို့နည်း???Where stories live. Discover now