အခန်း(၉၆)

20 2 0
                                    

အခန်း(၉၆)

ကျွမ်မအိမ်ပြန် ရောက်ချိန်မှာ ကို့မျတ်နှာက ရှစ်ခေါက်ချိုးဖြစ်နေပါပြီ။ ကျွန်မလိုအပ်တာထက်တော့ အချိန်နည်းနည်း ပိုကြာသွားတာမှန်ပါတယ်။ ဒါကလည်း အငယ်မကပါ ဗေဒင်ဝင်မေးနေလို့ပါ။အာ့ကြောင့် ကျွန်မလည်း ကိုစိတ်ပြေအောင်လို့ အနီးအနားက နေရာလေးတွေ လိုက်ပြပေးတယ်။ ဒါပေမယ့် ကိုက စကားပြောချင်သလို မပြောချင်သလို လုပ်နေတုန်းပဲ။ အဲဒီလောက် ကြတော့ သိတဲ့အတိုင်း ကျွန်မလည်း စိတ်မရှည်ချင်တော့ဘူး။ အဲဒီလိုနဲ့ ကိုပြန်မယ်ဆိုတော့ ကားဂိတ်လိုက်ပို့ပေး လိုက်တယ်။ ပြန်လာတော့ ကျွန်မစိတ်ထဲမှာ တနုံနုံနဲ့ ကို့ကို မကျေမနပ်ဖြစ်နေမိတယ်။

ကိုက ဘာလေးပဲပြောလိုက်၊ ပြောလိုက်၊ ရွှေရည်သဘော၊ ရွှေရည်သဘော လုပ်နေရော။ အရာရာ ကျွန်မသဘောဆိုတော့ ကို့သဘောက ဘာလဲ။ ပြောခဲ့ကြတဲ့ စကားတွေ ပြန်တွေးမိတိုင်း ကို့ကို ကျွန်မ မုန်းတီးချင်လာတယ်။ အေးတိအေးစက်လုပ်နေပုံက ကျွန်မ ကိုင် သာပေါ်က်ပြစ်လိုက်ချင် တော့တယ်။ ကိုနဲ့အတူနေချင်တာကတော့ အမှန်ပါ။ ကျွန်မ မပြတ်သားနိုင်သေးတာလည်း အမှန်ပါ။ ဒါပေမယ့် ကို့ဘက်က သေချာတဲ့လမ်းတစ်ခုကို ချပြသင့်တယ်။ ကျွန်မတို့ ဘဝတွေက လွယ်ကိုမလွယ်ပါဘူး။ အဲဒီစိတ်ကြောင့် ကျွန်မ ကိုနဲ့စကားကောင်းကောင်းမပြောဖြစ်ဘူး။ ဒီတော့ ကိုက ကျွန်မ ကျွန်မကလေးတွေကို လွမ်း နေတာလားလို့ မေးတယ်။ ဟုတ်တယ်လို့သာ ကျွန်မပိတ်ပြောပြစ်လိုက်တယ်။

ပြောသာပြောနေတာပါ။ ကျွန်မ ကို့ကို မပြတ်နိုင်တာကတော့ အသေအချာပဲလေ။ အကြိမ်ကြိမ်ကြိုးစားလည်း ကျွန်မအကြိမ်ကြိမ် နောက်ပြန်ဆုတ်နေမိဆဲပါ။တစ်နေ့တော့ ကျွန်မ ကို့ကို ကဗျာလေးတစ်ပုဒ် ပို့လိုက်တယ်။

ငါ့ကို ဆွဲထားတဲ့ လက်ငယ်လေး
ငါက ဆွဲထားရတဲ့ လက်ငယ်လေး
ဒုက္ခသစ္စာနဲ့ ပြုမိသမျှ ဒီကောင်းမှု
တစ်နေ့ပြီး တစ်နေ့ အသက်ဝင်လာပေါ့
တစ်နေ့ပြီး တစ်နေ့ တောက်ပလာပေါ့
သွေးသား ပန်းပွင့်ကလေး ။ ။
(ရွှေရည်ဝင်း)

