အခန်း(၁၀၄)

36 2 0
                                    


အခန်း(၁၀၄)

ဒီဇင်ဘာ ၈ရက်၊
ကျွန်တော်က ပုံမှန်အားဖြင့် စိတ်မှတ်ကြီးတဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော် ရွှေရည်ကိုချစ်တယ်။ အဲဒါ အမှန်ပါပဲ။ ဒါပေမယ့် သူ့လုပ်ရပ်တွေနဲ့အတူ ကျွန်တော်ရှေ့ကို ဘယ်လိုမှ ဆက်မတိုးရဲတော့ပါဘူး။ ကျွန်တော်စိတ်တွေ အတော်ကလေးကို ခြောက်ခြားရလို့ပါ။ ကျွန်တော်ရဲ့ နားလည်ခြင်းတွေ ပါးလျနေပြီဆိုတာလည်း  ကျွန်တော်ကိုယ်ကျွန်တော်သိပါတယ်။ ဒီအတွက် ကျွန်တော်ဟာ လူယုတ်မာ၊ လူစိတ် မရှိတဲ့ကောင်၊ ကြိုက်သလို စွတ်စွဲတံဆိပ်ကပ်ကြပါစေတော့ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်မပြောင်းလဲ တော့ပါဘူး။ သူနဲ့ယူပြီးမှ မိန်းမတစ်ယောက်ကို ပြန်သွန်သင်ဆုံးမနေရတာမျိုး ကျွန်တော်အလိုမရှိတော့ပါဘူး။ ဒီဖြစ်ရပ်ကို သူကလည်း ကြိုက်မှာ မဟုတ်ပါဘူး။ ရွှေရည်ကလည်း စကားလေးနည်းနည်းမှားရင်တောင် ဆတ်ဆတ်ထိမခံတဲ့ မိန်းမမှတ်လား။ ကျွန်တော်သူနဲ့ ဘယ်လိုလက်တွဲရမလဲ။ ကျွန်တော်လိုချင်တာ လိမ္မာတဲ့မိန်းမတစ်ယောက်လား။ အဲလိုဆို ကျွန်တော်အစကတည်းက သူ့ကို ဘာလို့သွားပတ်သက်နေရတာလဲ။ သူ့အ ခြေအနေကို သိသိကြီးနဲ့ ကျွန်တော်ဘာလို့ ရှေ့တိုးသွားခဲ့မိတာလဲ။ ဒါတွေတွေးမိတိုင်း ကျွန်တော် ဦးနှောက်တွေ မတရားခြောက်ရတယ်။
ဒီနေ့ ရွှေရည်ပဲခူးပြန်ဆင်းလာမှာမို့ ကျွန်တော်တို့တွေ့ဖို့ ချိန်းဆိုထားကြပါတယ်။ တကယ်ပါ၊ ဒါနောက်ဆုံးတွေ့ ဆုံခြင်းပါပဲ ။ ကျွန်တော်အသေအချာဆုံးဖြတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီနောက်ဆုံးတွေ့ဆုံမူမှာ သူခါတိုင်းထက် ပိုပျော်ရွှင်အောင် ကျွန်တော်အစွမ်းကုန်ဖြည့်ဆည်းပေးသွားမှာပါ။ ပြောရရင် ကျွန်တော်မှာ သူကြိုက်နှစ်သက်လာပါတယ်ဆိုတဲ့ အသီးကလေးတွေတောင် ကျွန်တော်ယူလာခဲ့တယ်။ အန္တရာယ်တွေကို ဂရုမစိုက်ပဲနဲ့ပေါ့။

