အခန်း(၇၃)

22 2 0
                                    


(၇၃)
တစ်ခါတစ်လေကျတော့ ကျွန်တော် ရွှေရည်ကို အရမ်းသနားမိပြန်တယ်။
"ကိုရယ်၊ အနာက အရမ်းနာတာပဲကွာ။"
သူ အဲဒီလို ညည်းလိုက်တယ်ဆိုရင်ပဲ ကျွန်တော်စိတ်တွေက သူ့ဆီ ပြေးသွားချင်နေမိတော့တယ်။
"လမ်းတောင် မလျှောတ်နိုင်တော့ဘူး ကိုရယ်။ဘယ်လိုမှ နေမရဘူး။"
"ဆေးရုံမနက်ဖြန်တော့၊ သွားဖြစ်အောင် သွားလိုက်ပါကွာ၊ ကို လာခဲ့ပေးရမလား။"
မေးသာမေးရတယ်။ သူ ခေါ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပြီးသားပါ။
"လမ်းတော့ မလျှောတ်နဲ့လေ။ လမ်းလျှောတ်လေ သွေးကျလေ ဖြစ်နေမှာ။ သွေးကျရင် အနာက ပို နာနေမှာပေါ့။
"အင်း၊ မနက်ဖြန် ဟိုသတ္တဝါလာမှာထင်တယ်။ အရမ်းစိတ်ညစ်တာပဲ။"
သူပြောတဲ့ ဟိုသတ္တဝါဆိုတာက သူ့မိသားစုရဲ့ ကျေးဇူးရှင်ကြီး ရှေ့နေကြီးကို ပြောတာပါ။ သူ့ကို အသေရရလိုချင်နေတဲ့သူပေါ့။
"အခု အိမ်သာက ခဏ၊ခဏသွားနေရတာ၊ အိမ်နဲ့လှမ်းတော့ ဒုတ်ထောက်ပြီး သွား နေရတယ်။"
သူစကားကြောင့် ကျွန်တော် အတော်စိတ်မကောင်း ဖြစ်မိတယ်။ သူ့ဘေးနားမှာ ကျွန်တော်အားပေးချင်နေမိတယ်။
"ရွှေရည်ရယ်၊ ကိုရှိနေရင် အဲလိုဖြစ်မှာ မဟုတ်ပါဘူး။ ကိုလိုက်တွဲပြီး ပို့ပေးမှာ။"
ဒီစကားက ကျွန်တော်ရဲ့ တကယ့် စိတ်ရင်းအမှန်ပါ။
"ဘယ်သူမှ မကူ ခိုင်းပါဘူးကိုရယ်၊ ကိုယ်ဖြစ်တာ ကိုယ်ဟာကိုခံတာပေါ့။"
"မဟုတ်တာ၊ အဲဒီလိုဆို အနာက ပို ဆိုးသွားမှာပေါ့၊ ကို လာခဲ့ချင်မိတယ်ကွာ။"
"ကိုသာအနာရှိရင်တော့ ပိုကောင်းတာပေါ့ ကိုရယ်။"
"ကို လာလို့မရနိုင်ဘူးလာ။"
"မလာပါနဲ့ ကိုရယ်။ ရွှေရည် အဆင်ပြေပါတယ်။"
"ဟိုလူလာရင် ရွှေရည်ကို လိုက်ပို့မှာ ပေါ့နော်။ ဘာဖြစ်ဖြစ် လိုက်သာသွားလိုက်နော်။"
ဒါပေမယ့် ကျွန်တော်သဝန်တော့ တိုတာအမှန်ပါ။ ဖြစ်နိုင်ရင် သူ့ကို အဲဒီလူနဲ့ ဘယ်သွားစေချင်ပါ့မလဲ။
"သူလာပို့ရင် မသွားဘူးလို့ ပြောထားပြီးသား။"
"အဲဒီလိုတော့ မလုပ်နဲ့လေ၊ ကျန်းမာရေးက အရေးကြီးတဲ့ဟာကို။ လိုက်ပို့ပေးမယ့်လူမှ မရှိတဲ့ဟာ။ ရွှေရည်ဆေးရုံအမြန်ရောက်မှ နေအမြန်ကောင်းမှာလေ။"
"မနက်ကျရင် အမေအားပြီလေ၊ ရွှေရည်ဘဝကလည်း ဆိုးတယ်။ သူတို့အားမှ။"
"အမေလိုက်ပို့ပေးမယ်တဲ့လား။ အဲလိုကြီးတော့ မတွေးပါနဲ့။"
"ဟုတ်၊ ဟိုအကောင်လည်း ပါမှာ၊ နာနေလို့ ၊ ဘာမှမပြောနိုင်ဘဲ ကြည့်နေရတာ။"
"အတတ်နိုင်ဆုံး စိတ်လျော့ထားပါကွာ။"
"ကိုရယ်၊ ရွှေရည်တို့ အဝေးဆုံးကို ထွက်ပြေးကြရအောင်နော်။"
"သွားကြတာပေါ့၊အဲဒါကြောင့်လဲ၊ ရွှေရည်ကို မှာနေရတာ။ လောလောဆယ် ရွှေရည်အိမ်ကလူတွေ ယုံကြည်အောင် ရွှေရည်နေထိုင်ပြလိုက်ဦး။ ကို့လက်ထဲ ငွေအသင့်အတင့်ရတာနဲ့ သွားကြတာပေါ့။ ကို ကြိုးစားရှာမှာပါ။ ကိုလည်း ရွှေရည်နဲ့ မခွဲချင်တဲ့သူပါ။ ဒါပေမယ့် ကိုတို့ တစ်ခုခုမလုပ်နိုင်ခင်မှာ စနစ်ကျအောင် အရင်ပြင်ဆင်ကြမယ်လေ။ ကိုတို့ ဘယ်သွားမယ်၊ ဘယ်မှာနေမယ်။ ဒါတွေအားလုံးကို ကြိုစီစဉ်ထားရမယ်လေ။ အဆင့်သင့်မဖြစ်ဘဲ သွားရင်၊ နှစ်ယောက်စလုံး ပိုပင်ပန်းမှာ။ ချစ်သူ့ကို ကတိပေးပါတယ်။ ကိုတို့လက်ထပ်ကြတာပေါ့နော်။"
"ဟုတ်။"
ဘာတွေ ဘယ်လိုပဲပြောပြော လာမယ့်မနက်ဖြန်တိုင်းကိုတော့ ကျွန်တော် ရင်မောနေရဆဲပါပဲ။ အတူနေရင် ဘယ်လိုအန္တရာယ်မျိုးတွေ ဖြစ်လာမယ့်ဆိုတာ ကျွန်တော် ကြိုရိပ်မိနေသလိုပါပဲ။ သက်ပြင်းကိုသာ ကျွန်တော်အခါခါချနေမိတော့တယ်။

အချစ်သည် မည်သို့နည်း???Tahanan ng mga kuwento. Tumuklas ngayon