(၁၅)

36 3 0
                                    

အခန်း(၁၅)
(ရွှေရည်ဝင်း)

လူတော်တော်များများရဲ့ ကတိတွေ သစ္စာတွေ အချစ်တွေ အမုန်းတွေဟာ ဘဝရဲ့ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ပြောင်းလဲသွားတတ်ကြတာပဲ မှတ်လား။

အထူးသဖြင့် ယောကျာ်းတွေပေါ့။

သူတို့ တောင် ပြောင်းလဲတတ်ကြမှတော့ ကျွန်မတို့ မိန်းမသားတွေ ပြောင်းလဲသွားတတ်ကြတာဟာလည်း ဘာဆန်းသလဲနော်။

ကျွန်မဘဝမှာ ကို မတိုင်ခင်က ဒီလိုပြောင်းလဲမူအခြေအနေ ဆိုက်ရောက်ခံလိုက်ရတဲ့ ချစ်သူတစ်ဦးရှိတယ်။

သူ့ နာမည်က တေဇတဲ့။

ကျွန်မက သူ့ ကို 'မောင်'လို့  ခေါ်ပါတယ်။ အခုကျွန်မအလုပ်ရှိရာ မုံရွာကို ပြန်ရောက်လာပြီးနောက်မှာတော့ မမျော်လင့်ဘဲ သူနဲ့ အဆက်အသွယ်ပြန်ရခဲ့တယ်။ မောင်က အရင်အတိုင်း မပြောင်းလဲသလို လေသံနဲ့ _

"hi....မ ...09--------- အဲဒါ
မောင့်ဖုန်းနံပါတ်ပါ"

"အင်း အရင်က မောင် မကို ဘာလို့စကားမပြောတာလဲ"

"ဘာမှမဖြစ်ပါဘူး"

မောင်ပုံစံက အရင်အတိတ် ပြန်လွမ်းဆွတ်တသ ရှိချင်ပုံမရဘူး။ ဒါပေမယ့် ကျွန်မကတော့ မောင့်ကို ကျွန်မအကြောင်းအနည်းငယ်လောက် ပြောပြခဲ့တယ်။ သူ့ အပေါ်မှာ ကျွန်မအချစ်တွေ ပြန်လည်ယိုဖိတ်ချင်နေတာလာတော့ မသိပါဘူး။
"အစဉ်ရောပြေရဲ့လား အဲ့မှာက "

"ပြေတယ်လေ။လူတော့ပင်ပန်းတယ်။ "

ကျွန်မ ဘာအလုပ်လုပ်တယ်ဆိုတာကိုတော့ ဘာကြောင့်ရယ်မသိဘူး။ ကျွန်မ လိမ်ပြောခဲ့မိတယ်။

"လစာရောဘယ်လောက်ရလဲ မ ။"
"၃သိန်း"
"aww ....အင်းရသားပဲ။ အဲဒါဆို မဆိုးပါဘူး မရဲ့။"
"အလုပ်က အိပ်ရေးပျက်တယ် ။"

ကျွန်မ ရင်ခုန်သာယာနေမိပြန်သလား။ ဒါမှမဟုတ် အခြေအနေနဲ့  အချိန်အခါတွေမှာ လိုက်ပါပြောင်းလဲနေမိသလား။ ရင်ထဲမှာတော့ တစ်စုံတစ်ရာပါပဲ။
"အလုပ်က ဘယ်မှာလုပ်ရတာလဲ"
"မုံရွာမှာ"
မုံရွာတဲ့ အဝေးကြီးပဲ "
"အင်း"
"မ ပဲခူးပြန်လာရင် လာလည်အုန်းလေ"

ဟုတ်တယ်။ ကျွန်မစိတ်တွေက မောင့်အပေါ်ပြန်ပြီး အရည်ပျော်သွားခဲ့တယ်။

"အင်းပါ။ လာချင်ပါတယ် ။သတိလည်းရတယ် မရယ်။"

