အခန်း(၁၈)

39 2 0
                                    


အခန်း(၁၈)
ရွှေရည်ဝင်း
********
ကျွန်မမှာ အရမ်းချစ်ရတဲ့ ချစ်သူ တစ်ယောက်ရှိပါတယ်။ သူ့နာမည်က ဇေယျ၊ ကျွန်မက သူ့ကို "မောင်" လို့ ခေါ်တယ်။ သူက ကျွန်မကို "မ" လို့ခေါ်တယ်။

ချစ်မလို့လည်းခေါ်တယ်။
ချစ်သူသက်တမ်းတစ်လျှောတ်မှာ အမှတ်တရတွေ အများကြီး ရှိခဲ့ကြဖူးတယ်။ ရင်းနှီးမူတွေလည်း  ကျွံခဲ့ကြဖူးတယ်။အဆိုးဆုံးက  ကျွန်မကို "မောင်"က သူ့အသိုင်းအဝိုင်းထဲ ခေါ်သွားခဲ့ဖူးတာပါပဲ။ မောင့်ရဲ့ အဖေနဲ့အမေက မောင့်ကို အရမ်းချစ်ကြတယ်။  မောင့်နဲ့ကျွန်မ လက်ထပ်ပြီးသွားရင် သူတို့သားကို ကျွန်မက ဆွဲခေါ်ထုတ်သွားမှာကိုလည်း သူတို့ အရမ်းကြောက်ရွံနေကြတယ်။ ဒါပေမယ့် ကျွန်မ ဘာမှမဆုံးဖြတ်ရသေးခင်မှာပဲ၊ မောင်က ကျွန်မကို အဆုံးအဖြတ်ပေးခဲ့ပါတယ်။ ကျွန်မကို အဆက်အသွယ်ဖြတ်ပြီး မောင် ကျောခိုင်းထွက်သွားတယ်။
ကျွန်မဘဝရေး အချစ်ရေးက ဘယ်တော့မှ အဆင်ပြေတယ်ကို မရှိပါဘူး။ ဒါ ကျွန်မရဲ့ ညံဖျင်းမူကြောင့်လား။ ဟင့်အင်း၊ မဟုတ်ဘူး။ ယောကျာ်းတွေ ကိုယ်တိုင်ကိုက သစ္စာမရှိတာ ဖြစ်မှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ မောင်ကို ဘယ်လိုမှ မေ့မရခဲ့ဘူး။ နေ့စဉ်နဲ့အမျှ ငိုယိုနေမိတဲ့ ကျွန်မကြောင့်၊ ကျွန်မအမေက မောင့်ကို စိတ်နာသွားတယ်။ အသိုင်းအဝိုင်းတစ်ခုထဲ ယူမယ်လို့ ချပြခဲ့ပြီးမှ အဆက်အသွယ်ဖြတ်သွားတဲ့ မောင့်ကို ကျွန်မအမေက အရမ်းနားကျည်းနေခဲ့တယ်။ ကျွန်မကတော့ မောင့်ကို မနာကျည်းရက်ခဲ့ဘူး။ ကျွန်မက မောင့်ကို အရမ်းချစ်မိခဲ့တာကို၊ အချိန်တိုင်း မောင့်ကို သတိရတယ်။

နေ့စဉ်ရုန်းကန်လှုပ်ရှားသမျှထဲမှာ မောင့်အရိပ်တွေက ကျွန်မနားမှာ တွယ်ကပ်နေဆဲပဲ။ မောင့်ကိုလွမ်းတိုင်း မောင်နဲ့ဆင်တူဝယ်ထားတဲ့ အကျီလေးကို ကျွန်မထုတ်ထုတ်ဝတ်ဖြစ်တယ်။

ကျွန်မ ဘယ်လိုမှ မေ့မရခဲ့ပါဘူး။ မောင်နဲ့ အဆက်အသွယ်ပြန်ရဖို့ကို ကျွန်မအပူတပြင်း စုံစမ်းနေဆဲပဲ။ အရာအားလုံးကို မောင်က ဘလော့သွားခဲ့ပေမယ့် ကျွန်မကတော့ ပြောခဲ့သမျှ စကားလေးတွေကို ပြန်ဖတ်ရင်း မောင် ဘယ်မှာလဲလို့ စိတ်ကူးနဲ့ ရှာဖွေကြည့်ခဲ့ရတယ်။ မောင် တစ်နေရာရာမှာ ပုန်းရှောင်နေခဲ့တာလားကွယ်။

အချစ်သည် မည်သို့နည်း???Donde viven las historias. Descúbrelo ahora