အခန်း(၇၅)

18 2 0
                                    

အခန်း(၇၅)
အခုဆိရင် ရွှေရည်နဲ့ကျွန်တော်ကြားမှာ အခေါ်အဝေါ်လေးတစ်ခု တိုးလာခဲ့လို့ ကျွန်တော်ကျေနပ်ပျော်ရွှင်နေမိပါတယ်။ သူဘက်မှာကတော့ ကျွန်တော်နဲ့အဆင်ပြေပေမယ့် သူ့အိမ် မှာ တော့ အဆင်မပြေ ဖြစ်နေဆဲပါပဲ။ ကျွနတော်ဘက်ကလည်း သူ့ဘေးမှာ ဟိုလူကြီး ရှိနေတာကိုတော့ သိပ်မကျေနပ်မိတာလေးတော့ ရှိပါတယ်။ ဒါပေမယ့် သူ့အပြောကြောင့် ကျွန်တော် ချွေးသိပ်နိုင်ခဲ့ပါတယ်။
"ဟိုဘဲကြီးရှိနေတော့၊ ရွှေရည်ကို စိတ်မချဘူးကွာ။"
"ရွှေရည် စိတ်မဝင်စားပါဘူး ကိုရယ်။"
"ဟုတ်တော့ဟုတ်တာပေါ့၊ ဒါပေမယ့် သူ့ဘက်က အသဲအသန်ဖြစ်နေတယ်မှတ်လား။"
"အဲဒါတွေ ထားလိုက်ပါကိုရယ်၊ ရွှေရည်တို့  ဘယ်လိုအတိုင်းတာတခုရောက်မှအတူနေရမှာလဲ။"
"ဘယ်လိုအတိုင်းအတာရယ်မဟုက်ပါဘူး။ အေးအေးဆေးဆေးယူလို့ရပြီဆိုတာနဲ့ ရပြီပေါ့၊ အခုလည်း အေးဆေးတယ် ဆိုပေမယ့်၊ ရေရှည်အတွက် နည်းနည်းလေးပြင်ဆင်ရမယ်။ အဓိကကတော့ အလုပ်ပါပဲ။ ကိုအလုပ်ရှိနေရင် ဘာမှ မကြောက်ဘူး။ အခုအလုပ်အခြေအနေကို စောင့်ကြည့်နေရတာ။ အလုပ်အကိုင်ကောင်းရင် အိုကေပြီလေ။ ရွှေရည်မှာရော ဘယ်လိုအစီအစဉ်တွေရှိလဲ၊ ကို့ ပြောပြလေ။"
ကျွန်တော်ပြောပြတာတွေကို သူ့နားလည်သဘောပေါ်က်လိမ့်မယ်တော့ ကျွန်တော်ထင်မြင်မိပါတယ်။
"ရွှေရည်က  အမေ့ကိုပြောလို့အဆင်ပြေပါ့မလားပဲပူတာ။ ကျန်တာတော့ စိတ်မပူပါဘူး။"
ဟုတ်တော့ဟုတ်ပါတယ်။ ရွှေရည်မိဘနဲ့ ရွှေရည်မောင်နှမတွေရောက ရှေ့နေကိုပဲ မြင်ကြတာကို။ ရွှေရည်ကို ရှေ့နေ့နဲ့ကလွှဲလို့ ဘယ်သူနဲ့မှ မယူစေချင်ကြဘူးရယ်။
"ရွှေရည်အမေ၊ သဘောတူတာက သိပ်အရေးမကြီးဘူးဆိုပေမယ့်၊ ကို့အနေနဲ့က သူကြည်ဖြူတာကိုတော့ လိုချင်တာပေါ့။"
"နောက်တော့အဆင်ပြေလာမှာပါ ကိုရယ်၊ ခု အမေ သွေးပူနေတုန်းတော့ အဆင်ပြေမယ် မထင်ဘူး။"
ဒီစကားပြောပြီးနောက် သူက ရှေ့နေ့နဲ့ messangerမှာ စကားပြောထားတာတွေကို screen shotရိုက်ပြီး ကျွန်တော် ဆီ ပို့ပေးပါတယ်။ သူတို့ပြောတဲ့အကြောင်းအရာက ဒီလိုပါ။
ရှေ့နေ့..ညပိုင်း မောင်နှမတွေစုံတော့ ငါပဲ အပြောခံရတာပါဟာ။
ရွှေရည်....ဒီလိုပြောချင်လို့ နင်လုပ်ပေးနေတာပဲဟာ။ ဂုဏ်တွေလိုချင်လို့၊ နာမည်တွေလိုချင်လို့ပဲလေ။
ရှေ့နေ့....လူလေဟာ၊ ဆွမ်းကပ်ရင်တောင် ကုသိုလ်လေးတော့ မျှော်မိကြတာပဲဟာ။ ကိုယ်ချင်းတော့စာပေါ့။
(ရှေ့နေဆိုတဲ့အတိုင်းပါပဲ။ စကားပြောတာ အတော်ကျွမ်းကျင်တယ်လို့ ကျွန် တော် ထင်မိတယ်။)
