အခန်း(၈၀)

51 2 0
                                    

အခန်း(၈၀)

အချစ်ဟာ အမြဲတမ်း ပျော်စရာကောင်းနေလိမ့်မယ်လို့ ဘယ်သူက အတပ်ပြောရဲမှာလည်း။ တကယ်တော့ ရွှေရည်ကိုချစ်ရတာ စက္ကူစွန် လွှတ်နေရတာနဲ့ တူပါတယ်။ လျော့ရလိုက်၊ တင်းရလိုက်နဲ့၊ ဘယ်အချိန် ကြိုးပြတ်သွားမယ်ဆိုတာ မသိနိုင်အောင်ပါပဲ။
"ကိုပြောတော့ ထမင်းစားမို့ဆို။"
"မစားရသေးဘူး စာအုပ်ဒေါင်းနေတာနဲ့။အခုစားမယ်လေ နော် အမြန်စားလိုက်မယ်။"
ကျွန်တော်ကြိုက်တဲ့ တာရာမင်းဝေစာအုပ်လေးတစ်အုပ် ဒေါ်င်းနေတာနဲ့ လိုင်းပေါ်က ဆင်းမယ်ဆိုပြီး ၊ ကျွန်တော် ချက်ချင်း မဆင်းဖြစ်ခဲ့ဘူး။
"ဟုတ်လို့လား။"
သူ ဘာကြောင့်မေးသလဲဆိုတာ ကျွန်တော်သိပါတယ်။ အဲဒီအချိန် လိုင်းပေါ်မှာ မေဇော်လည်း ရှိနေလို့ပါ။ ဒါပေမယ့် ကျွန်တော်နဲ့မေဇော် လုံးဝကို စကားမပြောဖြစ်ပါဘူး။ ကျွန်တော်တို့ သာမန်သူငယ်ချင်းတွေလိုပဲ အရေးအကြောင်းရှိမှပဲ စကားပြောဖြစ်ကြတော့တာပါ။
"တကယ်ပါ။ စာအုပ်လင့်ထဲရောက်နေတာပါ။"
ပြီးတော့ ကျွန်တော်ထမင်းကို ခပ်မြန်မြန်စားပြီး လိုင်းပေါ်ပြန်တတ်လာခဲ့လိုက်ပါတယ်။
"စိတ်ဆိုးသွားတာလားကွာ။ တကယ်စာအုပ်ထဲ အာရုံရောက်သွားလို့ပါ။"
"လုပ်စရာရှိတာ လုပ်ပါ။"
"တကယ်ပြီးသွားပါပြီကွာ။ စိတ်မဆိုးပါနဲ့ကွာ ကိုမနေတတ်လို့ပါ။"
"အနှောင့်အယှက်ဖြစ်နေပါ့မယ်။ လုပ်စရာရှိတာ လုပ်ပါ။"
အဲနောက်ပိုင်း ကျွန်တော်ကြိုးစားပြီး ချော့ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ အဆင်မပြေဘူးရယ်။ ဒီတော့ ကျွန်တော်လည်း မထူးဇာတ်ခင်းရပါတော့တယ်။
"ရွှေရည် အဆင်ပြေဖို့ပဲ အရေးကြီးတာပါ။ ကို့ကို အလေးမထားချင်တော့တာ မှတ်လား။ ကိုကတော့ ဝမ်းနည်တာပေါ့။ ဒါပေမယ့် အဲလိုလုပ်ရမှ စိတ်ကျေနပ်မယ်ဆိုရင်တော့လုပ်ပါ။ ဝမ်းနည်းရလည်း ဟန်ဆောင်နေပါ့မယ်။😔😔😔😔😔😔"
ကျွန်တော်ထိုးနှက်ချက်က ထိရောက်ပါတယ်။ သူချက်ချင်းပဲ ကျွန်တော်ကို voice callလှမ်းခေါ်ပါတော့တယ်။ ကျွန်တော်မကိုင်ဘူး။ ဒီတော့ သူကလည်း ပြန်ချေပတယ်လေ။
"မှားနှိတ်မိလိုက်တာ"