ကြွေလုလု သစ်ရွက်တွေ ဒီလေပြေတစ်ချက်မှာ အကုန်မြေခရကုန်တော့တာပါပဲ။

"လာခဲ့ပေါ့ ။ မလည်း မောင့်ကို သတိရပါတယ်။"
ဒီလိုမျိုး ကျွန်မနဲ့ မောင်ဟာ စကားတွေ ပြန်လည်လက်ဆုံကြခဲ့ပြီးနောက် မောင်နဲ့ စကားတွေ ပုံမှန်ပြောဖြစ်လာတော့တယ်။
"မ ပြန်ရင် မုံရွာကနေ ပဲခူးတန်းဆင်းမှာလား။ ရန်ကုန်ကနေဆင်းပါလား ။"

"အင်း။မောင်အလုပ်နဲ့ကကော မောင်က အဆင်ပြေပါ့မလား။"

"မ လာမယ်ဆိုရင် မောင် နားရက်ယူမှာပေါ့ မရဲ့။ ဒါပေမယ့် နားရက်က တစ်ရက်ပဲရတယ် မ"

"အင်း ရသလောက်ပေါ့"

အဲဒီအချိန်မရောက်ခင်မှာပဲ ကျွန်မစိတ်တွေက အရမ်းလှုပ်ရှားလာမိတယ်။
" မ လာရင် ကားကို အောင်မင်္ဂလာအဝေးပြေးဝင်းထဲထိ စီးလာခဲ့လိုက်မယ်လေ။"
"ကောင်းသာပဲ ။ ဒီလိုဆို မောင်တို့  တွေကြရတော့မှာပေါ့နော်။"
မောင်တစ်ယောက် အတော်ပျော်ရွှင်သွားသလိုပါပဲ။ မောင့်ရဲ့ ပျော်ရွှင်မူကို ကျွန်မထပ်တူခံစားမိပြီးနောက် ကျွန်မစိတ်တွေလည်း ပြန်လည်ပြီး ကြည်နူးချမ်းမြေ့လာခဲ့တယ်။
"ဒါနဲ့ မကဘယ်နှစ်ရက်ခွင့်ရလို့ လဲ။"
"၇ရက်"
"တော်သေးတာပေါ့။ မ အလုပ်က အဲဒီလောက် ခွင့်ပေးလို့ ။"
တကယ်တော့ အဲဒီရက်တွေအတွက် ပိုက်ဆံဖြတ်ခံရတယ်ဆိုတာကိုတော့ မောင် သိမှာမဟုတ်ပါဘူး။

ဒါပေမယ့် တစ်ခါတစ်လေ လောကကြီးမှာ ပျော်ရွှင်မူဆိုတာကြီးကို ပိုက်ဆံနဲ့ လဲယူကြရတာပဲ မှတ်လား။

မယုံရင် ကစားကွင်းတွေကို ကြည့်ပါလား။

ပျော်ရွှင်စွာ ကစားနိုင်ဖို့  ပိုက်ဆံနဲ့ အကြွေစေ့လေးတွေ ဝယ်လဲပြီး ဆော့ကြတာပဲမှတ်လား။

ဒီလိုပဲပေါ့ ။

ကျွန်မလည်း ပျော်ရွှင်မူကို ငွေကြေးနဲ့ လဲလှယ်ယူသင့်တယ် ထင်ရင် ယူမှာပေါ့။

စိတ်ထဲမှာတော့ ကို့ ကို အားနာသွားမိတယ်။

ဆောရီးပါကို။

ရွှေရည်ဟာ မောင့်ကို အရမ်းချစ်ခဲ့ရသူ ဖြစ်ခဲ့တာကြောင့် ကို့ ထက်စာရင် မောင့်ကို ပိုရွေးခြယ်ချင်တာအမှန်ပါပဲ။

ပြီးတော့ အရေးကြီးဆုံးသော အချက်တစ်ခုကတော့ ကို့ အပေါ်မှာ ရွှေရည် ယုံကြည်မူ ဘယ်လိုမှထားလို့ မရနိုင်တာပါကို။

ဘာကြောင့်မှန်းကိုတော့ ရွှေရည်မသိဘူး။

ရွှေရည်စိတ်ထဲမှာတော့ ကို့ ကို ယုံကြည်ဖို့  ခဲယဉ်းနေသေးတာတော့ အမှန်ပါပဲလေ။

အချစ်သည် မည်သို့နည်း???Where stories live. Discover now