အခန်း(၆၈)

26 2 2
                                    


(၆၈)
တကယ်တော့ ရွှေရည်ရဲ့စိတ်ဟာ ခန့်မှန်းရခက်တဲ့ မိုးတိမ်တွေ အတိုင်းပါ။ ကျွန်တော် သူ့ကို နားလည်နိုင်အောင် ကြိုးစားပါတယ်။ အဲဒီလို ကြိုးစားနေရင်းကပဲ နားမလည်နိုင်လောက်တဲ့ အရာတွေ ထပ်ထပ်ပြီး တိုးလားရပါတော့တယ်။ အခုတော့ သူကျွန်တော်ရဲ့အဝေးကို ထွက်သွားဖို့ သေချာသလောက်ရှိသွားခဲ့ပါပြီ။
"Hi၊ ရွှေရည် စောင့်နေတာ ကြာသွားပြီလား။"
"ရပါတယ်...။"
"ဟင်...ဘာရ၊ ကို အမေနဲ့ဆေးခန်းလိုက်သွားပေးနေရတာ။ ရွှေရည်က အိပ်ချင်နေပြီလား၊ စကားမပြောတော့ဘူးလား။"
"မဟုတ်ပါဘူး။"
"ရွှေရည် မနက်ဖြန်သွားဖို့ သေချာပြီလား။ "
"အင်း"
"အစစ အရာရာ ဂရုစိုက်နော်။"
"အင်း။"
"ဆေးလည်းဆောင်သွားပါ။ လမ်းမှာ အသက်ရှုကျပ်တာတွေ၊ ဘာတွေဖြစ်နေမယ်။"
"အင်း။"
"ကို့ကိုလည်း သတိရပေးဦးနော်။"
"အင်း။"
အင်းဆိုတဲ့စကားလုံးက လိုတာထက်ပိုများလာတဲ့အခါ နည်းနည်း တော့ စဉ်းစားရပါပြီ။ ဘာလဲ၊ သူပုံစံက စကားမပြောချင်ပဲ ပြောနေရတဲ့ ပုံစံမျိုးလား။ တစ်ခါတစ်လေတော့ မိန်းမတွေရဲ့မာယာကို ကျွန်တော်မဝေခွဲနိုင်ခဲ့ပါဘူး။
"ကိုကတော့ အဲဒီအင်းတစ်လုံးနဲ့ပဲ ရောင့်ရဲနေတတ်အောင် ကြိုးစားနေရပါတယ်။ စိတ်မပူတတ်အောင်လည်း ကြိုးစားနေပါတယ်။"
"ပြီးတာပဲလေ..။"
"ကို့ကိုသတိရပေးတယ်ဆိုရင်ပဲ ၊ ကျေနပ်ပါပြီ၊ ပြီးတော့မပြီးပါဘူး။ အလွမ်းဟာ အရမ်းခံရခက်ပါတယ်။ ကိုရဲ့အချစ်ကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ပူပန်မူ၊ ဂရုစိုက်မူ၊ ဝမ်းနည်းမူ၊ ပျော်ရွှင်မူ၊ ကြေကွဲရမူ၊ နားလည်ပေးခြင်း၊ အဲဒါတွေဟာ အခုလိုမျိုး ပေါ်မထွက်လာသင့်ဘူး မှတ်လား။ ဥပမာ ကိုက စိတ်ပူတယ်ပြောရင် စိတ်မပူနဲ့တဲ့၊ ခံစားရတယ် ပြောရင်လည်း မခံစားနဲ့တဲ့။"
"လွဲနေပြီ။"
"ကို့အချစ်ဟာ အလကားသက်သက်ပေါ့၊ အကောင်း ၊ အဆိုးအားလုံး ကို့ကိုပေးပါ။ အကောင်ချည်းပဲလဲ မပေးပါနဲ့။ကို ပြောပြဖူးပါတယ်။ ကိုဟာ အရမ်းခံစားလွယ်ပါတယ်လို့....။"
"အမေ့ကို စာဖတ်ပြနေရလို့ပါ။"
ကျွန်တော်အပြင်ဘက်မှာ ခေါ်င်းကိုဆယ်ခါလောက် ခါနေမိတယ်။ ဒါပေမယ့် ပြန်ရိုက်နေမိတဲ့စာကတော့...
