(၁)

56 2 0
                                    

အခန်း-၁

ကျွန်တော်အသက်မငယ်တော့ဘူး။

၂၇နှစ်။

ရင့်ကျက်သင့်သလောက်
ရင့်ကျက်တယ်လို့ လူတိုင်း၊ လူတိုင်းဟာ
ကိုယ့်ကိုကိုယ်တော့
ထင်နေတတ်ကြတယ်။

ဒါပေမယ့် ရင့်ကျက်မူဆိုတာဟာ ဘယ်လိုမျိုးလဲလို့ မေးလာရင် ကျွန်တော်ရေရေရာရာနဲ့ သေသေချာချာ မဖြေနိုင်ဘူး။

ရင့်ကျက်မူဆိုတဲ့ အရာထဲမှာ စိတ်လှုပ်ရှားမူတွေ၊ အံသြမူတွေ၊ ချစ်တာတွေ ၊
မေတ္တာတွေ ရှိနေတတ်သလား။
ဒါတွေရှိနေရင်ရော အဲဒီလူကို
ရင့်ကျက်တယ်လို့ ပြောနိုင်မှာလား။
သေချာတာကတော့ ကျွန်တော်ဟာ
ကျွန်တော်နဲ့ပတ်သက်ပြီး ဘာဆိုဘာမှ မပြောနိုင်သေးဘူး။

On Viber
------------

မထင်မှတ်တဲ့ နေ့တစ်နေ့မှာ မရည်ရွယ်ပါဘဲ မေဇော်ကို ကျွန်တော်ချစ်တယ်လို့ ပြောခဲ့မိတယ်။ မရည်ရွယ်ပါဘဲဆိုတာက မချစ်ဘဲနဲ့ပြောလိုက်တာလားလို့ ထင်ကြမှာပဲ။ အဲလိုတော့မဟုတ်ဘူးဗျ။ ကျွန်တော်ဟာ မေဇော်နဲ့ပက်သက်ပြီး
စိတ်ဝင်စားမူ အကြောင်းရင်းခံက ရှိပြီးသားပါ။ အဲဒီနေ့မှာ ချစ်တဲ့အကြောင်းပြောဖို့ ကျွန်တော်ကြိုတင် မတွေးတောထားဘူးလို့ ဆိုလိုတာပါ။

အကြောင်းအကျိုး မညီညွှတ်ခြင်းဟာ သာမန်အပျိုဖျန်းလေးတွေ အတွက်လောက်သာ ဖြစ်နိုင်ပေမယ့် အသက်သုံးဆယ်ကျော် မေဇော်အတွက်တော့ ဒါဟာ ယုံကြည်စရာ မကောင်းတဲ့ စကားသက်သက်ပဲ
ဖြစ်တယ်။ သူက ကျွန်တော်ကို လှလှပပပဲ ပန်းနဲ့ ပြန်ပေါ်က်ပြခဲ့တာပါ။

ကျွန်တော်အတွက်တော့ စိတ်ဝင်စားစရာ အကောင်းဆုံး ဂိမ်းတစ်ခုအပေါ် ခြေချလိုက်ရသလိုမျိုး ကို ခံစားရတယ်။ အဲဒါက အလောသုံးဆယ်နိုင်မူနဲ့ အတူပေါ့။
"မထင်ပါဘူးတဲ့ စာရေးဆရာ ကုန်ကြမ်းရှာတယ်လို့ပဲထင်ပါတယ်"

ဒီစာရေးဆရာဆိုတဲ့ စကားလုံးက အဆိပ်ပဲ။ တကယ့်စာရေးတရာလားဆိုတော့ မဟုတ်ဘူး။ ဟိုစပ်စပ်၊ ဒီစပ်စပ် လျှောတ်ရေးနေတတ်တာမျိုးလောက်ပဲ။ ဒါပေမယ့် အဲဒီစကားတစ်ခွန်းက အင်အားကြီးတယ်။ ကျွန်တော်ရှေ့ကို ဆက်တိုးသွားဖို့ ၉၉ရာခိုင်နူန်းလောက်ကို speedမြှင့်ပေးခဲ့တာပဲ။

ဒါပေမယ့် ယခုကြုံနေရတဲ့ ညထဲကို ငုံကြည့်ကြည့်လိုက်စမ်း။ လက်မောင်းပေါ်မှာ ကောင်မလေးတစ်ယောက်ဟာ အပူအပင်ကင်းစွာ အိပ်မောကျနေလေရဲ့။ သူမနာမည်ကတော့ ရွှေရည်။
ရွှေရည်ရဲ့ နားထင်စမှာ ချွေးစေးလေးတွေက စို့လို့ပေါ့။ မကြာခင်ကမှာ ခရီးဝေးတစ်ခုက ကျွန်တော်တို့ အပြင်းအထန်ပြေးလွှားပြီး ပြန်လာခဲ့ကြတာ မှတ်လား။

