အခန်း(၆၀)

33 2 0
                                    

(၆၀)
ကျွန်တော် ပျော်စရာကောင်းလိမ့်မယ်လို့ ယူဆထားသမျှအားလုံးဟာ တကယ့်တကယ်အဆုံးသတ်မှာတော့ ကြေကွဲစရာတွေချည်း ဖြစ်လိမ့်မယ်လို့ ကျွန်တော်မတွေးတောခဲ့မိရိုး အမှန်ပါ။ မေဇော်တစ်ယောက်ကို ကျွန်တော်အာရုံလွဲမှာဖြစ်မယ်ဆိုတဲ့အသိဟာ ကျွန်တော်ရင်ထဲမှာ အတော်ကလေး လှိုင်း တန်ပိုးထန်လာခဲ့ပါတယ်။ ကျွန်တော်နဲ့ ဘာမှမသက်ဆိုင်ဘဲ စွတ်စွဲခံနေရတဲ့ stwsကို သူမမသိဘူးဆို ပေမယ့် ကျွန်တော်မျတ်နှာပူနေမိတယ်။ သူအာရုံထဲက stwsကို လွတ်မြောက်စေဖို့ အကောင်းဆုံးတည်ကြက်ကို ကျွန်တော်ရှာဖွေလိုက်တယ်။ အဲဒီတစ်ယောက်က အမွန်။ သူနဲ့ကျွန်တော်နဲ့က beetalkမှာကတည်းက ခင်လာကြတဲ့ ကဗျာသူငယ်ချင်းတွေပေါ့။ ဒီနေရာမှာ ရွှေရည်ကို မသုံးဘူးဆိုတာက ပြဿနာကြီးသထက်ကြီးမားလာမှာကို ကျွန်တော်မလိုလားလို့ပါ။ ပြီးတော့ ရွှေရည်ကို ကျွန်တော်ချစ်လို့ပါ။ ဆိုတော့ ကျွန်တော် အမွန်ရဲ့ wallမှာ အမွန်နဲ့ပတ်သက်နိုင်မယ့် ကဗျာတို လေးတစ်ပုဒ်သွားရေးထားလိုက်တယ်။ ဒီပို့စ်လေးနဲ့ ကျွန်တော်မေဇော်ကို အာရုံပြောင်းအောင် လုပ်ရမယ်။
....................
ကျွန်တော်ရည်မှန်းထားတဲ့အတိုင်းပဲ မေဇော် အာရုံပြောင်းသွားအောင် ကျွန်တော်လုပ်နိုင်ခဲ့ပါတယ်။ တစ်နေ့သူ ထုံးစံအတိုင်း stwsနဲ့ ပတ်သက်ပြီး ပြဿနာရှာတဲ့ အချိန်မှာ...
"ချစ် ဘာလို့ သူ့တစ်ယောက်ကို ဘာဖြစ်လို့ အဲဒီလောက် မသင်္ကာဖြစ်နေရတာလဲ။"
"သူကပဲ မသင်္ကာအကောင်းဆုံးလူလေ၊ သူ့ wallထဲမှာလည်း ကို့ကဗျာတွေရှိနေတာပဲလေ၊ အဲဒီတော့ ကျွန်မပြောတာ လွန်လို့လား။"
"မလွန်ပါဘူး ချစ်၊ ဒါပေမယ့် ကို အဲလိုကဗျာတွေ လျှောတ်ရေး ခဲ့တာက သူ့တစ်ခုတည်းမှ မဟုတ်တာ။"
"ဘာ"
"ဟုတ်တယ်လေ၊ ကိုသွားရေးတိုင်းသာ ချစ်သူဖြစ်နေရမယ်ဆိုရင်၊ ချစ်စဉ်းစားကြည့်ပေါ့။"
"ကိုက ဘာလဲ"
"ဟုတ်တယ် ။ ကို အမွန် wallထဲမှာလည်း ဝင်ရေးတယ် ။ ချစ်ဝင်ကြည့်ကြည့်ပေါ့။"
