C_17

2.8K 346 33
                                    

ကျောင်းသားတွေ ဆူညံနေတဲ့Canteen ထဲမှာ အပေါက်ဝနှင့် မနီးမဝေးတွင် KyungSoo တို့သုံးယောက်ထိုင်နေကြသည်။

Baekhyun ပြောသည့်စကားများကို KyungSoo ကတော့ စိတ်ဝင်တစားနားထောင်နေပေမဲ့ Chen ကတော့ သူ့ရှေ့မှာရှိတဲ့ အာလူးချောင်းကြော်ဆီသာ အာရုံရောက်နေသည်။

"တကယ်တော့ Yeol နဲ့ငါကတွဲသေးတယ်လို့လည်းပြောလို့မရသေးဘူးကွ။ဘယ်လိုပြောရမလဲ...ဒီရက်ပိုင်း ငါ့ရဲ့ကြိုးစားမှုကို သူအသိအမှတ်ပြုရုံလောက်ပေါ့..ဒါပေမဲ့လည်း ဒီအခြေအနေနဲ့တင် ငါပျော်ပါတယ်။တိုးတက်တယ်လို့ပြောလို့ရတာပေါ့..."

Baekhyun မျက်လုံးအရောင်လေးတလက်လက်ဖြင့် ပြောပြနေတာကိုကြည့်ပြီး KyungSoo တွေးလိုက်သည်။ သူ့သူငယ်ချင်းလေးတကယ် အဲ့တစ်ယောက်ကို သဘောကျနေတာဖြစ်ရမည်။ တစ်ခါမှ အတည်တကြည်မတွဲဖူးတဲ့ Baekhyun လိုလူမျိုးက အခု အနောက်ကတကောက်ကောက်လိုက်နေတယ်ဆို တော့ ဘယ်လိုလူမျိုးမို့လို့ပါလဲ...

"အဲ့လူနာမည်က ဘယ်သူတုန်း Baek? မင်းသူ့အကြောင်းရောသေချာသိလို့လား?"

KyungSoo ရှေ့တွင်ရှိသော အအေးခွက်ထဲမှ တပ်ထားသည့် ပိုက်ကိုဖယ်ပြီး အအေးတစ်ငုံသောက်ကာ မေးလိုက်သည်။ သူဘေးတွင်ထိုင်နေသော Chen ကိုကြည့်လိုက်တော့ ပန်းကန်ထဲထည့်ထားသည့်ပဲစေ့လေးတွေကို တူနဲ့ညပ်ရန်ကြိုးစားနေသည်။ ကြည့်ရတာ သူ့အားလူးချောင်းကြော်တွေ ကုန်သွားပြီထင်၏။

Baekhyun ကသူ့စကားကိုနားမထောင်နေသည့် Chen ကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး KyungSoo အားကြည့်ကာ

"သိတာပေါ့ဟ..သူ့နာမည်က Park Chanyeol တဲ့။ သူက Park group construction ရဲ့သား။ အခု အဲ့ကုမ္ပဏီမှာပဲ အလုပ်ဝင်နေတယ်။ အသက်ကတော့ ငါတို့ထက် ၃နှစ်လောက်ကြီးမယ်ထင်တယ်..အော် ငါပြောဖို့မေ့နေတာ..မင်းရဲ့Kim Jongin ကြီးနဲ့လည်း ငယ်သူငယ်ချင်းတဲ့!"

"ဘာ!? ကိုကို့ ငယ်သူငယ်ချင်း? ဝိုး...ရေစက်ပဲ..ငါတို့သူငယ်ချင်းနှစ်ယောက်က တော့.."

KyungSoo ကြားလိုက်ရတဲ့စကားကြောင့် မယုံကြည်နိုင်စွာ မေးလိုက်ပြီးအံ့ဩသွားမိသည်။
တွေ့မယ့်တွေ့တော့လည်း နီးနီးလေးတွေပါလား။ ကောင်းတာပေါ့..Baek လူကြီးဆီက ကိုကို့ငယ်ငယ်တုန်းက အကြောင်းတွေ မေးလို့ရပြီ။

 《《Sweet Lies》》Where stories live. Discover now