အခန်း(၆၆)

15 2 0
                                    

(၆၆)
ကျွန်တော် စိုးထိတ်တဲ့နေ့ဆိုးတွေဟာ မနက်ဖြန် ပြတင်းပေါ်က်ကနေ တစ်ဆင့် ကျွန်တော်ဆီ ခုန်းဆင်းချခဲ့ပါတယ်။ အဲဒီ အခြေအနေမျိုးတွေကို ကျွန်တော်မုန်းတယ်။
"ပြောစရာရှိတယ်။ လကုန်ရင် မြင်းခြံဖြစ်ဖြစ်၊ မုံရွာဖြစ်ဖြစ် သွားမလားလို့။"
ပစ္စုပ္ပန်ထဲမှာ ကျွန်တော် အသိအာရုံတွေ ယိမ်ယိုင်ထွက်သွားရတယ်။ စာရိုက်နေတဲ့ ကျွန်တော်လက်တွေတောင် တုန်လှုပ်ခြောက်ခြားသွားရတယ်။
"သေချာနေပြီလား၊ ရွှေရည်အမေကကော သဘောတူလား။"
တကယ်လို့ သူ့အမေကိုယ်တိုင်က သဘောတူခဲ့တယ်ဆိုရင် ကျွန်တော်မှာ ဘာမှပြောပိုင်ခွင့် မရှိဘူးလေ။ ဒါကြောင့် သူ့ကို ကျွန်တော် မေးကြည့်ဖြစ်တာပါ။
"အမေ့ကို ပြောတော့ပြောထားတယ်။"
"အမေဘာပြောလဲ။"
"အလတ်ကောင်က တားနေတယ်။"
"အမေကကော။"
"အမေက ဘာမှမပြောဘူး။"
"အော်..အင်း။"
ကျွန်တော်နှလုံးသားက ရေခဲလာကပ်သလိုမျိုးပဲ၊ ကျွန်တော်နူတ်တွေ ဆွံအသွားရတယ်။
"ဒီလို ဆက်နေနေလို့ မဖြစ်ဘူးလေ။"
"အင်းပါ၊ ကိုနားလည်ပါတယ်။ ရွှေရည်က သွားဖို့အဆင်သင့် ဖြစ်နေပြီပေါ့။"
"အင်း၊ ကိုကကော။"
"ကိုဆန္ဒလား။"
"ဟုတ်။"
နာကျင်ခြင်းတွေ၊ ရင်မှာ အဆိပ်ဝေရပါတယ် ချစ်သူရယ်။ တခြားယောကျာ်းတစ်ယောက်နဲ့ ပူးပူးကပ်ကပ်ရှိနေမယ်ဆိုတာကို မြင်ယောင်နေရတိုင်း ကိုနှလုံး သားတွေ မီးကျွမ်းလောင်နေပါလိမ့်မယ် ချစ်သူရယ်။
"ကိုဆန္ဒကို ပြောရရင် နှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ ရွှေရည်ဆန္ဒအတိုင်းပါပဲ။ နောက်တစ်မျိုးကတော့ ကို ရွှေရည်ကို မသွားစေချင်ဘူး၊ လိုတာတွေကို ကိုအတတ်နိုင်ဆုံး ကူညီမယ်။"
"ကိုလည်း ရွှေရည်စိတ်ကို သိနေသားနဲ့ကွာ။"
"အဲဒါကြောင့်လည်း ကို အတင်းအကျပ်မပြောတာပါ။"
"အလတ်ကောင်ကလည်း သူတို့ကူညီမယ်ပြောတယ်။ ရွှေရည်ကိုက လက်မခံတာ။"
"ဘာဖြစ်ဖြစ်ပါ ကိုကတော့ ရွှေရည် စိတ်ချမ်းသာတာကိုပဲ လိုချင်ပါတယ်။ ရွှေရည်အနေနဲ့လည်း ကို့ကို
ထည့်ပြီးစဉ်းစားမနေပါနဲ့။ ရွှေရည်လုပ်သင့်တာ လုပ်ပါ။ ကို့အနေနဲ့ကတော့ ရွှေရည်ကို အမြဲချစ်နေမှာပါ။"
မျတ်ရည်ခရတဲ့ ညတွေပဲပေါ့။ ကျွန်တော်အတွက် ရုန်းထွက်နိုင်ဖို့စွမ်းအား ကင်းမဲ့ပြီး လမ်းတွေပျောက်ရတယ်။
"ထည့်မစဉ်းစားနဲ့ဆိုတာကတော့ ၊ မဟုတ်သေးဘူး။"
"ကိုက ရွှေရည်အတွက် ပြောတာပါ။"
"ကို ကူညီတာကို လက်မခံချင်လို့ မဟုတ်ပါဘူး ကိုရယ်။"
"ကို ရွှေရည်ကို တကယ်ချစ်တာပါ ရွှေရည်၊ ကို့ရင်ခွင်ကလွဲလို့ ရွှေရည်ကို ဘယ့်သူ့ရင်ခွင်ထဲမှာမှ ရှိမနေစေချင်တဲ့ကောင်ပါ။ ဒါပေမယ့် အခြေအနေတွေကို ကိုသိပါတယ် ရွှေရည်။ ကို့ဘက်က အခြေအနေတွေရော၊ ရွှေရည်ဘက်က အခြေအနေတွေရောပေါ့၊ "
ဟုတ်တယ် ။ ကျွန်တော်တို့ရဲ့ အခြေအနေတွေဟာ ခါးသီးမူတွေထဲမှာ လှောင်ပိတ်နေရတယ် ။
"ဘာပြောရမှန်း မသိတော့ပါဘူး ကိုရယ်။ "
"ကိုတို့ တွေ့ဖို့ မဖြစ်နိုင်တော့ဘူးပေါ့နော်။"
"ရွှေရည်ကို ယုံကြည်ပေးစေချင်တယ်။"
"ယုံပါတယ် ရွှေရည်ရယ်။"
"ရွှေရည်က အလုပ်ကို အလုပ်လိုပဲ လုပ်တာပါ။"
"ရွှေရည်အလုပ်ကို ကိုနားလည်ပါတယ်။"
"အဆိုးဆုံးနေရာ ရောက်နေပါစေ ။ ရွှေရည် ဘယ်တော့မှ အဆိုးဆုံး မဖြစ်စေရပါဘူး။ဒါပေမယ့် ရွှေရည် အဲဒီအတိတ်ဘဝထဲ ပြန်မဝင်ချင်ပါဘူး ကိုရယ်။"
ဘယ်တတ်နိုင်မလဲ၊ ပြောခွင့်မသာတဲ့နေ့တွေနဲ့ ကျွန်တော် အဆိပ်ရည် လူးခဲ့တယ်။ အိပ်မက်တွေ ချောက်ထဲ ပြုတ်မကျသွားအောင် ချိတ်နဲ့ချိတ်ထားတယ်။ မျော်လင့်ခြင်းတွေ မပြိုကျအောင် ဒေါက်နဲ့ ကျားကန်ထားရတယ်။ စိတ်နဲ့ဘဝမှာ အမာရွတ်တွေ၊အမဲစက်တွေနဲ့ မည်းညစ်သထက် မည်းညစ်သွားတာပဲ၊ အဖတ်တင်နေပါတော့တယ်။

အချစ်သည် မည်သို့နည်း???Where stories live. Discover now