အခန်း(၂၃)
မန်းလေရောက်ပြီ။
ကားပေါ်ကဆင်းတော့ ဆိုင်ကယ်သမားတွေက ဘေးနားမှာ ဝိုင်းအုံလာပါလေရော။ အဲဒီအခြေအနေဟာ ကျွန်တော် စိတ်အညစ်ရဆုံး အခြေအနေဆိုတာ ပြောစရာလိုမယ်တောင် မထင်မိဘူး။ ဒါပေမယ့် ဆိုင်ကယ်က မဌားလို့မရဘူး။ ဌားကိုဌားသွားရမယ့် အနေအထားဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်ဆိုင်ကယ်စီးရတာ ကြောက်တယ်။
ကိုယ်တိုင်က နေရာပေါ်င်းစုံ ခရီးထွက်နေရတဲ့သူဆိုတော့ လမ်းမှာ ဆိုင်ကယ်အက်စီးဒင့်ပေါ်င်း အတော်များများကို မြင်ဖူးပါတယ်။ ဖြစ်လိုက်ရင်လည်း သိတဲ့အတိုင်း သေတာကများတာပဲ။ ဒါကြောင့် သားသမီးကိုချစ်ရင် ဆိုင်ကယ်မဝယ်ပေးနဲ့လို့ ကျွန်တော်တို့ခေတ်မှာ စကားတစ်ခွန်းပေါ်လာရတယ် ထင်ရဲ့။
ကယ်ရီသမားတွေ ကျွန်တော်လက်ကို ဆွဲသူက ဆွဲ။ ကျွန်တော်အိတ်ကို ဆွဲသူကဆွဲနဲ့။ စီးဟွားရေးပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ်ပေါ့၊ လူတစ်ဦးတစ်ယောက်ရဲ့ လုပ်ဆောင်မူ အခြားလူတစ်ယောက်ကို စိတ်ညစ်စေတာဟာ မကောင်းပါဘူး။
ဒါပေမယ့် သူတို့ဘက်က ပြန်ကြည့်တော့လည်း
ကားတွေဝင်တဲ့အချိန်ပဲ သူတို့မှာပိုက်ဆံရှာရတဲ့ အခြေအနေဆိုတာကို ကျွန်တော် နားလည်ပါတယ်။ဒါပေမယ့် အတင်းကြီး ဆွဲခေါ်နေတာမျိုးတွေကတော့ ယနေ့ခေတ်
လူ့ယဉ်ကျေးမူအရ မဖြစ်သင့်ပါဘူး။ သူတို့ကို ကျွန်တော် မသိချင်ယောင်ဆောင်နေရင်းနဲ့”ရွှေရည်တို့ ဘာနဲ့ပြန်မှာလဲ”
”အိမ်ကလာကြိုလိမ့်မယ် အကို”
”ဟုတ်လား၊ အဲဒါဆိုလည်း အကိုသွားတော့မယ်နော်။ နောက်မှ အကို ဖုန်းဆက်လိုက်မယ်...”
”ဟုတ်””အန်တီ ကျွန်တော်သွားတော့မယ်နော်...”
”အေး.. အေး..ပဲခူးရောက်ရင်လည်း... အိမ်လာလည်ဦးလေ။”
”ဟုက်ကဲ့..အန်တီ”
အဲဒီလိုနဲ့။ ကျွန်တော်ဆိုင်ကယ် ဌားပြီး ကျွန်တော်တို့ရုံးခန်းတည်ရှိရာ မြဝတီမင်းကြီးဦးစလမ်းကို လာခဲ့လိုက်တယ်။ လမ်းတစ်လျှောတ်လုံး ဆိုင်ကယ်တွေ ရှုပ်ပွထနေတာကိုလည်း မြင်ရတယ်။ ဆိုင်ကယ်မောင်းသူတွေကလည်း အဝင်အထွက်ရဲတင်းကြပုံကိုလည်း ကြောက်ခမန်းလိလိ မြင်တွေ့ရတယ်။ သူတို့အတွက်ကတော့ ရိုးအီနေကြမြင်းကွင်းပေါ့။ ကျွန်တော်တို့အတွက်ကတော့ အသဲတယားယားနဲ့မို့ ဘုရားတပြီး လိုက်ပါလာခဲ့ရတော့တာပါပဲ။
YOU ARE READING
အချစ်သည် မည်သို့နည်း???
Romanceအချစ်ဆိုတာ မီးပဲ... ရှို့တဲ့သူလည်း ပူတယ် အရှို့ ခံရတဲ့သူလည်း ပူတယ်