C_21

2.7K 415 105
                                    

တီ...တီ...တီ...တီ..တီ

ဆူညံစွာမြည်နေသည့် alarm ကြောင့် Jongin တစ်ယောက်အိပ်နေရာမှ လူးလွန့်လာခဲ့ရသည်။

ညက သူမအိပ်ခင်  Noona နဲ့တွေ့ရအောင် alarm ပေးထားခဲ့သည်လေ။ Jongin အမြန် မပွင့်သေးသည့် မျက်လုံးနှစ်ဖက်ကို အတင်းဖွင့်ကာ ညကသူတောင်းထားသည့် Chanyeol ဆီက Noona ph no ရောက်မရောက်စစ်ရသေးသည်။

ဖုန်းထဲမှ Noona ph no တွေ့မှသာ သက်ပြင်းတစ်ချက်ချပြီး တွန့်ကြေနေသည့် ညဝတ်အင်္ကျီကို တစ်ချက်နှစ်ချက် ဆွဲဆန့်လိုက်ကာ Noona ph no ကိုခေါ်လိုက်သည်။

ဒီအချိန် Noona နိုးမနိုးမသေချာပေမဲ့လည်း ကြိုးစားကြည့်ရမည်လေ။သိပ်မကြာလိုက် တစ်ဖက်မှ အသံကြည်ကြည်လေးဖြင့် ဟယ်လိုဆိုသော အသံကြားရ၍ တစ်ချက်ပြုံးလိုက်သည်။

"ဟယ်လို"

"ဟယ်လို Lee Inna Noona"

"Jong??!"

သူ့အသံကြားတော့ တအံ့တဩဖြစ်သွားသည့် Noona ရဲ့အသံလေး

"ဟုတ်တယ် Noona ကျွန်တော် Jongin။ ဒီလို မနက်စောစောဆက်လို့ Noona စိတ်မညစ်သွားပါဘူးနော်"

"ရပါတယ် Jong ရဲ့။ Noona လည်း စောစောနိုးနေတာ။ ဘာပြောမလို့လဲ Jong.. အခုလို Jong ဘက်က အရင်ဆက်သွယ်မယ်မထင်ထားခဲ့လို့ အံ့ဩ​နေတာ"

Noona ကိုကြည့်ရတာ သူဖုန်းဆက်တာကို အတော် အံ့ဩမဆုံးဖြစ်နေလားမသိ။ အသံတွေပင် တုန်နေသလားလို့...

အော်..ငါလည်း ဒါလေးကအစ သတိထားမိနေပါလား..

"တကယ်တော့ ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီလို့ပြောမလို့ပါ။ Noona တောင်းဆိုထားတဲ့ကိစ္စအတွက် ကျွန်တော့်မှာ တိကျတဲ့အဖြေရှိပြီ Noona။ အဲ့ဒါ ကျွန်တော်နဲ့ ဒီမနက် ၈နာရီလောက် ကျွန်တော့်ကုမ္ပဏီနားက ကော်ဖီဆိုင်မှာတွေ့လို့ရမလား"

သူ့စကားအဆုံး တစ်ဖက်က ခေတ္တမျှအသံတိတ်သွားပြီးတစ်အောင့်ကြာမှ Noona အသံကြားရသည်။

"ကောင်းပြီလေ။ Noona ရောက်အောင်လာခဲ့ပါ့မယ်။ Jong ရဲ့အဖြေက Noona ကိုပျော်စေမယ်လို့တော့ မျှော်လင့်လို့ရတယ်မလား?"

"ဒါတော့ စောင့်ကြည့်ပေါ့ Noona ရယ်။ ဒါပဲနော် Bye"

"အင်း bye Jong"

 《《Sweet Lies》》Where stories live. Discover now