ကျွန်တော် ရယ်လည်းရယ်ချင်မိတယ်။ သူက ထပ်ဆင့်တိုးပြီး အသေးလေးနဲ့စကားပြောထားတာတွေကို screen shot ရိုက်ပို့ပါတော့တယ်။ သူရဲ့ပို့စ်တစ်ခုအောက်မှာ အသေးလေးက ငယ်လို့ခေါ်ပြီး သူ့ကို ဝင်မန့်ထားခဲ့တယ်။ အဲဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်လည်း မကျေနပ်တာ အမှန်ပါ။ ဒါပေမယ့် ကျွန်တော်သူ့ကို ဘာမှမပြောခဲ့ဘူး။
ရွှေရည်...ဒါကလေ ငယ်လို့ခေါ်လိုက်တာလား။
အသေးလေး.ဘာလို့လဲ၊ ဟုတ်တယ်၊ ငယ်လို့ရေးလိုက်တာပါ။
ရွှေရည်...အိမ်မှာက ငယ်လေးလို့ခေါ်ကြတာပဲ။ (ဒီအကြောင်းကို အသေးလေးက ဘယ်လိုသိရတာလဲ။)
အသေးလေ...ဝေဝေကို ငယ်လေးလို့ခေါ်ကြတာလား
ရွှေရည်...ဟုတ်၊ အဖေခေါ်တာပါ။(ရှေ့နေ့ကလည်း ခေါ်ပါတယ်။)
အသေးလေး...အာ့ဆို ၊ တိုက်ဆိုင်သွားတာပေါ့။(ဖြစ်မှဖြစ်ရလေ။)
ကျွန်တော်လည်း မခံစားနိုင်ဘူးလေ။
"ကိုတော့ တမင်ရေးတယ်ထင်မိတာပဲ။"
သူပြန်မဖြေရှင်းသေးဘဲ။ စကားလမ်းကြောင်းပြောင်းလိုက်တယ်။
"Kg Lay ကိုမေးတာက သူ့မန်းစတေကာတွေအောက်မှာ likeပေးလို့ မေးကြည့်တာပါတဲ့။"
"တစ်ခါတစ်လေကျရင် ကိုက သူများမန့်တာတွေသဘောကျပြီး like လျှောတ်ပေးတတ်တယ်။"
"တခြားဘာမှမရှိဘူး အာ့တာကြောင့်လို့ပြောတာပဲ။"
"ရွှေရည်က စိတ်ပူနေလို့လား။"
"စိတ်ပူစရာမရှိဘူး။ သိချင်လို့မေးလိုက်တာ။"
"အင်း အဲလိုမေးလိုက်တော့လည်း ကောင်းတာပေါ့။ အဖြေတစ်ခုကို ရှင်းရှင်းလင်းလင်းသိရတယ်လေ။"
"ရွှေရည် ဘဝကို ကိုကလွဲရင် ဘယ်သူမှ စွတ်ဖက်လို့မရဘူး။ ကိုတောင် ချစ်နေသေးလို့။"
သူ့စကားက အကြမ်းကြီးရယ်။ ချစ်နေသေးလို့ဆိုတာကဘာလဲ။ နောက်ဆို ချစ်ချင်မှချစ်မှာလို့ ဆိုလိုတာလား။…
"ကိုယုံပါတယ်။ ဒါပေမယ့် ကိုလည်းအဲလိုမျိုးတော့ ဝင်မစွတ်ဖတ်တတ်ဘူးရယ်။ အကယ်၍စွတ်ဖတ်မိရင်တောင် တိုက်ဆိုင်တာပဲနေမှာ။"
"နေတတ်သူအဖို့တော့ သာယာတာပေါ့။"
သူကလည်း လိုက်ရွဲ့လာခဲ့ပြီလေ။
"အဲလိုမဟုတ်ပါဘူး။ ကိုကြောင့်တဖတ်သား စိတ်အနှောင့်အယှတ်ဖြစ်တာမျိုးမလုပ်ချင်တာ။"
"ကောင်းတာပေါ့။"
"အင်း ကောင်းတယ်လို့တော့ ထင်တာပဲ။ ဒါပေမယ့် ကိုရေးထားတဲ့စာတစ်ကြောင်းတော့ရှိတယ်။ ဟန်ဆောင်ကောင်းသူရဲ့ ရင်ထဲမှာ ဒဏ်ရာတွေဗရပွပါတဲ့။"
