(၂)

47 2 0
                                    

အခန်း(၂)

ယုံကြည်မူ...

ဒီစကားလုံးက အရမ်းကို
လေးနတ်ကျယ်ပြန့်လွန်းတယ်။
ကျွန်တော်ငယ်ငယ်ကတော့ ကျွန်တော်အပေါ်မယုံကြည်တဲ့လူတွေကို
ကျွန်တော် သိပ်ဂရုမစိုက်တတ်ဘူး။

ဘယ်သူကိုမှလည်း ယုံကြည်အောင် လိုက်လုပ်ပြမနေတတ်ဘူး။
ကျွန်တော်ဘာသာ ကျွန်တော် လုပ်စရာရှိတာကို လုပ်တယ်။
ကျွန်တော်လုပ်တာကို ယုံချင်ယုံ၊ မယုံချင်နေ ကျွန်တော် သိပ်အလေးအနတ်မထားခဲ့ဘူး။
အခုတော့ ခံယူချက်တွေဟာ လွှဲမှားမူ
ကို ဖြစ်ပေါ်လာစေခဲ့ပြီလေ..။

အခန်းထဲမှာ..
အညိုရောင်ကောင်မလေးကတော့ မောဟိုက်စွာနဲ့ အိပ်မောကျသွားခဲ့ပြီ။
ကျွန်တော်ကတော့ မောဟတစ်ချို့နဲ့
အိပ်မပျော်နိုင်သေးဘူး။
အခန်းရဲ့ လိုက်ကာစကို လှပ်ပြီး
အပြင်ကိုကြည့်လိုက်တော့ ဘုရားကြီးကို လှမ်းမြင်ရတယ်။
ညရဲ့ရှုခင်းထဲမှာ သပ္ပါယ်စွာ တည်ရှိနေတယ်။
တစ်နေ့နေ့တော့ ရောက်အောင်သွားဖူးမှပဲလို့ စိတ်ထဲမှာ ကျွန်တော်တွေး
ထားလိုက်တယ်။

ရွှေရည်ဟာ ကျွန်တော်ကို ယုံကြည်လို
့ထင်ပါရဲ့..ဒါကြောင့်သာ သူ့ကျွန်တော်ကို ဒီလိုအခွင့်အရေးမျိုးပေးပြီး လက်ခံတွေ့ဆုံခဲ့တာပေါ.။

ဒါဆို မေဇော်ကကော....?????

မေဇော်....
သူဟာ တကယ်တော့ ရဲရင့်မူတွေ၊
ပြတ်သားမူတွေ ရှိနေတဲ့ အမျိုးသမီး
တစ်ယောက်လို ဆိုနိုင်ပါတယ်။
သူဆီမှာ ကြင်နာမူတွေလည်း ရှိသလို
သံသယတွေလည်း ရှိတယ်။
သူ ကျွန်တော်အပေါ် အရမ်းကောင်းခဲ့တဲ့ အချက်တစ်ခုကတော့....
ကျွန်တော်ရဲ့ စိတ်ရှုပ်ရတဲ့ အကြောင်း
အရာတွေကို သူ မညည်းမညူဘဲ
နားထောင်ပေးတတ်တာပါ။
ဘယ်လိုအချိန်မျိုး၊ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ်..သူမက တစ်ခွန်းမှ ပြန်မပြောဘဲ ငြိမ်ငြိမ်လေး နားထောင်နေ
တတ်တယ်။

"ကို ဘာလုပ်နေတာလဲ။"

နောက်လှည့်ကြည့်လိုက်တော့ နိုးနေတဲ့
ရွှေရည်ကို တွေ့လိုက်ရတယ်။

"ဆေးလိပ်သောက်နေတာ"

"အဲကွန်းကလည်း ဘာဖြစ်သွားရပြန်တာလဲ။ မအေးတော့ သလိုပဲနော်။"

အချစ်သည် မည်သို့နည်း???Where stories live. Discover now