အခန်း(၁၀၆)(ဇတ်သိမ်း)

99 5 3
                                    

အခန်း(၁၀၆)(ဇတ်သိမ်း)

ရေရှည်မလွယ်တဲ့ ဘဝတစ်ခုကို ကြိုးစားမေ့ပစ်ဖို့ အချိန်ကျပါပြီ။ ဘေစင်ရှေ့မှာ အလှပြင်နေတဲ့ ရွှေရည်ကို နောက်ကသိုင်းဖတ်ပြီး တစ်ချက်နမ်းလိုက်တယ်။ ဒါ ကိုရဲ့ နောက်ဆုံးအနမ်းပါပဲချစ်သူ။ ပျော်ဖို့ကောင်းခဲ့တဲ့ အချိန်ကာလတွေ အတွက် ကို တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ရှေ့လျှောတ် ခရီးဆက်ဖို့ ကိုယ်ခံနိုင်ရည်မရှိတော့ပါဘူး။ အရမ်းပူလောင်တဲ့ အချစ်ရဲ့ဒဏ်ကို ကိုမခံနိုင်တော့ပါဘူး။
"ယောကျာ်း ပြီးရင်သွားကြရအောင်လေ။"
နောက်ဆုံးအနေနဲ့ သနပ်ခါးပါးကွက်ကြားလေးနဲ့ သူ့မျတ်နှာကို ကျွန်တော်တစ်ချက်ငေးကြည့်လိုက်တယ်။ ပြီးမှ ခေါ်င်းညှိတ်ပြပြီး
"အင်း..သွားကြတာပေါ့။"
အခုကစပြီး ဒီအခန်း ၄၀၇ကိုလည်း ကျွန်တော် နောက်ထပ် ထပ်ရောက်လာစရာ အကြောင်းမရှိပါဘူး။ လူ့ဘဝရဲ့ သေချာမူ၊ မသေချာမူတွေကို ကျွန်တော်အကောင်းဆုံး သိရှိခဲ့ပါပြီ။ တည်ခိုခန်းရဲ့ကောင်တာမှာ ကျွန်တော်တို့ရဲ့ မှတ်ပုံတင်တွေကို ပြန်ယူပြီ အောက်ကိုဆင်းလာခဲ့တယ်။ ပဲခူးမြို့ တစ်ခုလုံး ဆူညံပွက်လော ရိုက်နေသလို ကျွန်တော်ခံစားရတယ်။ သူ ကျွန်တော်ကို ကားဂိတ်ထိ လိုက်ပို့ပေးတယ်။ ကျွန်တော်ရင်ထဲကစကားလုံးတွေကိုတော့ သူဘယ်နေရာထိမှ လိုက်ပို့ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ သူနဲ့ကျွန်တော် တကယ်ချစ်ကြတာမှန်ပေမယ့် ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ အချစ်တွေဟာ ပူလောင်တဲ့အဆိပ် တွေသာ ဖြစ်တယ်။

ကျွန်တော်တို့ရှေ့မှာ ရန်ကုန်ပြန်မယ် ကားတစ်စီး ထိုးရပ်လာတယ်။ ကျွန်တော်ကားပေါ်တတ်လိုက်တယ်။ ပြီးတော့ သူ့ ကို  လက်ပြနူတ်ဆက်လိုက်တယ်။ သူ့မျတ်နှာမှာ အပြုံးတွေနဲ့ ရွှင်လန်းတောက်ပနေတယ်။ မင်းပျော်ရွှင်ခဲ့တဲ့အတွက် ကို ကျေနပ်ပါတယ်။ ရှေ့မှာ စိတ်မချမ်းသာစရာတွေချည်းပဲ ရှိလာတော့မှာမို့၊ ဒီဘဝ ဒီမျှနဲ့ပဲ နူတ်ဆက်လိုက်ကြရအောင် ချစ်သူ။ အသံတိတ်စကားတွေနဲ့ ကျွန်တော်ရင် တစ်ခုလုံး မုန်တိုင်းထန်နေခဲ့တယ်။  သူ စိတ်ကျေနပ်အောင် အရာအားလုံး ကျွန်တော် လုပ်ဆောင်ပေးခဲ့ပြီးပါပြီ။ ကျွန်တော်ဘဝထဲကနေ အခု သူ့ကိုနောက်ဆုံး နူတ်ဆတ်လိုက်တာပါ။ စိတ်ထဲကနေ၊ ကျွန်တော် တိုးတိုးလေးပဲ ရွတ်လိုက်တယ်။
နေရစ်ခဲ့တော့....ရွှေရည်
နေရစ်ခဲ့တော့......ပဲခူး
နေရစ်ခဲ့တော့....အင်ပါယာ
နေရစ်ခဲ့တော့.....အခန်း(၄၀၇)
နေရစ်ခဲ့တော့...ရမ္မက်
ပူလောင်တဲ့ ရမ္မက်တွေကို ငါ ကျောခိုင်းနူတ်ဆက်လိုက်ပါပြီကွယ်။
အရာအားလုံးဟာ သိပ်မကြာခင် အကောင်းအတိုင်း ပြန်ဖြစ်သွားမှာပါ။ ဒါပေမယ့် ကိုယ်တို့ဟာ အရမ်းချစ်ခဲ့ကြတဲ့ မျဉ်းပြိုင်တွေဆိုတာကို အခန်း၄၀၇က မှတ်သားထားခဲ့ကြောင်း ကိုတို့ရဲ့နှလုံးသားက သိနှင့် နေကြမှာပါ။ ဘာဖြစ်ဖြစ် ဝေးကြရအောင် အချစ်ရယ်။
THE END
12:13AM
Jan27-2018
Minsetwai

အချစ်သည် မည်သို့နည်း???Where stories live. Discover now