အခန်း(၉၈)

20 2 0
                                    

အခန်း(၉၈)

ကို့ရဲ့ကဗျာဆရာတစ် ယောက်ရဲ့အချစ် ကဗျာကို ဖတ်ပြီးနောက်မှာ ကျွန်မမှာ စိတ်ကြည်နူရသလို ၊စိတ်လည်း ညစ်ရပါတော့တယ်။ ကျွန်မကိုက ကို့ကိုသွားပြီး စိန်ခေါ်ခဲ့မိတာကို။ ကိုက ကျွန်မကို ထုတ်ဖော်မပြရဲပါဘူးလို့ ပြောခဲ့မိတာကို။ အခုတော့ ကျွနမမစကားနဲ့ကျွန်မ ချောင်ပိတ်မိတော့တာပါပဲ။
"ဒါကိုဓာတ်ပုံနဲ့တွဲတင်မှာ 😃၊ အရမ်းချစ်လို့ တင်ခွင့်ပြုမှာလား"
ကိုက ပြောပြီးသားစကားကိုပဲ သေချာအောင် ထပ်မေးတယ်။ ကျွန်မ သိတာပေါ့ ကို့ရဲ့ဆိုလိုရင်းက ရွှေရည်ဘက်မှာ ပြဿနာမမရှိတာ သေချာပြီလားလို့ မေးတာနဲ့ အတူတူပါပဲ။ ဒါပေမယ့် ကို ဘယ်ဓာတ်ပုံကို တင်မှာလဲ။ ကုတင်ပေါ်မှာ ရိုက်ထားတဲ့ပုံကိုတင်လိုက်လို့ကတော့ သွားပြီ။ ပြဿနာပေါ်င်း သောင်းခြောက်ထောင်ကို ကျွန်မ ဒိုင် ခံရှင်းရတော့မှာ..။
"ဘယ်ဓာတ်ပုံလဲ။"
"နှစ်ယောက်အတူတူနမ်းနေတဲ့ ပုံနဲ့။မဖြစ်ဘူးလား။ ဒါမှမဟုတ်နှစ်ယောက်တွဲပုံ။"
ကုတင်ပေါ်မှာက နမ်းနေတဲ့ပုံတော့မရှိဘူး။ တော်သေး တာပေါ့။ဒါပေမယ့် ပြဿနာကတော့ အနည်းနဲ့အများ ရှင်းရမှာ အသေအချာပါပဲ။ ကျွမ်မထင်ထားတဲ့အတိုင်းပါပဲ၊ ကို ပို့စ်တင်ပြီးနောက်မှာတော့ စကားပေါ်င်းမြောက်မြားစွာ ပြောခဲ့ရပြီ။ မြောက်မြားစွာကိုလည်း စိတ်မကောင်းစွာနဲ့ blockပစ် ထားလိုက်ပါတယ်။ ဖုန်တွေကလည်း အတက်မပြတ်ကိုလာတယ်။ အဲဒါကြောင့် လိုင်းပေါ်ကပါ ရှောင်နေဖြစ်ခဲ့တယ်။ အဲဒီစိတ်နဲ့ ကို အပါအဝင် ဘယ်သူ့ကိုမှ စကားမပြောချင်လောက်အောင် စိတ်ဓာတ်ကျနေမိခဲ့တယ်။ ဒါကို ကိုကလည်း အလိုက်ကန်းဆိုးမသိပါဘူး။ ကျွန်မစကားပြန်မပြောလို့ သူ့မှာအပူမီးတောက်နေတယ်။ တွေးကြည့်တော့ ဒီအပူတွေက မီးမွှေးနေတာ ကိုပဲ။

ကျွန်မရင်ထဲက မခံချင်စိတ်တွေကို သူပညာရှိဆန်ဆန်နဲ့ ထုတ်ချနေတာပါလား။ နောက်ဆုံး ကျွန်မခံစားမူကို လျော့ပါးစေမယ့် တစ်ခုတည်းသောနည်းကိုပဲ ၊ ထုတ်သုံးရပါတော့တယ်။
"ဒီတစ်ခါသွားဖြစ်ရင်၊ ဘယ်တော့မှ ပြန်မလာတော့ပါဘူး။"
"ဘာလို့လဲ ပြောပြနိုင်မလား။ မိန်းမကိစ္စတိုင်းကို ယောကျာ်းနားလည်ပေးနိုင်ပါတယ်။ မိန်းမအမေက ယောကျာ်းကို သဘောမကျလို့လား။ ဒါမှမဟုတ် မိန်းမကိုယ်တိုင်က ယောကျာ်းကို စိတ်ပျက်သွားလို့လား။ ဒါမှမဟုတ် ဗေဒင်ကတစ်ခုခုပြောလိုက်လို့လား။ ဒါမှမဟုတ် အခြားတစ်ခုခုကြောင့်လား?သိပါရစေ ဘာကြောင့်လဲ?
မိန်းမ၊ ပြောပြပါ။ ဘာလို့ပြန်မလာတော့မှာလဲဟင်။"
ကိုက သူထင်ရာမြင်ရာတွေကို အရူးတစ်ယောက်လို လျှောတ်ပြောနေတော့တယ်။
"ဘာမှမဟုတ်ပါဘူး။ ဗေဒင်ကအယုံကြည်မရှိဘူး။ ဘာမှလဲမဆိုင်ဘူး။"
"အမေကကော ဘာပြောလဲ?ကို့ကို၊ ဒါမှမဟုတ် မိန်းမပြောသလို ဟိုမှာ ဘဝထူထောင်တော့ဖို့လား။ တစ်ခုခုတော့ပြောပြပါမိန်းမရယ်။ အမေကသဘောမကျဘူးတဲ့လားဟင်?"
ကျွန်မတော့ သက်ပြင်းတွေကိုသာ အံကြိတ်မျိုချနေမိတော့တယ်။
"မသိတော့ပါဘူး။"
"ကို ဘာဆက်လုပ်ရမလဲဟင်။"
"မသိဘူး။"
"ဘာဖြစ်လို့လဲဆိုတာတော့ ပြောပြပါကွာ။ တောင်းပန်ပါတယ်နော်။ အဲဒီလို မလုပ်ပါနဲ့နော်။"
ကျွန်မ ဘာဆို ဘာကိုမှ ပြောချင်စိတ် မရှိတာပါ။ ကျွန်မစိတ်ဓာတ်တွေ အရမ်းကျတယ်။
ပဿနာတွေ စက္ကန့်မလပ် ကျွန်မခေါ်င်းပေါ်မှာ ပျံဝဲနေကြတယ်။ အရှုပ်တွေကြားထဲက တစ်ခါတစ်လေ ထွက်ပြေးပြီး အိပ်မောကျနေချင်လိုက်တော့တယ်။

အချစ်သည် မည်သို့နည်း???Opowieści tętniące życiem. Odkryj je teraz