အခန်း(၈၆)

23 2 0
                                    

အခန်း(၈၆)

ရွှေရည်နဲ့ တွေ့ပြီး မကြာခင်မှာပဲ ရွှေရည်မုံရွာကို ထွက်သွားတယ်။ ကျွန်တော်ကိုတော့ မသွားချင်သွားချင်နဲ့ သွားရတာပါလို့ပြောတာပဲ။ ဒါပေမယ့် ကျွန်တော်ဘက်ကို သူထည့် မစဉ်းစားခဲ့ဘူး။ နောက်နားလည်လိုက်တာတစ်ခုက လူတွေဟာ နောက်ဆုံး သူတို့စားကျက်ကိုပဲ သူတို့ပြန်သွားကြပါလားလို့ပါ။ အခု ကျွန်တော်ဆန္ဒတွေ ဘာမှသိပ်ထုတ်မဖော်ရဲတော့ဘူး။ မဖြစ်လာနိုင်တော့တာ ကျွန်တော်သိပြီလေ။ ဒါပေမယ့် ကျွန်တော်အချစ်တွေကတော့ သူ့အပေါ် မပြောင်းလဲခဲ့ပါဘူး။ ကျွန်တော်ဘက်က အမြဲတမ်းသူ့အပေါ်သဘောရိုးခဲ့တယ်။
"အချိန်များများဝင်ရရင် ပိုက်ဆံများများပို ရတယ် မှတ်လား။ အာ့မိန်းမကြိုးစားလေ။ မိန်းမကအသစ်ဆိုတော့၊ အဆင်မပြေသေးဘူးထင်တယ်။
ယောကျာ်းအကြံပေးမယ်။ မိန်းမတို့ထဲကမိတ်များတဲ့တစ်ယောက်ကိုမိန်းမ
အပိုင်ပေါ်င်းထားသင့်တယ် ထင်တယ်။ "
ကျွန်တော် ဒီစကားတွေမပြောချင်ခဲ့ဘူး။ ဒါပေမယ့် ဒီစကားတွေထဲမှာ ကျွန်တော်ဆန္ဒတွေပါတယ် ဆိုတာကို သူနားလည်စေချင်ခဲ့တယ်။
"ဟင့်အင်း။ မိန်းမအာ့လို မခပါဘူး။ သူ့ဘာသာဖြစ်လာလိမ့်မယ်လေ။"
"ယုံပါတယ် ကို့မိန်းမက တော်ပြီးသားပဲဟာ။"
ဒါကြောင့်လည်း ကျွန်တော်ဆိုတဲ့ကောင် ကျရှုံးနေရ....။
"ဒီအလုပ်မှာတော့ မချီးကျူးပါနဲ့ယောင်္ကျားရယ်။"
အော်...လုပ်ကိုင်ဖို့ထွက်သွားပြီမှ မလုပ်ချင်ပါဘူးလို့ ဆိုနေတုန်းပါလား။
"ဘယ်အလုပ်ဖြစ်ဖြစ် အလုပ်ကအလုပ်ပဲမဟုတ်ဘူးလား။"
"အလုပ်ပေမယ့်လို့ ဒီအလုပ်မှာတော်တယ်ဆိုတာ ဂုဏ်ယူစရာမှမဟုတ်တာ။"
အဲဒီလောက် သူသိနေတာတောင် ဘာအတွက်သွားရတာလဲ။ ရင်ထဲကမကျေနပ်စိတ်တွေ ဖွားကနဲ ပေါ်လာမိတော့တယ်။
"မိန်းမ! ယောကျာ်းပြောရင်မိန်းမစိတ်ဆိုးဦးမယ်။ မိန်းမအလုပ်မကြိုးစားးချင်ဘူး၊ စိတ်ပါဝင်စာမူ မရှိဘူးဆိုရင် အာ့အလုပ်ကို အစကတည်း မလုပ်သင့်ဘူး။ မိန်းမ အကယ်၍ လုပ်မယ်လို့ဆုံးဖြတ်ပြီးခဲ့ပြီဆို၊ လုပ်ရင်တော့ အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ လိုချင်တာတစ်ခုရှိတယ်ဆိုရင် တစ်ခုကိုတော့၊ ပေးဆပ်ရတာ သဘာဝပဲလေ။ အဲ့တော့စိတ်ကိုတင်းပါ။ အင်း ဖုန်းအားမရှိဘူး ကိုဆင်းတော့မယ်။"
ကြာလေလေ ရုန်းထွက်မနိုင်ဖြစ်နေဦးမှာပဲ အဲဒီအလုပ်က၊ စောင့်ကြည့်နေရဦးမယ်။ ဒါပေမယ့် ကျွန်တော်တို့အနာဂတ်တွေ မသေချာဖို့များတယ်။
