အခန်း(၇၁)

32 2 0
                                    


(၇၁)
ရွှေရည်က အရမ်းခေါ်င်းမာပါတယ်။ ဝေါကဆရာဝန်ပြောလိုက်တာကို သူမယုံကြည်ခဲ့ဘူး။ သူပဲခူးပြန်ရောက်တော့ ဆေးခန်းတစ်ခါ ထပ်သွားပြခဲ့တယ်။
"ကိုရယ်၊ ဆေးတွေက ပြင်းလိုက်တာ၊ ရွှေရည် ခေါ်င်းတွေတောင်မူးတယ်။"
"ခေါ်င်းတွေမူးနေတာလား၊ အစာစားပြီးမှ ဆေးသောက်တာ မဟုတ်ဘူးလား။"
"ဟုတ်တယ်။"
"အနာက ဘာဖြစ်တာလဲဆိုတာကော သိရပြီလား။"
"ရွှေရည် ဆေးရုံပြန်တတ်ရလိမ့်မယ် ကို။"
သူစကားကြောင့် ကျွန်တော်လန့်ဖျပ်သွားမိတယ်။ ဘာများဖြစ်လို့လဲပေါ့။
"ဘာလို့လဲ။"
"ဝေါက ဆရာဝန်ပြောလိုက်တဲ့အတိုင်းပဲ၊ အနာကခွဲရမယ်။"
"အဲဒါ စိုးရိမ်ရလားဟင်။"
"မစိုးရိမ်ရပါဘူးတဲ့၊ ဆီး လမ်းကြောင်းထဲ ပိုးဝင်သွားတာလို့တော့ ပြောတာပဲ။"
တစ်ခါမှမကြားဖူးသေးတဲ့ ဖြစ်ရပ်တစ်ခုအတွက် ကျွန်တော်အံလည်းအံသြနေမိတယ်။ နောက်ပြီး အဲဒါ ကျွန်တော်ကြောင့် ဖြစ်သွားရတာလားဆိုတဲ့ သံသယကဝင်လာမိတယ်။ သူဝေါလ်မသွားဖြစ်ခင်က ကျွန်တော်တို့အတူ အိပ် စက်ခဲ့ကြသေးတယ်။ ဒီလိုတွေးမိတော့ ကျွန်တော်ခေါ်င်းတွေ ထူပူသွားတယ်။
"ရွှေရည် အဲဒီလိုဖြစ်ရတာ ကိုကြောင့်လားဟင်။"
"မဟုတ်ပါဘူး။ ဒီလိုပဲ ဖြစ်တတ်တာပါ။"
သူ့စကားကြောင့် ကျွန်တော့် သံသယတွေ နည်းနည်းလွင့်စင်သွားတယ်။
"စိတ်မကောင်းဘူး ရွှေရည်ရယ်၊ အနာခွဲရမယ်ဆိုတော့ ပိုက်ဆံတွေ အများကြီးကုန်မှာပေါ့။"
"အင်းပေါ့၊ ညနေကဆေးခန်းသွားတော့ ရွှေရည်ကို ဆေးပဲထိုးပေးလိုက်တာ။ အဖျားကလည်း ၁၀၁တဲ့။"
"ဒါနဲ့ ၊ အဲလိုခွဲရမယ်ဆိုတာ ဘယ်သူက ပြောတာလဲ။ ဆရာဝန်လား။"
"အင်း၊ ဟုတ်တယ် ဆရာဝန်"
"ဆရာဝန်ဆိုတာ ဘာဆရာဝန်လဲ။"
"ခွဲစိတ်ဆရာဝန်..."
