အခန်း(၄၂)

26 2 0
                                    


အခန်း(၄၂)
__________

ဒီတစ်ခါ ကျွန်တော်တို့သွားရတဲ့ လမ်းခရီးက အရမ်းကြမ်းတယ်။ ကျွန်းလှဘက်ကနေ
ပင်လယ်ဘူးဘက်ကို တတ်ရမှာပါ။
ပင်လယ်ဘူးဆိုတာ စစ်ကိုင်းတိုင်းရဲ့
အစွန်ဆုံးမြို့တစ်မြို့ပါ။ လမ်းခရီး
တစ်လျှောတ်လုံး လမ်းခင်း
ဖို့အတွက်ပြင်ဆင်နေကြတယ်။
ပြင်ဆင်နေတဲ့အချိန်ဆိုတော့
ကျောက်တုံးတွေကလည်း
ထိုးထိုးထောင်ထောင်နဲ့ပါ။ ဆိုတော့ ကား
ဟာ မြင်းတစ်ကောင် ခုန်ပေါ်က်သွားနေသလိုကာပဲ။ ကားက ဟိုင်းလက်ဆိုတော့
အနောက်မှာနေရတာ မသက်သာလှပါဘူး။
ကျောတွေ ရင်တွေတောင် အောင့်လာ
ရပါတယ်။ ကျွန်တော်တို့တစ်ညလုံးမောင်းလာကြတယ်။ လမ်းမှာ ကားရပ်ပြီး ကားပေါ်မှာပဲ အိပ်လိုက်ကြတယ်။ မနက်ဆက်မောင်းလာခဲ့တာ ပင်လယ်ဘူးကို မနက်ကိုး
နာရီလောက်ရောက်သွားတယ်။
ပင်လယ်ဘူးမြို့ကိုရောက်တော့ ကျွန်တော်တို့ အလုပ်သွားလုပ်ရမယ့်နေရာက အထဲကို
အတော်ဝင်ရဦးမယ်လို့ဆိုတယ်။
ကျွန်တော်တို့ခေါ်င်းဆောင် စည်သူလတ်ကြီးကတော့ အတော်ကို စိတ်ဓာတ်ကြနေခဲ့ပြီး။
မတတ်နိုင်ပါဘူး ။ ဆက်သွားရမှာပါပဲ။
ကျွန်တော်တို့ ကားကို တောလမ်းလေး
အတိုင်း မောင်းဝင်လာခဲ့ကြတယ်။
အဲဒီတောလမ်းလေးတစ်လျှောတ် လမ်းဘေးမှာ ထန်းရည်ဆိုင်ကလေးတွေကို တွေ့ရတယ်။ ထန်းရည်ရောင်းချတာက မိန်းခလေးတွေပါ။ ကျွန်တော်ထင်တာတော့ တိုင်းရင်းသူတွေလို ထင်မိတာပဲ။ ဘယ်လိုတိုင်းရင်းသူလည်းဆိုတာတော့ ကျွန်တော်လည်းမခန့်မှန်းတတ်ဘူးရယ်။ ဒီနောက် လက်ထဲကဖုန်းကို ထုတ်ကြည့်လိုက်တယ်။ သေရော။ ဖုန်းတိုင်က
တစ်တိုင်တောင် မပေါ်ချင်ပေါ်ချင် ဖြစ်နေလေရဲ့။ ဒီလိုနဲ့ပဲ ကားဟာ ယက်ကန်ယက်ကန်နဲ့ ရွာထဲရောက်သွားရတယ်။ ရွာထဲရောက်တာနဲ့ ထုံးစံအတိုင်း စားစရာနဲ့နေစရာ ရှာရတော့တာပေါ့။ အဆင်တော့ပြေပါတယ်။ ရွာက
ဥက္ကဌက သူ့အိမ်မှာတည်းဖို့ ခွင့်ပြုပေးတယ်။

ဒီနောက်ပိုင်းမှာတော့ ကျွန်တော်လည်း ဖုန်းဆက်ရတာ လိုင်းကရတစ်ချက်၊ မရတစ်ချက်မို့ ဘယ်သူဆီမှလည်း ဖုန်းမဆက်ဖြစ်သလို၊ အင်တာနတ်ကလည်း သုံးမရတာကြောင့် မသုံးဖြစ်ဘူး။ မေဇော်တို့ ရွှေရည်တို့ကတော့ ကျွန်တော်ကို တစ်ခုခုတော့ ထင်မြင်နေကြမှာ သေချာတယ်။ ကျွန်တော် ကံကောင်းနေသေးတာ တစ်ခုက မေဇော်ဟာ အခုချိန်ထိ ရွှေရည်ကို သတိမထားမိသေးတာပါ။ သူ
ဘာကြောင့် သတိမထားမိသလဲဆိုတာ
ကတော့ အဖြေက ရှင်းရှင်းလေးရယ်။ သူဟာ ကျွန်တော်နဲ့ဘာမှမပတ်သက်တဲ့ သူတစ်ယောက်ကို လိုက်ပြီး အာရုံစိုက်နေခဲ့လိုပါပဲ။ တစ်ခါတစ်လေတော့ ကျွန်တော်တွေးဖြစ်တာပေါ့။ ကျွန်တော်ဟာ ဘာကြောင့် သစ္စာမရှိတဲ့သူ ဖြစ်နေရတာလဲလို့လေ။ ဒီမှားယွင်းဖြစ်စဉ်ကြီးကိုကော ကျွန်တော်ဟာ သိနေရက်နဲ့ ဘာလို့မပိတ်ပင် မတားစီးမိရတာတုန်း။ မသိတော့ဘူးရယ်၊ ပင်လယ်ဘူးကတော့
အေးစက်စက်နိုင်တယ်။

အချစ်သည် မည်သို့နည်း???Dove le storie prendono vita. Scoprilo ora