အခန်း(၃၆)
ရွှေရည်နဲ့မတွေ့လို့ ရန်ကုန်ကို ပြန်ရောက်လာခဲ့ပြီးနောက် မေဇော်ဆီရောက်ဖြစ်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ရောက်သွားတဲ့အချိန်က သူ့ရဲ့ကျောင်းဖွင့်ရက်ကြီးဖြစ်နေတယ်။
"ချစ် ကိုရောက်နေပြီနော်..."
"အင်းကို ထမင်းစားနားချိန်ကို ခဏစောင့်ပေးနော် ပြီးတော့ ထမင်းလည်း စားမထားနဲ့ဦး..."
"အင်ပါ ကို ချစ်တို့လမ်းထိတ်က လက်ဖက်ရည်ဆိုင်မှာပဲ စောင့်နေမယ်။"နာရီကြည့်လိုက်တယ်။ ၁၂နာရီထိုးဖို့က တစ်နာရီကျော်ကျော်လောက် လိုနေသေးတယ်။ ကျွန်တော် ကျဆိမ့်တစ်ခွက်မှာပြီး စောင့်နေလိုက်တယ်။
၁၂နာရီထိုးပြီးနောက် သူလမ်းထိပ်ဘက်ကို ထွက်လာပါတယ်။ ထုံးစံအတိုင်း သူမက အနီရောင်ဝမ်းဆက်လေနဲ့ အပျိုရိုင်းလေးတစ်ဦးလို လှပနေတယ်။ သူ ကျွန်တော်အနားမှာ လာထိုင်တော့ ပျင်းရိနေတဲ့ နေ့လည်နေ့ခင်းဟာ သူရနံနဲ့ လန့်နိုးသွားရရှာတယ်။
"ကို စောင့်နေရတာကြာလို့ ပျင်းနေပြီလား။"
"ရပါတယ် မပျင်းပါဘူး။"
"ကိုကလည်း၊ စနေ့၊တနင်္ဂနွေနဲ့တိုက်ပြီး ပြန်လာပါဆို၊ ဘာလို့ကြားရက်ကြီး ပြန်လာတာတုန်း။"
"အမေသိပ်နေမကောင်းလို့လေ။"ကျွန်တော် ခပ်တည်တည်ပဲ သူ့ကို လိမ်ညာလိုက်မိတယ်။
"ဒါဆို အခုအိမ်ရောက်ပြီးပြီလား။"
"မရောက်သေးဘူးလေ၊ ချစ်ဆီ အရင်ဆုံးရောက်လာတာ။ ချစ်နဲ့တွေ့ချင်လို့။"ကျွန်တော် နောက်တစ်ခေါ်က် ထပ်လိမ်ညာပါတယ်။
"အပိုတွေ၊ ဒါနဲ့ အဝတ်အစားတွေကော။"
"ဒီတစ်ခေါ်က်တော့ ယူမလာတော့ဘူး။ ဟိုတစ်ခေါ်က်လာတုန်းက ဒီမှာ အဝတ်အစားတွေ ထားခဲ့သေးတယ်။"ဒါကတော့ အမှန်အတိုင်းဖြေတာပါ။
"အခု ကို ဘာစားပြီးပြီလဲ။"
"ဘာမှမစားရသေးဘူးလေ။ ကို ချစ်ကိုစောင့်နေတာ။"
"အဲဒါဆို ကျွန်မတို့ ရွှေခရားကြီးမှာ သွားစားရအောင်။"
"ကောင်းသားပဲ။"ကျွန်တော် စားပွဲထိုးကောင်လေးကို ခေါ်ပြီး ပိုက်ဆံခေါ်ရှင်းလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ ဆိုင်ပြင်ထွက်ခဲ့ကြတယ်။ ဆိုင်ပြင်ရောက်တော့ ကျွန်တော် သူ့လက်ထဲက ထီးလေးကို ကျွန်တော်လှမ်းယူလိုက်တယ် ။ သူ့နဲ့ပတ်သက်ပြီးတဲ့နောက် ကျွန်တော်ထီးကောင်းကောင်း စောင်းပေးတတ်လာပြီလေ။
BẠN ĐANG ĐỌC
အချစ်သည် မည်သို့နည်း???
Lãng mạnအချစ်ဆိုတာ မီးပဲ... ရှို့တဲ့သူလည်း ပူတယ် အရှို့ ခံရတဲ့သူလည်း ပူတယ်