ကဗျာကို ဖတ်ပြီးနောက်...
"ပျော်ပြီလေ။ ကို ကလေးချီရတော့မှာ။ ငါ့ ကလေးအဖေဖြစ်ပြီကွ။"
ကိုကတော့ အများကြီးမျှော်လင့်ထားမှာပါ။ ဒါပေမယ့် မဖြစ်စေချင်ပါဘူး။
"ဘယ်သူပြောလဲ။"
"အမ်။ မဟုတ်ဘူးလား။"
"စိတ်ကူးယဉ် ကြည့်တာ။"
"အမ်၊ ဖြစ်လာချင်လို့ စိတ်ကူးယဉ်တာပဲ။ ဟုတ်တယ်နော်။ အာ့ဆိုလည်း ပျော်ပြီလေ။ အရမ်းချစ်တာပါ မိန်းမရယ်။ မိန်းမရဲ့စိတ်ကူးတွေ အထမြောက်လာမှာပါ။ ကလေးလေးရေ၊ ကြိုဆိုပါတယ်ကွာ။"
"တခုတော့ ရှိတယ်
ချစ်သူက ကဗျာရေးလို့လားမသိ
ကိုယ်ပါ ကဗျာတွေရူးသွပ်လာတယ်။"
ဒီစကားကို ကိုက သူ့ပြောတယ်ပဲ ထင်နေမှာပါ။ ဒါပေမယ့် ကျွန်မရည်းစားတွေထဲမှာ ကဗျာရေးတာ ကိုတစ်ယောက်တည်း ရှိတာမှ မဟုတ်ဘဲလေ။ ဒါပေမယ့် ကို့ကိုတော့ အကုန်လုံးထက်ပိုခဲတယ်။ ကို ကျွန်မအပေါ် နာကျင်သွားမှာကိုလည်း ကျွန်မအရမ်းကြောက်တယ်။
"ကို့မိသားစုလေး၊ အရမ်းတောင့်တတာပေါ့။ အဖေတစ်ယောက်လို တည်ငြိမ်ချင်နေပြီ။ အတူတူပျံသန်းကြမယ်နော်။ နော်လို့ ချစ်ဆုံး။"
စိတ်မကောင်းပါဘူး ကို၊ ကျွန်မတို့နှစ်ယောက်ရဲ့ဘဝက လက်တွေ့တည်ဆောက်ဖို့ ခက်ခဲလွန်းပါတယ်။ စိတ်ကူးယဉ်ခြင်းတွေနဲ့ပဲ ဇာတ်လမ်းကို သွေးအေးပစ်လိုက်တာ ပို ကောင်းပါလိမ့်မယ်ကို။ ကို့ဆီကို နောက်ထပ်ကဗျာတစ်ပုဒ် ထပ်ပို့ပေးလိုက်တယ်။
"မလျှောက်ဖြစ်​တော့တဲ့ လမ်းလေးရေ
ဆုတောင်းတိုင်း မပြည့်ပေမယ့်
ဆုတောင်းမိပါတယ်
ကဗျာများဖြင့် ပျော်ပါစေ
မာနများဖြင့် ပျော်ပါစေ
အသွင်ကူးပြောင်းရေးဖြင့် ပျော်ပါစေ
စာအုပ်များဖြင့် ပျော်ပါစေ
ပျော်ပါစေ . . .
ပျော်ပါစေ . . .
မမြင်ရအောင် မီးပိတ်ပစ်လိုက်တယ်
စိတ်နဲ့ပဲ လင်းစေတော့ကွယ်။"
(ရွှေရည်ဝင်း)