"အင်းပါ...။"
"ရွှေရည်ပြောတဲ့ စိတ်မပူနဲ့ ၊ အရမ်းမခံစားနဲ့ဆိုတာက၊ အဲ ဒီအတွေးတွေနဲ့ မွန်းကြပ်နေမှာစိုးလို့ ပြောတာ။ ကို ပြောနေတာတွေက လုံးဝမမိုက်ဘူး။"
နှလုံးသားတည့်တည့်ကို ဓားနဲ့ထောက်ခံရသလိုမျိုး ကျွန်တော်ခံစားရတယ်။
"ကိုက ရွှေရည်ဆီက အကောင်းတွေချည်းပဲ ရယူနေမယ်ဆိုရင် ကိုဟာ တစ်ဖတ်သတ်ဆန်တဲ့လူ ဖြစ်နေမှာပေါ့။"
"အလကားသက်သက်လို့ ပြောရအောင် ရွှေရည်ဘက်က ဘယ်တုန်းက အလေးမထားဘဲ ၊ နေခဲ့မိလဲ။ ဒီအတွေးတွေက ရုန်းထွက်ပြီ အမြန်အတူနေနိုင်အောင် ကြိုးစားတာက အကျိုးမရှိဘူးလား။"
သူရဲ့အဲဒီစကားတစ်ခွန်းကပဲ ကျွန်တော်ကိုပြန်ပြီး ငုတ်တုတ်မေ့သွားစေခဲ့ပါတယ်။
"အကျိုးရှိပါတယ်၊."
"အခု ကို ပြောနေတဲ့စကားတွေဟာ ကို့ဘက်ကိုကြည့်ပြီး ပြောနေတာပဲ။ မစော်ကားပါနဲ့။"
"အဲလိုတော့ မစွပ်စွဲပါနဲ့။"
"ကိုပြောနေတာတွေကို ကိုပြန်ကြည့်လေ၊ ရွှေရည်ကပဲ အလေးမထားသလိုလို။"
နားလည်မူတွေ ပါးလျလာတယ်။ အရွဲတိုက်လိုစိတ်တွေ တဖွားဖွားကွာကျလာရတယ်။
"ဟုတ်တယ်၊ကိုက ကို့ဘက်ကိုကြည့်ပြီး ပြောနေခဲ့မိတယ်။"
"ရွှေရည်က ကို့အတွက်ကို ကြည့်ပြီး အဲလိုပြောခဲ့တာ၊ စကားကို အထအနကောက်ပြီး လိုက်မပြောပါနဲ့။"
"ကို မပြောတော့ပါဘူး။ ကို့အချစ်တွေကြောင့် လှောင်ပိတ်သလို ဖြစ်သွားခဲ့ရင် ဆောရီးပါ။ ကို့အတွက်ကို ကြည့်ခဲ့မိတယ်။"
"ဘာလို့ ခုလိုတွေ ခဏ၊ခဏ ဖြစ်နေရတာလဲ၊ ခဏ၊ခဏလည်း ဖြေရှင်းနေရတယ်။ဟူး......။"
"အဲဒီ လို ဖြစ်စေတာက အချစ်ဆိုတဲ့အရာကြောင့်ပါ။ ရွှေရည်ကို စိတ်ပျက်နေစေမိခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကို အဲဒီလိုကြည့်မြင်နေတာ အားလုံးဟာ အချစ်တစ်ခုတည်းကြောင့်ပါပဲ။"
နောက်ဆုံးမှာ ပြန်အဆင်ပြေကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီအကြိတ်အခဲတွေဟာ ဘယ်မှ ရွေ့မသွားဘူး။ ကျွန်တော်တို့ရင်ထဲမှာပဲ အမြဲရှိနေခဲ့တယ်။ ကျွန်တော်ရင်ထဲက အကြိတ်အခဲက ကြီးထွားလာခြင်းမရှိဘူး။ ဒါပေမယ့် သူ့ရင်ထဲက အကြိတ်အခဲကတော့ ကြီးထွားလာပြီး အရာအားလုံးကို ဖျတ်စီးပစ်ချင်နေခဲ့တယ်။

အချစ်သည် မည်သို့နည်း???Onde histórias criam vida. Descubra agora