ရွှေရည်....မှားတာရှိ ဝန်တာမိပါ။ ဒီလိုလူမျိုး ဘယ်မှာရှိမလဲနော်၊ အရမ်းကောင်းတဲ့ဟာကို။ ဒါကို လူလိုမသိကြပဲကို၊ ကျေးဇူးရှင်ကိုစော်ကားတဲ့ အရိုင်းစိုင်းမပါ။ ကံကြီးထိုက်မယ့် မိန်းမယုတ်ပါ။ ကျေးဇူးရှင်ကို စော်ကားတဲ့အပြစ်ဟာ ကြီးလေးတယ်ဆိုတာ သူမှ မသိဘဲကိုး။ အနစ်နာခံတာလည်း မနည်းတာကို အကောင်းမမြင် စော်ကားကြတာပါလား။ ကျေးဇူးရှင်ကြီး သက်တော်ရာကျော် ရှည်ပါစေ။ မေတ္တာရှင်ကြီး သက်တော်ရာကျော် ရှည်ပါစေ။
(ဘယ်လိုအရှုပ်အထွေးတွေလည်းဆိုတာ ကျွန်တော်ကတော့ အသေအချာမသိနိုင်ဘူးပေါ့။)
ရှေ့နေ...ငယ်က ရွဲ့ပြောနေတာပဲ။
(သူက ရွှေရည်ကို ငယ်လို့ခေါ်တယ်။ အဲဒါလည်း ဘာကြောင့်ခေါ်တာလဲဆိုတာ ကျွန်တော်မသိဘူး။)
ရွှေရည်...မရွဲ့ပါဘူး။ အမှန်တွေ ပြောပေးတာပါ။ အကောင်းမြင်ပြီးတွေးပေါ့။ တင်စားပြောဆိုတော့လည်း ရွဲ့တာတဲ့လား ဂရုဏရှင်ကြီးရယ်။
ရှေ့နေ...မှားတာက ကိုယ်ပါကွာ။ ကိုယ့်အပေါ် အသိအမှတ်မပြု၊ ခံစားချက်မရှိတဲ့ ငယ်ကို အာရုံထား ဂရုစိုက်မိတာ ကိုရူးနေမှန်း သိပါတယ်။
(တကယ်တမ်းပြောရရင် ကျွန်တော် သူ့ကို ကိုယ်ချင်းစာနိုင် ပါတယ်။ ဒါပေမယ့် ဒီခံစားချက်ကို ရွှေရည်ကိုတော့ မပြောပြရဲပါဘူး။)
ရွှေရည်...မှားတယ်လို့ တောင်းပန်ပြန်တော့လည်း သူက မှားတာပါတဲ့။ လိုက်မမှီတော့ဘူး ၊ ရှေ့နေရယ်။
ကျွန်တော်ကိုပြတာကတော့၊အဲဒီလောက်ပါပဲ။ ပြီးတော့ သူနဲ့ကျွန်တော်ဆက်ပြီး စကားပြောဖြစ်ကြပါတယ်။
"ဘယ်လောက်ပြောပြော၊ အရှက်မရှိတဲ့လူလေ။ သူက ရွှေရည်စိတ်တိုရင်ကျေနပ်နေတာလား မသိဘူး"
"ကိုတော့ နားမလည်တော့ဘူးရယ်။ သူလည်း လူတစ်မျိုးပဲ နေမယ်။"
"ပြီးတော့ ပြောသေးတယ်။ အနာကို ကာလသားပိုးဝင်တာတဲ့။"
ဒီတစ်ခါတော့ ကျွန်တော်မျတ်လုံးပြူးသွားပါတော့တယ်။
"ရွှေရည် သွေးစစ်ကြည့်တယ်။ ဘီပိုးနည်းနည်းတွေ့တယ် ဒါပဲ။ သူကအပိုလုပ်ပြောနေတာ၊ ရွှေရည်ကို သိက္ခာကျစေချင် နေတာလေ။ ဘီပိုးက လူတိုင်းရှိကြတာပဲ။ သူလိုချင်တဲ့ပွိုင့်ကို ဆွဲပြောနေတာ။ ဒေါက်တာပြောတာရှင်းတယ်။ အနာလုံးသက်သက်ပဲတဲ့ ဘာပိုးကြောင့်မှ မဟုတ်ဘူးတဲ့။ "
ကျွန်တော်လည်း သိထားသလောက် သူ့ကို ပြန်ရှင်းပြမိတယ်။
"အဲဒါကို စာတွေမှာဖတ်ကြည့်တယ်။ ကြွက်နို့လို့ခေါ်ကြတယ်။ အပြင်မှာ ပေါ်က် တာနဲ့တော့ မတူဘူးပေါ့။ သူက အကြီးမြန်တယ်။ ဘာကြောင့်ဆို စိုစွတ်မူရှိနေလို့လေ။ စိုးရိမ်စရာတော့မရှိပါဘူး။ မခွဲစိတ်ဘူးဆိုရင်တော့၊ စိုးရိမ်ရတာပေါ့။"