"အမ်၊ အဲဒါက၊ ပြောပြပါဦး။ ဘယ်လိုလဲဟင်။ ကို့ကို ထားခဲ့ဖို့လားဟင်။"
ကျွန်မသိတဲ့အတိုင်း ကဗျာဖတ်ပြီး ကို့စိတ်တွေ ကယောင်ချောက်ချား ဖြစ်ကုန်တယ်။ စိတ်မကောင်းပါဘူးကို၊ ကိုရေးတဲ့ ကဗျာတွေ ဖတ်ရတဲ့အခါတိုင်းမှာလည်း ကျွန်မ အဲဒီလိုပဲ ခံစားခဲ့ရတာပါ။
"အစောပိုင်းကရေးဖြစ်တာ။ အာ့လို လုပ်မလားလို့။"
"မိန်းမရယ် မလုပ်ပါနဲ့။ တကယ်တောင်းပန်ပါတယ်။ ကို့ကို ထားခဲ့ဖို့လားဟင်။"
စာပို့တာဆိုပေမယ့် ၊ တဆတ်ဆတ်တုန်နေမယ့် ကို့အသံကို နားထဲမှာ ကြားယောင်မိတယ်။
"ကဗျာ ကဗျာလို ဖတ်ပေါ့ကွယ်။"
ဒါလည်း ကိုပြောခဲ့တဲ့စကားပါပဲ။ ကျွန်မရဲ့နာကျင်မူတွေ ကို့အပေါ်ဖိတ်ကျသွားတဲ့အတွက် စိတ်မကောင်းရုံမှအပ ကျွန်မအစွဲအလမ်း မထားနိုင်အောင် ကြိုးစားမယ်။ ဘာလို့ဆို မကြာခင်မှာ ကိုမျှော်လင့်ထားတဲ့ ဘဝတစ်ခုက ကြေမွပျတ်စီးတော့မှာလေ။
"ကျေးဇူးပြုပြီး မလုပ်ပါနဲ့ကွာ။"
ကို့ရဲ့ တောင်းပန်စကားတွေက ကျွန်မနားထဲမှာ ချိုမြနေတာတော့ မဟုတ်ပါဘူး။ ကျွန်မက စိတ်ကူးပေါ်က်တဲ့အတိုင်း လမ်းထထလျှောတ်တတ်သူပါ။
"အာ့လိုတွေဖတ်ရတော့ ခံစားရလား။"
"အင်း လက်စားချေသကိုး ရပါတယ်ချစ်ဆုံးရဲ့။ အင်းပေါ့ ခံစားရတာပေါ့။ ကိုနားလည်သွားပါပြီ။ ကို ဘယ်လိုခံစားရတယ်ဆိုတာ သိပါပြီ။ ဒါပေမယ့် အဲလိုတော့မလုပ်ခဲ့ပါနဲ့နော်။"
ဒီလောက်နားလည်သွားတယ်ဆိုရင်တော့ မဆိုးပါဘူး။ ဒါပေမယ့် ကိုမျှော်လင့်ထားတဲ့ ဘဝမျိုးတော့ ဘယ်တော့မှ ဖြစ်မလာမှာ အသေအချာပါ။
"သိဘူး။"
"ကိုလေ၊ အရမ်းခံစားရလို့ပါ။ ကို့ကို မထားခဲ့ပါနဲ့နော်။ ကို တစ်ခါမှ မချစ်ဖူးတဲ့အချစ်နဲ့ ရူးလောက်အောင်ကို ချစ်တာပါ။ ကိုကြောင့် နာကျင်ခံစားခဲ့ရတယ်ဆိုရင်၊ ကိုဘာပြန်လုပ်ပေးရမလဲဟင်။ မိန်းမ ကျေနပ်တဲ့အထိ ဘာမဆိုကိုလုပ်ပါ့မယ်။"
"သိဘူး။"
"ကို မိန်းမအပေါ်၊ နာကျင်စေလိုတဲ့စိတ်မျိုးလုံးဝမထားခဲ့ဖူးပါဘူး။ အဲဒါမှန်ကန်ဆုံးသစ္စာစကားပါပဲ။ မိန်းမယုံကြည်လာတဲ့အထိ ကိုစောင့်နေမှာပါ။ ကိုပြောခဲ့သလို မိန်းမတစ်ယောက်တည်းကိုပဲ ချစ်သွားမှာပါ။ မိန်းမကိုအရမ်းချစ်တယ်။ အာဘွားနော်။"
သိလိုက်ပြီ။ ဒါ ကိုအကျင့်။ အရှုံးပေးပါတယ်ဆိုပြီး ထွက်သွားလိမ့်မယ်။ နောက် တဖြည်းဖြညိးသွေးအေးသွားအောင် သူနေမယ်။ ကျွန်မနေရာမှာ သူ့ကဗျာတွေ၊ စာတွေနဲ့ အစားထိုးပြီး သူနေထိုင်မယ်။ ကျွန်မသိနေတာပေါ့။ စိတ်ချပါ ၊ အဲလိုဖြစ်မနေစေရပါဘူး။

အချစ်သည် မည်သို့နည်း???Where stories live. Discover now