ကျွန်တော်တွေးကြည့်မိပြန်သေးတယ်။ကိုယ်ချစ်ပါတယ်ဆိုတဲ့မိန်းမတစ်ယောက်ဟာ ကိုယ်ရှေ့မှာ မူးယစ်ဆေးဝါးသုံးစွဲတာကို ဘယ်ယောကျာ်းလေးက ကျေကျေနပ်နပ် လက်သင့်ခံပေးနိုင်လဲလို့လေ။ ဒါဆိုရင်
ကျွန်တော်ကဘာလဲ။ စိတ်သဘောထား ကောင်းလွန်းအားကြီးနေတာလား။ ဟင့်အင်း မဟုတ်ပါဘူး။ ဒီနောက်ဆုံး တစ်ခေါ်က်မှာ သူဖြစ်ချင်တာတွေအကုန် ဖြစ်သွားစေချင်တာပါ။ ကျွန်တော်အတွေးက လုံးဝ ရိုးရိုးလေးပါပဲ။ အခုသူနဲ့တွေ့ဆုံခြင်းမှာ ကျွန်တော်ရဲ့ပျော်ရွှင်မူ၊ ကျွန်တော်ရဲ့သာယာမူကို လုံးဝဦးတည်နေမှာ မဟုတ်ပါဘူး။ ဒါ ကျွန်တော်သူ့ကို နောက်ဆုံးလုပ်ပေးနိုင်တဲ့အရာပါပဲ။ သူ ကျေနပ်ပျော်ရွှင်ဖို့ကသာ ကျွန်တော်ရဲ့ချစ်ခြင်းပါ။
အဲဒီ ချစ်ခြင်းတရားကြောင့်လား၊
အပြစ်မဲ့တဲ့ ကလေးတစ်ယောက် ကမ္ဘာမြေ ပေါ်က နူတ်ဆက်ထွက်ခွာ သွားခဲ့ရပြီ။ ဒီအတွက် ကျွန်တော်တို့ဟာ ပျော်ရွှင်စွာ နေထိုင်နေသင့်သလား။ ကိုယ်ဝန်မရင့်သေးဘူးဆိုပေမယ့် ဗိုက်ထဲကလေးဟာလည်း အသက်ရှိသူ တစ်ဦးပါ။ ဗိုက်ထဲမှာတင်ပဲ မိခင်ရဲ့ဂရုစိုက်မူကို မရရှိလိုက်တဲ့ကလေး။ ကလေးရယ် တကယ် စိတ်မကောင်းပါဘူးကွယ်လို့ စိတ်ထဲကနေ တိုးတိုးလေး တောင်းပန်လိုက်မိတယ်။
သူတော့မသိဘူး။ ကျွန်တော်အတွက်တော့ ဒီကိစ္စက ညတိုင်း အိပ်မက်ဆိုးမက်သလိုကို ခြောက်ခြားစေခဲ့တယ်။ ဒါကြောင့်
ကျွန်တော်တို့ အပြစ်မရှိသလို ခံစားနေထိုင် သင့်လား။ ရွှေရည်တော့ ကျွန်တော်နဲ့တွေ့ရမှာမို့ ပျော်နေမှာအမှန်ပါပဲ။ ကျွန်တော်မှာသာ ဆိုင်ကယ် ကယ်ရီသမားတွေကိုငေးကြည့်ရင်း စိတ်တွေ မီးခိုအူနေတော့တယ်။
သူ့ရဲ့
လိမ်လည်ခြင်းပေါ်င်းများစွာကိုလည်း ကျွန်တော်ရွံရှာခဲ့ပြီ။ သူ့ရဲ့ ရမ္မက်မီးတွေကိုလည်း ကျွန်တော်ကြောက်ပြီ။
အချစ်ထဲမှာကိုပဲ တစ္ဆေတစ်ကောင်ကို ကျွန်တော် ထင်ထင်ရှားရှား မြင်နေခဲရပါပြီ။
ဒါပေမယ့် ဘာဖြစ်ဖြစ်
နောက်ဆုံးအချိန်ထိ ကျွန်တော် သူ့ကို ပျော်ရွှင်မူတွေရှောင်ကြည်းပေးသွားမယ်။ Expressကားတွေလို ကျွန်တော်စိတ်တွေ တဖြေးဖြေး ပိုပို ဝေးသွားခဲ့တော့တယ်။
ကျွန်တော်သူ့ကို အမှတ်သုံးလမ်းဆုံထိပ်မှာ စောင့်နေတာပါ။  စောင့်နေရတဲ့အချိန်မှာ စိတ်မကောင်းစရာကောင်းတဲ့ အရာတွေကိုပဲ ကျွန်တော် ပြန်ပြန်တွေးတော နေမိတယ်။ ရွှေရည်ကကော ဒါဟာ ကျွန်တော်နဲ့နောက်ဆုံးတွေ့ဆုံခြင်းဆိုတာ သိခဲ့ရင် သူ ဘယ်လိုခံစားမလဲ။ အင်း သူ မခံစားစေရပါဘူး။ သူ့အနေနဲ့ ဒါကို သိလည်းမသင့်သိဘူး။ ဘဝရဲ့ ဒဏ်ရာဒဏ်ချက်တွေ အရမ်းများလွန်းနေတဲ့ရွှေရည်ဟာ အခုလို အမြဲပျော်ပျော်ရွှင်ရွှင်ပဲ ရှိနေသင့်တယ်။ အဲဒီအတိုင်းပဲ သူဟာ လူတွေကိုလည်း ပျော်ရွှင်စွာနဲ့ပဲ အရွဲ့ဆက်တိုက်နေပါလိမ့်မယ်။
ကျွန်တော်နဲ့တွေ့ဆုံခဲ့တဲ့အချိန်တွေဟာ သူ့ဘဝမှာ အပျော်ဆုံး အချိန်တွေပဲ ဖြစ်နေစေရမယ်လို့ ကျွန်တော်ကပြောလွန်းနေတော့
ကျွန်တော်ရဲ့ လုပ်ရပ်ဟာ ပြည်တန်ဆာဆန်လွန်း တယ်
လို့ ဆိုလေမလား။ ဆိုလိုက်ပါ။ ကျွန်တော်လည်း ပြည်တန်ဆာနဲ့ မခြားခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်အဓိက ဂရုစိုက်တာက တစ်ခုတည်းရယ်ပါ။ အဲဒါက ကျွန်တော် သူ့ကို ဘယ်တော့မှ အမုန်းတွေနဲ့ လမ်းမခွဲသွားချင်ခဲ့တာပါ။