သေချာပါတယ်။ သူဝင်ကြည့်မယ်ဆိုတာ ဗေဒင်သွားမေးစရာမလိုပါဘူး။ အမွန် wallမှာ ကျွန်တော်ရေးထားတာလေးက တိုတိုလေးပါပဲ။
"ညီမလေးရေ...
မင်းမက်တဲ့ အိပ်မက်ထဲ
ငါ့ကို မင်းသားဖြစ်ခွင့်ပေးပါကွယ်....။"
အဲဒါလေးပါပဲ။ အဲဒီစာကြောင်းလေးကပဲ သူ့အာရုံကို အများကြီး ပြောင်းလဲသွားစေပါလိမ့်မယ်။ ကျွန်တော်တွေးထားတာ ဒီလောက်ပါပဲ။ ဒါပေမယ့် ပြဿနာက သူ ဒီထက်ပို ရှေ့တိုးခဲ့တာပါ။
"ကျွန်မ ကိုတို့နှစ်ယောက်ကို မယုံဘူး ။ ကျွန်မကို ကို့ရဲ့ passward ပေးပါ။"
"ဒါတော့အရမ်းများသွားပြီချစ်၊ ကို မပေးနိုင်ဘူး။"
"ကို ဘာလို့မပေးနိုင်ရတာလဲ၊ ကို မဟုတ်တာလုပ်ထားလို့ မပေးတာပေါ့။"
အခြေအနေက အရမ်းတင်းမာလာခဲ့ပါတယ်။
"ကို စဉ်းစားဦးမယ် ချစ်၊"
"စဉ်းစားမနေပါနဲ့ကို၊ ကျွန်မကို passwordမပေးနိုင်ရင် ထပ်မဆက်သွယ်ပါနဲ့တော့၊ "
ကျွန်တော် ဘာမှမတတ်နိုင်တော့ပြီ။ passwordမပေးလို့လည်း ရပါတယ်။ ဒါပေမယ့် ကျွန်တော်စိတ်ထဲမှာ မေဇော်နာကျင်ခံစားနေရမှာကို မလိုလားဘူး။ အိုးမေ့နေတာပဲ..ကျွန်တော် passwordပေးလိုက်လည်း usernameကို ကျွန်တော် emailနဲ့ဖွင့် ထားတာပဲ သူ ဝင်နိုင်ချင်မှ ဝင်နိုင်မှာပါ။ အကယ်လို ဝင်ဖြစ်သွားရင်ရော၊ ကျွန်တော်နဲ့ရွှေရည်စကားပြောထားတာတွေကို သူ သေချာပေါ်က် မြင်မယ်။ အဲဒီ အခြေအနေမှာ သူ ဘာဆက်လုပ်မလဲ။ ဒါ အရမ်းစိတ်ဝင်စားစရာ ကောင်းတာပဲ။ သူသာ ကျွန်တော်ကို အရမ်းချစ်တယ်ဆို သူ အဲလိုအခြေအနေတွေကို ကျော်ဖြတ်ပြီး ရှေ့တိုးလာမှာပါပဲ။ နောက်ပြီး ဒီအခြေအနေတွေအတွက် ရွှေရည်ကကော ဘာလုပ်မလဲ။ ဒါ ကျွန်တော်စွန့်စားရမယ့် အနေအထားတစ်ခုပဲ။ ကျန်ခဲ့မယ့် အရာဟာ ကျွန်တော်အဖိုးထားရမယ်အရာပဲ ဖြစ်တယ်။ ဟုတ်တယ်။ ကျွန်တော် ချက်ချင်းမေဇော်ဆီ ဖုန်းဆက်ပြီး passwordပေးလိုက်တယ်။ သူ ကျိန်းသေပေါ်က် မရရအောင် ဝင်ကြည့်ပါ လိမ့်မယ်။

အချစ်သည် မည်သို့နည်း???Donde viven las historias. Descúbrelo ahora