ဒါဟာ အရသာရှိတဲ့အရာလို့လည်း လောကီလူတို့ တွေးတတ်ကြတာပဲလေ။ ဒါဟာ သိပ်မဆန်းကြယ်ဘူးလို့ တစ်ချို့ဆိုကြသလို၊ တစ်ချို့ကလည်း ဆန်းတယ်လို့ ဆိုကြတယ်။ ဘာဖြစ်ဖြစ် ကျွန်တော်ကတော့ ရွှေရည်ကို လက်မောင်းပေါ်က အသာဖယ်ပြီး ဆေးလိပ်တစ်လိပ် ဖွာရှိုက်လိုက်တယ်။

မီခိုးငွေ့တွေထဲမှာ အလိမ်အညာစကားလုံးတစ်ချို့ဟာ ကျွန်တော်ကို မသတီစရာကောင်ကြီးလို့ ကြည့်သွားကြတယ်။ ဒါပေမယ့် ကျွန်တော်ဟာ မေဇော်ကို ကုန်ကြမ်းတစ်ခု အဖြစ် အသုံးချခဲ့တာမျိုးတော့ မဟုတ်ဘူး။

        မေဇော်ရဲ့ ဖြူလွှလွှလက်ချောင်းကလေးတွေဟာ ကျွန်တော်ကို ဖမ်းဆုတ်ကိုင်ဖို့ ကြိုးပမ်းမူဟာ နေရာပြောင်းသွားသင့်တယ်လို့ ကျွန်တော်ဘက်က ခံယူခဲ့မိရုံပဲ။
သူက ကောင်လေး လို့ ခေါ်ခဲ့တယ်။
တကယ်က လူယုတ်မာလေးလို့
ပြောင်းခေါ်လိုက်တာက မေဇော်အတွက် ပိုအဆင်ပြေနိုင်စရာရှိတယ်။
ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေလိုက်တယ်။ အဲကွန်းဖွင့်ထားရက်နဲ့ ကျွန်တော်ဟာ စည်းမရှိ ကမ်းမရှိ ဆေးလိပ်သောက်နေမိတယ်။

ဒီလိုလူမျိုးဟာ အိမ်မှာ ၁၂နာရီထိုးတာနဲ့ မိသားစုအားလုံး ထမင်းဝိုင်းမှာ ဆုံရမယ်ဆိုတာမျိုးတွေနဲ့ ဘယ်လို နီးနီးကပ်ကပ် ရှိမှာလဲ။

တကယ်ဆို ကျွန်တော်ဘေးမှာ မေဇော်ကို ရှိစေချင်ခဲ့ဖူးပါတယ်။ ဒါဟာ အရှက်တရားမဲ့စေလိုတဲ့ အနေအထားမျိုး မပါပါဘူး။ ကျွန်တော်ရှိစေချင်ခဲ့တာက သူ့ကို ဒေါသတော့ ပိုထွက်စေမယ်။ ဒါပေမယ့် အမှန်ကို ပို နီးနီးကပ်ကပ်မြင်လိမ့်မယ်။ ဒါမျိုးပါပဲ။

အရင်ကတော့ ကျွန်တော်ခံစားချက်အခြေအနေတွေကို အများကြီးပြောပြချင်တာရယ်၊  ကျွန်တော်အချစ်ကို ယုံကြည်ပေးစေချင်တာရယ်ကြောင့် ကိုယ်တိုင် သူ့ဆီ
ဇွတ်တိုးဝင်သွားခဲ့တာ။

အဲဒီတော့ အဲကွန်းက အချိန်ကြာလာတာနဲ့အမျှ တော်တော်အေးလာခဲ့တာပေါ့။ စောင်လေးက မလုံတလုံလေးဆိုတော့ စောင်အောက်က ကောင်မလေးကို အေးခဲနေစေမလားဘဲ။

ကြင်နာမူလေးနဲ့ စောင်ကိုလုံခြုံအောင် ခြုံပေးလိုက်တယ်။ သူ့ ကိုယ်လေး နည်းနည်းသိမ့်သွားတယ်။ ပါးကိုပါ ထပ်ပြီး ငုံနမ်းပေးလ်ုက်တယ်။
အဲဒီလိုမျိုးတော့ တစ်ခါတစ်ခါမှာ ကျွန်တော်ဟာ ရိုးသားဖြူစင်နေတတ်တယ်။



အချစ်သည် မည်သို့နည်း???Where stories live. Discover now