(၈)

24 3 0
                                    

#8

မိန်းခလေးတွေဟာ ယောကျာ်း
လေးတွေနဲ့ ပက်သတ်ပြီး အချစ်ကို ဘယ်လိုပေတံနဲ့ တိုင်းတာကြည့်ကြတာပါလိမ့်။

ယောကျာ်းနဲ့မိန်းမ ခံစားပုံခြင်း
မတူညီတဲ့အပေါ်မှာ တစ်ချို့မိန်း
ခလေးတွေက ဘာကြောင့်များ
ယောကျာ်းတစ်ချို့ကို နားမ
လည်နိုင်ကြတာပါလိမ့်...။

ရန်ကုန်ပြန်ရောက်ချိန်မှာ
ကျွန်တော်မှာ အလုပ်မရှိတော့ဘူး။သူငယ်ချင်းတွေနဲ့အတူ
ဟိုယောင်ယောင် ဒီယောင်ယောင်
ဖြစ်နေခဲ့တယ်။

အလုပ်မရှိတော့ လက်ထဲမှာ
ပိုက်ဆံပြတ်လာတယ် ။

အဲဒီအခြေအနေမျိုးကြုံရပြီဆိုရင်
ကျွန်တော်စိတ်ဓာတ်တွေ
စတင်ကျဆင်းရတာပါပဲ။

အဲဒီအခြေအနေမျိုးတွေနဲ့
ခက်ခဲမူတွေ ကြုံနေရလို့ ခံစားမူရှိနေတဲ့ ယောကျာ်းတစ်ယောက်ရဲ့
အမြင်ကို မိန်းမတွေခံစားရပုံနဲ့
နိုင်းယှဉ်ကြည့်ရင် အရမ်းကို
ကွဲပြားခြားနားလှပါတယ်။

ယောကျာ်းတစ်ယောက်အတွက်က အလုပ်တစ်ခုခု ရှိကိုရှိနေမှ ဖြစ်မယ်။

မိန်းမတစ်ယောက်အတွက်ကျ
တော့ အလုပ်မရှိသေးရင်တောင်
နေလို့ရနိုင်လောက်သေးတယ်။

ဒါပေမယ့် အပြည့်အဝမ
ဟုတ်တောင် တစ်ဝက်
လောက်ကိုတော့ မေဇော်ရော ၊
ရွှေရည်ကပါ နားလည်ပေးနိုင်ခဲ့ကြပါတယ်။

တစ်ခါတစ်လေတော့

"ပျင်းလိုက်တာ၊အလုပ်မရှိတော့။"

messangerကနေ ရွှေရည်ဆီ စာပို့ညည်းမိတယ်။

"ရွှေရည်နား လာနေလေ။"

ကျွန်တော် ဒီအပြောလေးတွေ
အပေါ်မှာ ကြွေဆင်းနေမိတာများလား။

"တကယ်လည်း မဟုတ်ဘဲနဲ့။"

"စိတ်ကူးလေးနဲ့ပဲပေါ့။"

"မကျေနပ်နိုင်ပါဘူးကွာ၊ "

"အဲဒီလိုမှပဲ ရမှာ။ "

"ဒီလောက်နဲ့ပဲ
ကျေနပ်ရတော့မှာပေါ့။"

"မနက်ဖြန် ရွှေရည်တို့
အိမ်မှာ ဘုန်းကြီးပင့်p
ဆွမ်းကပ်မှာလေ...။
လာခဲ့ပါလား။"

အချစ်သည် မည်သို့နည်း???Where stories live. Discover now