"ရွှေရည် ကတော့ ဟန်မဆောင်ဘူးတော့ မသိဘူး။"
ဒီနောက်ပိုင်းမှာ သူ့တိုက်စစ်တွေက ပြင်းထန်လာပါတယ်။
"ရွှေရည် ကို groups ထဲကထုတ်ပေးပါ။"
ကျွန်တော် စောဒကမတတ်တော့ဘူး။ ကျွန်တော်အပေါ် မကြည်ညိုတော့မှန်း ကျွန်တော်သိနေပြီပဲလေ။
"တကယ်က ကိုယ့်ဟာကိုယ်ထွက်လို့ရပါတယ်။ ဒါပေမယ့် လုပ်ပေးလိုက်တယ်။"
ရင်ထဲမှာ မီးတောင်တစ်ခု ပေါ်က်ကွဲနေခဲ့ပါပြီ။
"မလုပ်တတ်လို့ပေါ့။ စကားပြောတာကိုက အထစ်အငေါ့နဲ့။ မလုပ်တတ်လို့ပြောမိတာပါ
လုပ်တတ်မှဖြင့်ပြောမနေဘူး။ Phပြောမယ် အဆင်ပြေမလား။"
"ဟင့်အင်း မပြေဘူးရယ် အားသွင်းရင်သုံးနေရလို့်။"
"ကိုကနော် ဘယ်လိုလဲမသိဘူး။ ပြောလိုက်ရင် ယုံကြည်အောင်မလုပ်ပြတတ်ဘူး
ဒီအကျင့်တွေနဲ့ နေသားကြနေပြီ ဒါနဲ့ပဲ၊ အရင်ကဆို ဆင်းဦး မယ်ပြောတယ်။ ခုတော့ဂရုစိုက်စရာမလိုတော့ဘူး။ ရွှေရည်  ခုလိုဖြစ်အောင်များတမင်လုပ်နေတာလား
ဟိုအမလိုပေါ့ ရှေ့မဆက်ချင်ဘူးမပြောပဲ ကိုယ်က မဆက်သွယ်ရင် သူဆက်မှာမဟုတ်ဘူး ဆိုသလိုပေါ့။ ခုကိုက phပါ မဆက်တော့ဘူး။"
ကျွန်တော် ဘာမှဆက်မဖြေရှင်းချင်တော့ပါဘူး။
"အင်း ကို မကောင်းခဲ့မိဘူး။"
"ပြသနာက ဆက်နေပြီ။"
"အင်း ကိုလည်းမဖြစ်ချင်ခဲ့ပါဘူး။"
"မိန်းမတိုင်းကတော့ ကိုယ့်ချစ်သူဆီက ကြင်နာမှူတော့ လိုချင်ကြတာပါပဲ။ ရွှေရည်တော်တော်ခံစားရတယ်။ နေမရဘူး။"
"အဲလိုဖြစ်ရအောင်မလုပ်ခဲ့ပါဘူး။"
"ရွှေရည် ဆို ကိုနားလည်ပေးပေမယ့် ကိုစိတ်ထဲ အဖုအထစ်မဖြစ်ရအောင် ကိုမမေးလဲ ရွှေရည်ပြောပြတယ်။ မြင်ရင်အထင်မှားမှာဆိုးတယ်
မမေးပဲ စိတ်ထဲ ခံစားနေရမှာဆိုးတယ်။"
"အင်း  အခုဘာကိုစိတ်ခုလို့လဲ။"
"ရွှေရည် ဘေးမှာကိုမရှိသလို ခံစားရတယ်။ ပြောပြထားတာကို ဘာကိုစိတ်ခုလဲဆိုတော့ ဘယ်လိုပြောရမလဲ။ အချိန်ကြာလာတာနဲ့အမျှ ဒီလိုပါပဲ။"
"ဆိုလိုတာက ကိုပြောင်းလဲသွားတယ်ပေါ့။"
"ဟုတ်တယ်။"
"ကိုယ့်ကိုကိုယ်တော့ ပြောင်းလဲခဲ့တယ်လို့ မထင်ခဲ့မိဘူး။အဲလိုဖြစ်သွားရတဲ့အတွက် တောင်းပန်ပါတယ်။"
တကယ်တော့ သူဟာ ယောကျာ်းတစ်ယောက်ရဲ့သဝန်တိုမူကို မသိချင်ယောင်နေခဲ့တဲ့သူပါပဲ။

အချစ်သည် မည်သို့နည်း???Where stories live. Discover now