"မိန်းမ အလုပ်ဝင်တော့မယ်နော်။
"တစ်ယောက်တည်းလား။"
"ဟုတ် ပါဘူး။"
"အင်း ဝင်လေမိန်းမ။"
ဒီစကားတွေကို ကျွန်တော်ဘယ်လောက်အားတင်းပြီး ပြောခဲ့ရတယ်ဆိုတာ သူသိနိုင်မလား။ တခြားယောကျာ်းတွေနဲ့ အတူတွဲပြီးသီချင်းဆိုနေ၊ ဘီယာသောက်နေမှာကို မြင်ယောင်မိတိုင်း ကျွန်တော်အတွေးတွေကို ကျွန်တော် ဘယ်လိုဖျောက်ပစ်ရမှာလည်း။ ကျွန်တော်လျှောတ်နေတဲ့လမ်း အလင်းတွေလုံးဝကို ပိတ်လွန်းပါတော့တယ်။
"ယောကျာ်းရယ်၊ လုပ်ရတာ စိတ်မပါဘူး။"
ကျွန်တော် ဘာပြောပေးရမလဲ။
"မိန်းမ စိတ်မပါဘူးဆိုတာက မိန်းမစိတ်ထဲမှာ အခြားအရာတွေရှိနေတာကို။ ကိုက မိန်းမပျော်ရွှင်နေတာပဲမြင်ချင်တဲ့သူပါ။"
"မပျော်ရွှင်နိုင်ပါဘူး ယောင်္ကျား ရယ်။ ဘာဖြစ်နေမှန်းကိုမသိဘူး။ အိမ်ပဲပြန်ချင်နေတယ်။"
"မိန်းမစိတ်ဖိစီးနေတာလေ။ အိမ်ကိုလည်းစိတ်မချ နောက်ဆံတင်းနေရတာကို၊ ဟူး ယောကျာ်းတော့ ဘာမှဝင်မပြောချင်ပါဘူးလေ။ မိန်းမအိမ်အကြောင်းမိန်းမအသိဆုံးဆိုတော့။ ယောကျာ်းနဲ့တွေ့တဲ့အချိန်ကတောင်မိန်းမက
ဘာမှမပြောခဲ့ဘူးလေ။ "
ပြောရင်ပြောရင်းနဲ့ ကျွန်တော်မကျေနပ်တာတွေပါ ရောပြီးပါကုန်ပါတော့တယ်။ အချိန်ကြာအောင်လည်း ကျွန်တော်သိမ်းဆည်းမထားနိုင်ပါဘူး။
"ဘာကိုလဲ။"
"ဟုတ်တယ် မိန်းမရေ ပထမကမိန်းမ
ယောကျာ်းကိုမပြောဘူးဆိုတဲ့စိတ်ကူးရှိခဲ့ပုံရတယ်။ ယောကျာ်းနဲ့စကားများရန်ဖြစ်တဲ့အချိန်ကျမှ၊ မိန်းမကပြောခဲ့တာလေ။"
"အာ့တာက ဘာမှမစီစဉ်ရသေးတာပါ။ အိမ်ရောက်မှ အမေ့ပစ္စည်းဘောင်ချာကြည့်မိတော့မှ၊ ဖြစ်လာတာပါ။ ပြောမလို့ကို ဘယ်လိုပြောရမယ်မသိတာနဲ့၊ စကားများတော့ပြောဖြစ်သွားတာ။"
လူတိုင်း၊လူတိုင်းဟာ အမှန်ပြောဖို့ ဝန်လေးနေကြဆဲလား။ ကိုယ့်အပြစ်ကိုကော၊ သူများအပြစ်လုပ်နေကြဆဲပဲလား။ မင်းဘဝ အဲလိုမဖြစ်ပါစေနဲ့ ရွှေရည်။
"ဘာဖြစ်ဖြစ်ပေါ့ လောလောဆယ်တော့
အကောင်းဆုံးဖြစ်အောင်ကြိုးစားပေါ့လေ။ အားလုံးကငြိုငြင်လာကျရင်မကောင်းဘူးပေါ့။ အဲလိုဖြစ်လာမယ့်အခြေအနေထက်စာရင်တော့
ဘာမှမလုပ်ခဲ့ တာ
ပိုအကောင်းဆုံးပဲမိန်းမ။ လုပ်လည်းလုပ်ရငြိုငြင်လည်းခံရဆိုအဓ်ပ္ပါယ်မရှိဘူး။ လူတွေကလာတယ်ဆိုတာပျော်ချင်လို့ သူတို့ပိုက်ဆံအကုန်ခံပြီးလာတာပါ။ သူတို့မပျော်ရရင်သူတို့အတွက်လည်းအဓိပ္ပါယ်မရှိပါဘူး။

အချစ်သည် မည်သို့နည်း???Dove le storie prendono vita. Scoprilo ora