(၁၄)

90 6 2
                                    

အခန်း(၁၄)

(ရွှေရည်ဝင်း)

ကိုနဲ့ မတွေ့ဖြစ်တဲ့နောက်ပိုင်း အိမ်မှာလည်း
အခက်အခဲလေးတွေ ရှိနေတာမို့ ကျွန်မလည်း
ကို နဲ့အတူ စကားလိုက်လျောပြီး
စကားပြောအေးစက်နေခဲ့မိတယ်။

အိမ်မှာကလည်း ကျွန်မမှ ဦးဆောင်မလုပ်ရင်
လူဘယ်လောက်များများရှိရှိ အလုပ်ပြီးတာ
မဟုတ်ဘူးရယ်။

မောင်လေးတွေရှိပေမယ့် တကယ့်တကယါကျတော့ အားကိုးလို့ မရ။ သူ့ တို့ လုပ်ပုံကိုင်ပုံကို ကြည့်ပြီးတော့လည်း တစ်စက်မှ ကျွန်မမှာ စိတ်တိုင်းမကျမိပြန်ပါဘူး။ ခြံထဲမှာ အမေနဲ့ အတူ ကျွန်မ နှင်းဆီတွေ သပြေတွေစိုက်ထားတယ်။ တခါတလေ ဆေးဖြန်းပေးဖို့  ဆိုတာမျိုးတောင် မကူညီတတ်ကြဘူး။ ဒါပေမယ့် ကျွန်မက မောင်နှမတွေထဲမှာ အကြီးဆုံးတော့ မဟုတ်ပါဘူး။

ကျွန်မအထက်မှာ အမနှစ်ယောက်ရှိသေးတယ်။ အမနှစ်ယောက်စလုံးက သူတို့ 
အိမ်ထောင်နဲ့ သူတို့  အိမ်ခွဲနေကြတယ်။ မောင်လေးတွေလည်း သူတို့ အိမ်ထောင်နဲ့  သူတို့ ပါပဲ။

အရှင်းဆုံးပြောရင် ကျွန်မလည်း ကျွန်မအိမ်ထောင်နဲ့ ကျွန်မ ရှိခဲ့ဘူးပေမယ့် ကွဲခဲ့တာ ကြာပြီ။

ဒါကလည်း အဲဒီယောကျာ်းအသုံးမကျလို့ ပေါ့။

ကျွန်မကတော့ ဝတ္တရားကျေပွန်အောင် အားလုံးလုပ်ပေးခဲ့တယ်။ ဒါပေမယ့် သည်းမခံနိုင်တဲ့ တစ်နေ့ ဆိုတာ လူတစ်ယောက်တိုင်း တစ်ယောက်တိုင်းစီမှာ ရှိတတ်ကြတာပဲမှတ်လား။

ကျွန်မက မိန်းခလေးပဲလေ။ ကိုယ်ချစ်ရသူနဲ့  ပက်သတ်လာရင် လိုချင်တောင့်တတာတွေ အများကြီးရှိတာပေါ့။ ဒါပေမယ့် တွေ့ ဖူးသမျှ ယောကျာ်းတိုင်းက သူတို့ လိုချင် သူတို့ ဖြစ်ချင်တာတွေကို ရှေ့တန်းတင်တာက ပိုများနေခဲ့တယ်။ အခု ကိုလည်း ဘာထူးလည်း သူဖြစ်ချင်တာတွေကိုပဲ ရှေ့တန်းတင်တာတွေများနေတာပဲလေ။

တစ်နေ့မှာပေါ့ ကျွန်မ အွန်းလိုင်းဖွင့်ကြည့်မိတဲ့အချိန် ကို အအေးသောက်နေတဲ့ ပုံလေးကို တင်ထားတာ ကျွန်မတွေ့လိုက်ရတယ်။

အချစ်သည် မည်သို့နည်း???Where stories live. Discover now