အခန်း(၁၆)

33 6 0
                                    

(၁၆)

ချစ်နေရတဲ့ နေ့ရက်တွေဟာ အရမ်းကြည်နူးစရာ ကောင်းပါတယ်။ ဝေးနေရတယ်ဆိုပေမယ့် ဖုန်း တစ်လုံးရှိရုံနဲ့ ကျွန်တော်တို့ချင်းရဲ့ ရင်ခုန်သံတွေကို ဆက်သွယ်ထားနိုင်ခဲ့ကြတယ်။
"ချစ်၊ ကို့ကို ချစ်တယ်လို့ မပြောတာ ကြာပြီနော်။"
ကျွန်တော်ကလည်း အတော့်ကို ကလေးဆန်တဲ့ကောင်ပါ။ ဘာဖြစ်ဖြစ် သူ့ဆီက ကြားချင်တယ်ဗျာ။ သူကလည်း ပြန်ပြောပေးပါတယ်။ မတ်ဆေ့တစ်စောင်နဲ့ပေါ့။

"မပြောတာ နှစ်ရက်ပဲရှိသေးတယ်။
ကို့ကိုချစ်တယ်.......
ကို့ကိုချစ်တယ်.......
ကို့ကိုချစ်တယ်.......
ကို့ကိုချစ်တယ်.......
ကို့ကိုချစ်တယ်.......

် မှတ်ချက် ၊ငါးရက်စာ တစ်ခါတည်းပြောထားခြင်းဖြစ်သည်။"

ကြည့်စမ်း။ ရွဲ့သလို၊ စောင်းသလိုလေးနဲ့ ကျွန်တော်ကို ချစ်တယ်ပြောပုံလေးက အသည်းယားစရာလေး။
ကျွန်တော်ရယ်လည်းရယ်ချင်တယ်။ရယ်လည်းမရယ်ရက်ဘူး။
စိတ်ထဲမှာတော့ တော်တော်ဂွကျတာပဲလို့တွေးမိတယ်။

ကျွန်တော်အလုပ်က Telecom Installationပါ။ အလုပ်လုပ်နေတဲ့ အချိန်တော်တော်များများမှာ ကျွန်တော်က တာဝါတိုင်ပေါ်မှာပဲ ရှိနေရတာပါ။ တာဝါတိုင်ပေါ်တတ်နေတဲ့ အချိန်တွေဆိုရင် ကျွန်တော်ဖုန်းကို တိုင်အောက်မှာပဲ ထားဖြစ်ခဲ့တာများတယ်။
ဒီနေ့ ကျွန်တော် တာဝါတိုင်ပေါ်တတ်ပြီး အောက်ပြန်ဆင်းလာတော့ သူခေါ်ထားတယ်miss callကိုတွေ့တယ်။အဲဒါနဲ့ သူဆီ ဖုန်းလှမ်းဆက်လိုက်တယ်။
"ဟယ်လို၊ ကို ပြော။"
သူရဲ့ချိုလွင်လွင် အသံလေးကို ကျွန်တော်ကြားရတယ်။ မောနေသမျှ အကုန်ပပျောက်သွားသလိုပါပဲ။
"အင်း၊ ချစ် ကိုစောတုန်းက တိုင်ပေါ်မှာမို့၊ ချစ်ဖုန်းခေါ်ထားတာ မသိလိုက်ဘူး။ ချစ် ဘာပြောဖို့လဲ၊ ပြောလေ။"
"မခေါ်ထားပါဘူး။"
ဘယ်လိုပါလိမ့်။ ထားလိုက်ပါတော့ ၊ ကျွန်တော်သူနဲ့ ပြိုင် မငြင်းချင်ပါဘူး။ သူက ရှက်တတ်သူတစ်ယောက်မှန်း ကျွန်တော် သိနေတာပဲဟာ။

သူနဲ့ ကျွန်တော်နဲ့ အပြင်မှာ မဆုံဖြစ်ခင်ကလည်း ဒီကိစ္စမျိုး ဖြစ်ဖူးတာပေါ့။အဲဒီတုန်းက ကျွန်တော်သူ့ကို miss callပေးခဲ့ဖူးတယ်။သူ့က ကျွန်တော်မှန်းမသိတဲ့အထာနဲ့ ပြန်ခေါ်တယ်လေ။သူ့ဖြေပုံကိုကြည့်ဦး။ကလေးတွေရဲ့ မိဘတစ်ယောက်ယောက်က ခေါ်ထားတယ်ထင်လို့ပြန်ခေါ်လိုက်တာပါတဲ့။ ကျွန်တော်လို့ သူမထင်ဘူးတဲ့လေ။

ကျွန်တော် ဆက်မှန်း သူ့သိသိကြီးနဲ့နော်။သိတဲ့အတိုင်း သူ့နဲ့ကျွန်တော်ပြိုင် မငြင်းချင်ဘူး။

မေဇော်နဲ့ပတ်သက်ပြီး
တစ်ခုကျွန်တော် အလိုမကျဖြစ်မိတာက viberမှာ သူ့onlineတတ်ချိန်ကို သူဘာလို့ဖျောက်ထားတာလဲ။ဒါအရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။သူကို ကျွန်တော်အသေအချာ စုံစမ်းဖို့လိုလာပြီလို့လည်း ကျွန်တော်ယူဆတယ်။စိတ်ထဲမှာ သူလျိုဝှတ်ချက်တစ်ခုခုရှိနေတယ်လို့ ကျွန်တော်ယူဆတယ်။
ဒါက ကျွန်တော် သံသယများနေတာလည်း ဖြစ်ကောင်းဖြစ်မှာပါ။

ကျွန်တော်ဆိုတဲ့ကောင်ကလည်း မွေးကတည်းက သံသယနဲ့ဖတ်ပြီးမွေးလာတဲ့ကောင်လို့ ပြောရမလားပဲ။

အဲလိုနဲ့ ကျွန်တော်တို့ ဆက်ပြီးစကားပြောဖြစ်ကြတဲ့အခါ
"လကုန်ရင် ကို ရန်ကုန်ပြန်လာမှာ မှတ်လား။"
"အင်းလေ။ ပြန်လာမှာပေါ့။ ချစ်ကို အရမ်းလွမ်းနေပြီလေ။"
"အင်းပါ၊ ကျွန်မလည်း ကို့ကို လွမ်းပါတယ်။ ကိုပြန်လာရင် ပေးစရာရှိတယ်။ ကို့မွေးနေ့တုန်းက ကို့ကို ဘာမှလက်ဆောင်မပေးလိုက်ရဘူးလေ။ အဲဒါ ကို့ကို အကျီလေးဝယ်ပေးချင်လို့။"
"အင်း။"
ပြောရရင်၊ ကျွန်တော်မွေးနေ့က ပြီးခဲ့တာ ကြာခဲ့ပါပြီလေ..။အခုမှ ရုတ်တရတ်ကြီးပါလား။ဘာစိတ်ပေါ်က်လာတာလဲတော့ မသိဘူး။ဒါပေမယ့် ဝမ်းသာပါတယ်။ကျွန်တော်အပေါ်မှာ အမှတ်တရ ရှိနေပေးတဲ့အတွက်ပေါ့။ ကျေးဇူးလည်း တင်ပါ့။

အချစ်သည် မည်သို့နည်း???Where stories live. Discover now