C_27

2.8K 453 145
                                    

မူးဝေနေတဲ့ခေါင်းကိုလျစ်လျူရှုရင်း ယိုင်နဲ့နေတဲ့ခြေလှမ်းတွေဖြင့် အားတင်းကာ KyungSoo နာကျင်မှုများနှင့်အဝေးဆုံးတစ်နေရာကို ပြေးနေမိသည်။

ဖြိုင်ဖြိုင်ကျနေသော မျက်ရည်တွေကလည်း မျက်နှာတစ်ခုလုံးစိုရွှဲလျက် ဘေးပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်နိုင်ဘဲ ဦးတည်ရာမရှိ ရောက်တတ်ရာရာပြေးနေသည့် မိမိအဖြစ်ကို မိမိမယုံကြည်နိုင်။

လွန်ခဲ့သော နာရီအနည်းငယ်ကအထိ ကိုကိုနဲ့တွေ့ခွင့်ရဖို့ပျော်ရွှင်နေသည့် ကိုယ်က အခု ကိုကိုနဲ့ဝေးရာကို ထွက်ပြေးနေမိတယ်ဆိုတာ တွေးမိတိုင်းမယုံနိုင်သေးဘူး..

ထပ်ခါတလဲလဲ မျက်လုံးထဲမြင်ယောင်လာတဲ့ စောစောက ကိုကို့ရုံးခန်းထဲမှ ပုံရိပ်အချို့ကြောင့် ခေါင်းကိုတွင်တွင်ခါကာ မျက်လုံးမှိတ်ပစ်လိုက်ပေမဲ့လည်း အနှေးကွက်ပြသလို ပြန်လည်မြင်ယောင်လာသည့် နာကျင်မှုအရင်းမြစ်အကြောင်းအရာများကြောင့် KyungSoo ပြေးနေရာမှ ရပ်လိုက်ကာ လမ်းခုလတ်တွင် ငုတ်တုတ်ထိုင်လိုက်သည်။

ရုတ်တရက် မျက်ရည်ရွှဲလဲနှင့် လမ်းလည်ခေါင်ပလက်ဖောင်းတွင် ထိုင်ချလိုက်သော သူ့ကို ဖြတ်သွားဖြတ်လာလူတွေက အထူးအဆန်းကြည့်သွားပေမဲ့လည်း သူရှက်ဖို့ပင် အာရုံမရ။

သူ့ရင်ဘတ်ကြီးက အခုမီးနဲ့အမြှိုက်ခံရသလို ပူလောင်နေတယ်...မီးကင်ခံထားရတဲ့နှလုံးသားကို ဓားပေါင်းများစွာနဲ့ထိုးနှက်နေသလိုမျိုး တဆစ်ဆစ်ခံစားနေရတယ်...

ငိုရလွန်းလို့ မျက်လုံးတွေလည်း ကျိန်းစပ်ပြီး နာနေပေမဲ့ သူ့ရင်ဘတ်ထဲက နာကျင်မှုနဲ့ယှဉ်လိုက်ရင် ဘာမှမပြောပလောက်ဘူးလေ...

ပြေးခဲ့ရတဲ့အကွာအဝေးကြောင့် ဖြူနုလွန်းတဲ့ခြေထောက်အစုံကလည်း ပေါက်ပြဲကာ သွေးပင်စွန်းနေပြီဖြစ်သည်။

ဒါပေမဲ့ သူအခု သစ္စာအဖောက်ခံလိုက်ရတာမလား? သူကိုကို့အပေါ်ထားရှိထားတဲ့ ယုံကြည်မှုတွေ အလွဲသုံးစားလုပ်ခံလိုက်ရတာမလား?

ဘယ်လိုပဲပြန်စဉ်းစားစဉ်းစား ကိုကို့အပြုအမူတွေကို သူရိပ်မိခဲ့ပေမဲ့ အချိန်တန်ရင် သူ့ဆီပြန်ရောက်လာမှာပဲလို့ယုံကြည်နေခဲ့တာ...

 《《Sweet Lies》》Where stories live. Discover now