ဟော့ ရွှေစင်စင်္ကြာ ကားတစ်စီးတော့ ထိုးဆိုက်လာပါပြီ။ ဒီကားမှာတော့ သူပါလာလိမ့်မယ် ထင်ပါတယ်။ ကားရပ်သွားတယ်။
ကားပေါ်ကဆင်းလာတဲ့ ရွှေရည်ကို ကျွန်တော်တွေ့လိုက်တယ်။ သူကလည်း ကျွန်တော်ကို ချက်ချင်းမြင်တယ်။ သူ့လက်ထဲက အိတ်ကို ကျွန်တော် လှမ်းယူလိုက်တယ်။
"ယောကျာ်း စောင့်နေတာ ကြာသွားပြီပေါ့လေ။"
"မကြာပါဘူး မိန်းမရဲ့။"
"ဘာမကြာဘူးလဲ၊ယောကျာ်း ဒီရောက်လို့ ဖုန်းလှမ်းဆက်တဲ့အချိန်က ၁၂၅မိုင်တောင် မရောက်သေးတဲ့ဟာကို။"
ကျွန်တော် သူ့ လက်ကို လှမ်းဆုတ်ကိုင်လိုက်တယ်။ ကားပေါ်က အဲကွန်းကြောင့် သူ့လက်တွေက အေးစက်နေတယ်။
"လာပါ ချစ်ဆုံးရယ်၊ပဲခူးပြန်ဖို့ အချိန်မရှိဘဲနေမယ်။"
သူက ကျွန်တော်ရဲ့လက်ကိုဆွဲပြီး ကျွန်တော်နဲ့အတူ ကားလမ်းဖြတ်ကူးလာခဲ့တယ်။ သူက အရင်အတိုင်းပဲ။ မကြာသေးခင်က ဖြစ်ဟွးသွားတဲ့ကိစ္စတစ်ခုဟာ သူနဲ့ကင်းဝေနေပုံရတယ်။ ဒီနောက်မှာ
ကျွန်တော် သူ့မျတ်နှာကို သေချာကြည့်လိုက်တယ်။ သူ့မျတ်တွင်းတွေက ဟောက်ပက်နဲ့။ အိပ်ရေးပျက်လို့ ထင်ပါရဲ့။ မျတ်နှာမှာလည်း ဝက်ခြံလေးတွေ စီ လို့ရယ်။ သနားဖို့လည်း ကောင်းပါရဲ့။ ခက်တာက
သူဟာ သူလုပ်ချင်တာ လုပ်ခွင့်ရနေရင် အရာအားလုံးကို မေ့ပျောက်ထားနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိနေတဲ့ ကျွန်တော်ရဲ့ စိတ်ဟာ အရမ်းခက်ပါတယ်။ ဆို တော့...
ကိုယ်တို့ ဝေးလိုက်ကြတာပဲ၊ ကောင်းပါတယ် ချစ်သူရယ်။

အချစ်သည် မည်သို့နည်း???Where stories live. Discover now