"သူ ရွှေရည်ကို ပြောထားတာ ကို့ကိုပြမယ်။"
သူထပ်ပြီး screen shotထပ်ပို့ပေးတယ်။
ရှေ့နေ...ငယ် အနာက စပ်သေးလား။ အနာကောင်းသွားရင် အားလုံးကောင်းသွားပြီ။ ဒါပေမယ့် ငယ် ဒီရောဂါဖြစ်တာ ဘယ်သူ့ကိုမှ မပြောပြနဲ့နော်။ ဘယ်လောက်ခင်တဲ့ သူငယ်ချင်းမိတ်ဆွေ ဖြစ်ပါစေ၊ ဘယ်သူ့ကိုမှ မပြောပြပါနဲ့ငယ်။ ကိုနဲ့ဒေါ်တ်တာနဲ့အမေးအဖြေလုပ်ရသေးတယ်။ ကိုက အမျိုးသားဆိုတော့ သူကမေးတာပေါ့။(ဘာလဲဟ သူ့စကားကြီးက၊ ကျွန်တော် သံသယတောင်ဝင်သွားတယ်။ အမျိုးသားဆိုတာ ဘာကို ရည်ညွှန်းတာလဲ။)
ရွှေရည်....အေအိုင်ဒီအက်စ်တဲ့လား။
ရှေ့နေ...အရူးမလေးရယ်။ကိုက အရေးကြီးလို့ မှာနေရတာပါ။
ရွှေရည်...အခုကောင်းနေပြီပဲဟာ။သိက္ခာချချင်နေတာလား
ရှေ့နေ...မဟုတ်တာဟာ၊ အဲလိုစိတ်မရှိလို့၊ လာဝိုင်းကူလုပ်ပေးနေတာပေါ့။
ရွှေရည်..နင်ပြောနေပုံက ငါကပဲ အေအိုင်ဒီအက်စ် ဖြစ်နေသလိုလို၊ ယောကျာ်းတစ်ယောက်ယောက်စီကပဲ ကူးလာသလိုလို ၊ အံပါ။ ဘယ်သူမှ အသိမခံရအောင် ဘာဖြစ်နေတာမို့လို့လဲ။
ရှေ့နေ..အဲဒိပိုးကို ဂနိုလိုခေါ်တယ်။ သူကဘောင်းဘီ၊ ထမီနဲ့ အမွှေးအမျှင်တွေမှာလညိး နေတတ်တယ်။ ကာလသားရောဂါပိုးပေါ့။ ယောကျာ်း၊မိန်းမမရွေး ဖြစ်တတ်ကြတယ်။ အင်္ဂါတွေမှာ ဖြစ်တတ်တဲ့ပိုးပေါ့။ တစ်ချို့ အမျိုးသားတွေဆို လိင်အင်္ဂါက ပြည်ထွက်တယ်။ ကာလသားပိုးကြောင့်ဆို ဆေးသောက်ရင်ပျောက်တယ်။ ၁၀၀၀အား၊၅၀၀၀အားဆေးသောက်ရတယ်။ ပြည်ထွက်ပြီး အနာပျောက်သွားရော။ ဆေးသောက်တာနောက်ကျရင်တော့ ခွဲစိတ်ရတာပေါ့။
(ကျွန်တော် ဒီရောဂါအကြောင်း ဘာမှ မသိသေးဘူးပဲ။ ကျွန်တော် သတိထားသင့်တယ်လိုတော့ ထင်လိုက်တယ်။)
"သူက ရွှေရည်မှာ ချစ်သူရှိနေတာလား အတူနေနေတာလား သိချင်လို့ ဒါကို ခုတုံးလုပ်မေးနေတာ။ သိတာပေါ့။"
"အော်၊ အဲလိုလား။"
ကျွန်တော်လည်း မယုတ်မလွန်တော့ ဖြေရတာပေါ့။
"သူသိရရင် အမေ့ကိုသွေးထိုးမယ်လေ။"
"မလွယ်ဘူးနော်။"
"လူယုတ်မာပါဆို၊ မစားရတဲ့အမဲ သဲနဲ့ပက်မဲ့လူစားမျိုး။"
"အကျင့်မကောင်းတာ။"
"ရွှေရည် ရွဲ့ပြောနေမှန်း သူသိတာပဲဟာ။ ရှက်တတ်ရင် သေလို့တောင်ရတယ်။ ရွှေရည်လေ တကယ် သတ်ပစ်ချင်တာပါ။ ဘယ်လိုလူစားမျိုးလဲ မသိဘူး။ "
ကျွန်တော်ရင်ထဲမှာတော့ အတွေးတွေ ကျန်နေတုန်းပဲ။ ဘယ်လိုအတွေးတွေလဲဆိုတာ ကျွန်တော်ကို ယ်တိုင်တောင် မသေချာ မရေရာတော့ပါဘူး။

အချစ်သည် မည်သို့နည်း???Where stories live. Discover now