"ဟာ၊ မဟုတ်သေးဘူးနော် ၊ကို့ကို ဖြစ်ပျက်ပုံလေး ရှင်းအောင်ပြောပြပါလား။"
အမှန်တော့ ကျွန်တော်က ရောဂါလက္ခဏအကြောင်းကို အသေအချာမသိဘဲနဲ့ ဒေါ်တ်တာကွတ်စ်ရဲ့ စာအုပ်တွေဖတ်ပြီး ဆရာဝန်တွေအပေါ် အယုံအကြည်ကင်းမဲ့နေမိတဲ့ကောင်းပါ။ စဉ်းစားကြည့်လေ... ဟိုဆစ်လောကပဲ မုံရွာက ဆရာဝန်နဲ့သူ့မန်နေဂျာဆီက wyတွေဖမ်းဆီးရမိတဲ့ဆိုပဲ။ ကျွန်တော် အတော်စဉ်းစားသွားတယ် ။ ဒီဆရာဝန် wyတွေရှုပြီး လူနာတွေကို ဘယ်လိုများဆေးကုသလဲပေါ့။ ဆရာဝန်က သူ့ဟာသူဆေးသုံးထားပြီး လူတိုင်းကို ခင်ဗျားမှာ ဟိုရောဂါရှိတယ်၊ဒီရောဂါရှိတယ် ပြောနေရင်မခက်ပေဘူးလား။ ကျွန်တော်လည်းခံရတာပဲ။ ငယ်ငယ်က အမေမသိအောင် သိကြားတွေ ခိုးခိုးစားတာ။ အမေက ကျွန်တော်တို့ မောင်နှမ စားမှာစိုးလို့ သိကြားက မိုင်လို ပုလင်းထဲထည့်ပြီး သိမ်းထားတယ်လေ။ အမေသိမ်းထားတဲ့နေရာကို ကျွန်တော်တို့က သိတယ်လေ။ အဲဒါကြောင့်သိကြားဆို ဇွန်းနဲ့ခပ်ပြီးတော့ကို စားကြတာ။ သိပ်မကြာပါဘူး။ ကျွန်တော်ချောင်းတွေဆိုးပါလေရော။ အဲဒီချောင်းဆိုးနေတာက တစ်ပတ်၊နှစ်ပတ်ကြာတယ်။ မပျောက်ဘူးရယ်။ အဲဒါနဲ့ အမေကစိုး ရိမ်ပြီ ဆရာဝန်နဲ့ သွားပြတယ်။ ဆရာဝန်က ကျွန်တော်ကိုစစ်ပြီး အဆုတ်ကို ဓာတ်မှန်ရိုက်ခိုင်းနယ်။ ကျွန်တော်ကိုလည်း တီဘီဖြစ်နေတာလို့ ပြောတယ်။ ကျွန်တော်အမေကတော့ တငိုငိုတရယ်ရယ်နဲ့ရယ်။ အဲဒီအချိန်တုန်းက တီဘီဆေးကမပေါ်သေးတော့ တီဘီဖြစ်ရင်သေဖို့ရာခိုင်နူန်းများတယ် တွက်တာကို။ ဓာတ်မှန်လည်းမရိုက်ဖြစ်ပါဘူး။ ဓာတ်မှန်သွားရိုက်တဲ့နေ့မှာ ချောင်းလုံးဝမဆိုးဘဲ ၊ ပျောက်သွားတယ်။ အဲဒီကလေးဘဝကတည်းက ကျွန်တော်က ဆရာဝန်ဆို နည်းနည်းသံသယ ဝင်ချင်နေတော့တယ်။
"ဆရာဝန်က ဆေးရုံက ဆရာဝန်ပဲလေ၊ ဘာဖြစ်လို့ လဲ။"
"အရမ်း၊ အရမ်းမလုပ်ပါနဲ့ဦး ရွှေရည်ရယ်၊ မဟုတ်သေးဘူးနော်၊ ကို့ကိုတစ်ချက်လောက်ပြောပြကြည့်ပါလား၊ ဘယ်လိုတွေဖြစ်လဲဆိုတာ၊ ကို့ကို မရှက်ပါနဲ့။"
အမှန်တော့ ကျွန်တော်က ရောဂါ အခြေအနေကို မသိဘဲ အစိုးရိမ် ပိုနေခဲ့မိတာပါ။
"ရွှေရည်က သူ့ဆီက စာယူပြီး တခြားဆရာဝန်ဆီ သွားရဦးမှာ။ မိန်းမ အင်္ဂါမှာ အနာဖြစ်တာဆိုတော့ ပေါ့လို့မရဘူးလေ။"
"အင်းလေ၊ ကောင်းလာမယ် ထင်ရင်တော့ လုပ်လေ။"
ဒါပေမယ့် ကျွန်တော် မယုံရဲခဲ့ဘူး။ တစ်စုံတစ်ခုဖြစ်သွားမှာကို စိုးရိမ်နေခဲ့မိတယ်။
