C_6

2.8K 341 41
                                    

Ji Won တစ်ယောက် studio ထဲမှာနေရတာ ပျင်းလာတော့ အပြင်ထွက်လာခဲ့သည်။ တစ်ဖက်က အလုပ်အပ်တဲ့သူက မအားတော့ ကိုယ်တိုင်သွားတွေ့ထားပြီး ပြန်လာထဲက မလဲရသေးသည့် အနောက်တိုင်းဝတ်စုံကြောင့် တစ်ချက် ညည်းညူလိုက်မိသေးသည်။

ခါတိုင်းဆို ပေါ့ပေါ့ပါးပါး ဝတ်သွားမိမည်ဆိုပေမဲ့ အခုတွေ့ရမည့်အလုပ်ကိစ္စက အရေးကြီး၍သာ suit အပြည့်ဖြင့် သွားတွေ့ရခြင်းပင်။

ဟူး... ဝတ်ရတာ စိတ်ကျဉ်းကျပ်လိုက်တာ...

ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ သူ့အဖို့ တစ်နေ့တစ်နေ့ အဲ့studio ထဲမှာပဲ model တွေကို ဓာတ်ပုံရိုက်ပေးလိုက်၊အလုပ်လာအပ်ရင် လက်ခံလိုက်နဲ့ လုံးလည်ချာလည်ကို လိုက်လို့...

တစ်ခါလာလည်း အလုပ်၊ တစ်ခါလာလည်း အလုပ်နဲ့ ကြာတော့ ငြီးငွေ့လာသည်။ မိဘတွေကလည်း ဒီမှာမရှိဘဲ ဂျပန်က အဒေါ်တွေဆီမှာပဲ အခြေချနေတာ ဆိုတော့ နောက်ဆံတင်းစရာမရှိ။

အဲ့တော့ Ji Won အဖို့ studio ဆိုတာ အိမ်လိုတောင်ဖြစ်နေပြီ။ စားလည်းဒီမှာ၊အိပ်လည်းဒီမှာဆိုတော့ တိုက်ခန်းကိုတောင်မပြန်ဖြစ်တော့ပေ။

လက်တွဲဖော်ဆိုတာကလည်း ကိုယ့်အလုပ်နဲ့ကိုယ် မစဉ်းစားအားသေးတော့ အချိန်တန် အိမ်ကပေးစားတဲ့သူပဲယူဖို့ ဆုံးဖြတ်ထားသည်။

လုပ်ဖော်ကိုင်ဖက် model တွေဖက်က တစ်ခါတစ်လေ စပြီး တွဲဖို့ပြောပေမဲ့လည်း Ji Won အတွက် အချစ်မပါတဲ့ relationship ကို ဆူးမပါတဲ့နှင်းဆီလိုပဲ သတ်မှတ်ထားတာမို့ အကုန်လုံးကို ငြင်းခဲ့သည်။ တစ်ချိန်ချိန်တော့ သူ့နှလုံးသားကို ဆွဲကိုင်လှုပ်မယ့် ပဲ့ကိုင်ရှင်လေးပေါ်လာကောင်းပါရဲ့...

မိဘတွေက သူတို့ company ကိုလက်လွှဲယူဖို့ပြောကြပေမဲ့ Ji Won ဝါသနာပါရာ ဓာတ်ပုံဆရာလုပ်ဖို့ တောင်းဆိုခဲ့သည်။ တစ်ဦးတည်းသောသားမို့ အလိုလိုက်ကာ သဘောတူကြပေမဲ့လည်း အဖေဖြစ်သူကတော့ သိပ်၍မကျေနပ်ပေ။

ဒါပေမဲ့လည်း မိဘအလိုကို ဆန့်ကျင်ကာ သူငယ်ချင်းဖြစ်သူ Yixing ရှိရာ Korea သို့ရောက်အောင်လာခဲ့သည်။ သို့ပေမဲ့လည်း သားဆန္ဒအတိုင်း အမေဖြစ်သူကတော့ ဒီမှာ အခန်းဝယ်ပေးထား၍ အရာရာ အဆင်ပြေခဲ့သည်။

 《《Sweet Lies》》Where stories live. Discover now