အခန်း(၄၄)

21 2 0
                                    

အခန်း ၄၄

ကျွန်တော်တို့တစ်ဖွဲ့လုံး စစ်ကိုင်းက အပြန်မှာ
ဘုရားတွေဝင်ဖူးဖြစ်ခဲ့ကြတယ်။ ဒါပေမယ့်
ကျွန်တော်တို့ရဲ့ သတ်မှတ်ခံထားရတဲ့ ကံဆိုးခြင်း
တစ်ခုကိုတော့ ဘုရားမှာ ဆုတောင်းပြီး ချေဖျတ်လို့မရဘူးဆိုတာတော့ ကျွန်တော်တို့အားလုံးသိနေကြတယ်။ နောက် လေး၊ ငါးခြောက်ရက်ဆိုရင် ကျွန်တော်တို့အားလုံး အလုပ်ထွက်ကြရလိမ့်မယ်။ ဒီလိုနဲ့ မမ္တလေးရုံးမှာ ဘာမှမလုပ်ဖြစ်ဘဲ သောင်တင်နေခဲ့ကြတယ်။ အဲဒီအားလပ်ချိန်တွေမှာ ရွှေရည်နဲ့ စကားပြန်ပြောဖြစ်ခဲ့တယ်။ သူကလည်း ကျွန်တော်အတွက်တော့ နေရာကွက်ကျား ရွာချတတ်တဲ့ မိုးပြေးလေးဖြစ်နေပြန်တယ်။ ဘာဖြစ်ဖြစ် သူနဲ့စကားပြောနေရတာကို ကျွန်တော်ပျော်နေမိခဲ့တယ်။ ဒါကို Qတယ်လို့ ပြောရင်လည်း ပြောပေါ့ဗျ။ အမှန်ဖြစ်ပျက်တာကိုတော့ ကျွန်တော်က စိတ်ထဲ သိပ်အောင့်အီးမထားတတ်ဘူးလေ။

"ဟိတ်၊အဟမ်း။"
"ပြောပါ"
"ကို့ကို စိတ်ဆိုးနေတာလား။"
"မဆိုးပါဘူး။"
"မနက်က ကို ဖုန်းဆက်တော့၊
ရွှေရည်စကားပြောတာ တစ်မျိုးကြီးပဲ။"
"ထင်လို့ပါ။"
"အင်းလေ၊ ထားပါတော့ ။ ကိုယ်တိုင်က လေးနတ်မူ မထားနိုင်ခဲ့တဲ့သူ ဆိုတော့လည်း။ရွှေရည်
စကားမပြောချင်တော့တာ သဘာဝကျပါတယ်ကွာ။"
မိန်းမတချို့တွေရဲ့စိတ်ကိုတော့ တစ်ခါတစ်လေ
ကျွန်တော်သိနေသလိုမျိုး ခံစားရတတ်တယ်ဗျာ။
သူတို့လိုချင်တာ ဘာဆိုတာကိုလည်း ကျွန်တော်သိနေသလိုလိုပါပဲ။ ဒါပေမယ့် သူတို့လိုချင်တဲ့ အရာရာတိုင်းကို ကျွန်တော်ဘက်ကသေလုမတတ်ချစ်နေပါစေဦး၊ အကုန်လုံး ကျွန်တော်လိုက်ဖြည့်စွမ်းပေးနေမှာတော့ မဟုတ်ဘူး။

"ရွှေရည် ၊ ဘာပြောနေလို့လဲ။"
"ရွှေရည် ဘာမှမပြောပေမယ့်၊ ရွှေရည်
ဘာပြောချင်နေမှန်း ကိုသိတယ်။"
"ဘာကိုသိတာလဲ၊ ရွှေရည် ဘာမှမဖြစ်ဘူး။"
"သိတာပေါ့ ၊ရွှေရည်စိတ်ထဲမှာ ၊ ရှင်ကချစ်တယ်
လို့လည်း ပြောတယ်၊ ဂရုလည်း မစိုက်ဘူးဆိုတာ
မျိုးပေါ့၊ အဲဒီလို ပြောချင်စိတ်လေးတော့ ရွှေရည်မှာ ရှိနေမှာပါ။"
"မရှိပါဘူး။"
ဒါပေမယ့် ကျွန်တော်သိပြီးသားပါ။ မိန်း
ကလေးတော်တော်များများက သူတို့ကို ချစ်နေတဲ့လူတစ်ယောက်ဆီက ဂရုစိုက်မူကို စောင့်ကြည့်ပြီး သူတို့ကို တကယ်ချစ်၊မချစ် ဆုံးဖြတ်ကြမှာပဲလေ။
ဒါပေမယ့် ဒီနေရာမှာ ကျွန်တော်ဆိုတဲ့ကောင်က အဲဒီလိုမျိုး ဘယ်တော့မှ လုပ်ဖြစ်မှ မဟုတ်ပါဘူး။  မိန်းမတစ်ယောက်က ကို့အပေါ်ချစ်မြတ်နိုးလာမူအပေါ်မှာ ကိုယ်ဘက်က ဂရုစိုက်မူတွေ overဖြစ်တဲ့အထိ
လုပ်ပြနေရတယ်ဆိုရင် မိန်းမတစ်ယောက်က
ချစ်မြတ်နိုးမူဆိုတာ ယောကျာ်းတစ်ယောက်ရဲ့
ဂရုစိုက်ပေးမူဆိုတာချည်းပဲ ဖြစ်နေလိမ့်မယ်လို့
ကျွန်တော်ကတော့ ယူဆတယ်။
ရွှေရည်က မေဇော်တုန်းကထက် နည်းနည်းကွာခြားပါတယ်။ ဒီနေရာမှာ သူမခံချင်ဖြစ်လာအောင်၊ သူရဲ့
အိပ်ပျော်နေတဲ့ နှလုံးသားကို နိုးထလာအောင် လုပ်ဖို့က ပိုအရေးကြီးပါတယ်။ အရင်ဆုံး ရွှေရည်၊
သူ့စိတ်ထဲမှာ ဒွိဟအတွေးတွေ ဝင်အောင် ကျွန်တော်လုပ်ရတယ်။ ကျွန်တော် သူ့ကို ချစ်တယ်ပြောခဲ့တယ်။ ဒါဆို ကျွန်တော် သူ့ကို ဘာလို့ဂရုမစိုက်တာလဲ။ ဒါ သူ့အမြဲမေးနေရမယ့် မေးခွန်းဖြစ်တယ်။ အဲဒီ မေးခွန်း သူ့ခေါ်င်းထဲရောက်သွားတိုင်း၊ ရောက်သွားတိုင်းမှာ ၊ကျွန်တော် သူ့နှလုံးသားထဲရောက်ဖို့ ခြေတစ်လှမ်းတိုးတိုးသွားတာနဲ့ အလားတူပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်ရဲ့ရည်ရွယ်ချက် အောင်မြင်ခဲ့ပါတယ်။ အဖြေကို အရမ်းသိချင်နေပြီ ဖြစ်တဲ့ကျွန်တော်ကို နောက်နေ့မှာ အဖြေပေးခဲ့ပါတယ်။ ကျွန်တော် ဘာမှ စမပြောသေးဘဲနဲ့ပေါ့။

အချစ်သည် မည်သို့နည်း???Où les histoires vivent. Découvrez maintenant