"စမ်းသပ်ကြည့်ပြီးရင်တော့ ခွဲသင့်ရင်ခွဲမယ်လို့ပြောတယ်။"
"တကယ်လို့ အနာဖြစ်တာဆိုရင် ပြည်ထွက်လား၊ အဖြူရော ဆင်းလား။"
"အနာက အတော်တော့ကြီးတယ်၊သွေးတွေလည်း မတရားဆင်းတယ်။"
ဘယ်လို အနာမျိုးပါလိမ့်။ ကျွန်တော်တော့ မစဉ်းစားတတ်အောင်ပါပဲ။
"အဲဒီအနာကို ရွှေရည် ထိလို့ကိုင်လို့ရလား၊ အနာကကော အတော်နာလား။"
"အင်း ရတယ်။ အတွင်းတော့ သိပ်မရောက်ဘူးလေ၊ အပြင်ဘက်မှာပဲ။ ဒါပေမယ့် လမ်းတောင်မတ်မတ်မလျှောတ်နိုင်ဘူး။ ဆီးတစ်ခါသွားတိုင်းလည်း အရမ်းနာတယ်။ ဆီးကျင်တာမျိုးလည်း မဟု တ်ပြန်ဘူး။"
သူက အသေးစိတ်ရှင်းပြတာမှန်ပေမယ့် ကျွန်တော်နားမလည်နိုင်သေးဘူး ဖြစ်နေတယ်။
"ရွှေရည် ဆရာဝန်တစ်ယောက်တည်းရဲ့ပြောစကားကို အမှန်လို့ မယူဆသင့်ဘူး။ ဒါက ပေါ့ပေါ့လေးမဟုတ်လို့ ဂရုစိုက်ရမယ်။"
"အဲဒါကြောင့် မနက်ဖြန် ဆေးရုံသွားပြမှာလေ။"
သူနဲ့ကျွန်တော်ကြား နားလည်မူ နည်းနည်းလေး ကပ်လွဲနေခဲ့တယ်။
"နောက်တစ်ခုက ရွှေရည်ဆေးထိုးထားသေးတယ်လေ။ အဲဒီရဲ့ ဆိုးကျိုးတွေလည်း ဖြစ်နိုင်တာပဲ။"
"ပိုးသတ်ဆေးကို ပြောတာလား။"
"မဟုတ်ဘူးလေ၊ ဟိုဆေး(သန္ဓေတားဆေး)ကို ပြောတာလေ။ အဲဒီဆေးက လူတိုင်းနဲ့ မတည့်ဘူးမှတ်လား။"
"အော်၊ သိပြီ။မဆိုင်ဘူး အဲဒါနဲ့၊ ဆရာဝန်ကို မေးလာခဲ့ပြီးပြီ။"
ဒီလိုဆိုရင်တော့ ကျွန်တော်ဘက်က သံသယဝင်စရာ အချက် တစ်ခုမှရှိမနေသင့်တော့ပါဘူး။ သူ့ဘက်ကလည်း အသေအချာစီစဉ်ပြီးနေပြီပဲ။ အခြေအနေကောင်းလာလိမ့်မယ်လို့ပဲ ၊ ကျွန်တော် ယုံကြည်လိုက်ပါတော့တယ်။
"အဲဒါ ဆိုလည်း၊ ဆေးရုံပဲ သွားပြကြည့်လိုက်တော့နော်။"
"ဒါပေမယ့် ရွှေရည် ကြောက်တယ်။"
"ရွှေရည်ရယ်၊ မကြောက်ပါနဲ့။"
"ကိုကော၊ သက်သာရဲ့လားဟင်၊ "
"သက်သာပါတယ် ရွှေရည်၊ ကို့အတွက် စိတ်မပူပါနဲ့နော်၊ သိပ်လည်းမကြောက်ပါနဲ့ ရွှေရည်ရယ်။ ဆီးလမ်းကြောင်းထဲ ပိုးဝင်တယ်ဆိုတာက အခန့်မသင့်ရင် ဖြစ်တတ်တာပဲဟာ။ ဒါပေမယ် ပိုးဝင်ပြီး အနာဖြစ်လို့ ခွဲရတယ်ဆိုတာတော့ ကို ခုမှကြားဖူးတာ။"
"ရွှေရည်လည်း မသိတော့ဘူး ကိုရယ်။"
အဲဒီလိုနဲ့ပဲ။ ကျွန်တော်ညတွေက မိုး စင်စင်လင်းခဲ့ရပါတယ်။ စိုးရိမ်ပူပန်မူတွေက ကျွန်တော်စိတ်ထဲကို ခိုဝင် တိုက်ခိုက်လို့ နေပါတော့တယ်။.

အချစ်သည် မည်သို့နည်း???Where stories live. Discover now