C_50.5

2.1K 273 32
                                    

KyungSoo သူ့ကို Baekhyunက ညနေခြောက်နာရီ Yixing hyung တို့ဆိုင်ကို ထွက်လာရန်ပြောသဖြင့် သူအခုပြင်ဆင်နေခြင်းဖြစ်သည်။ရိုးရိုးရှင်းရှင်း ဂျင်းဘောင်းဘီအပြာလေးနဲ့ ရှပ်အင်္ကျီအဖြူလေးကိုသာဝတ်လိုက်ပြီး Baekhyun ဆီဖုန်းခေါ်လိုက်သည်။

"ဟယ်လို Baek  ငါအခုပြီးပြီထွက်လာရတော့မလား?"

KyungSoo လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့ ငါးနာရီခွဲ။ နာရီဝက်လောက်စောသွားလို့လဲ ကိစ္စမရှိဘူးမလား? သို့ပေမဲ့ တစ်ဖက်က Baekhyun ရဲ့ အလန့်တကြားအသံကြောင့် KyungSoo လန့်သွားသည်။

"အား! မရဘူးနော်! မရဘူး! ထွက်မလာနဲ့ဦး Kyung! ငါတို့ဘာမှမပြီးသေးဘူး"

Baekhyun အသံကစူးလွန်းတာမို့ KyungSoo ဖုန်းကိုပင် နားနဲ့အနည်းငယ်ခွာပြီး နားထောင်လိုက်ရသည်။

"ဘာလို့အတင်းအော်နေရတာလဲ Baek ရဲ့။ ဘာကိုမပြီးသေးတာလဲ?"

"အ! ဘာ_ဘာမှမဟုတ်ဘူး Kyung ။ နားကြားမှားတာနေလိမ့်မယ်။ ငါနဲ့ Chen နဲ့က အခုထိလမ်းမှာပဲရှိသေးတယ်။ ငါတို့ ဆိုင်ကိုရောက်မှပဲထွက်လာခဲ့တော့လေ။ ငါဖုန်းဆက်လိုက်မယ်"

Baekhyun တစ်ခုခုထူးဆန်းနေတယ်ဆိုတာ KyungSoo သိသည်။ ဒါပေမဲ့ ကာယကံရှင်က မပြောချင်မှတော့ သူလည်းအတင်းလိုက်မမေးချင်တော့ပါဘူး။

KyungSoo သွားရန်နာရီဝက်လောက်လိုနေသေးတာမို့ ဟန်မြစ်ဘက်ကို လမ်းလျှောက်ရန်စဉ်းစားလိုက်သည်။Xing hyung ရဲ့ဆိုင်နဲ့လဲ နီးတာမို့ Baekhyun ဖုန်းဆက်တာနဲ့ တန်းသွားလိုက်လို့ရသည်။ အချိန်က ညနေခင်းဘက် ကူးပြောင်းစပြုနေသည်မို့ အပေါ်ထပ် အနွေးထည်ကုတ်တစ်ထည်ကိုယူကာ သူထွက်လာခဲ့သည်။ သူ့ hyung ကတော့ ပြောစရာကိုမလို သေချာပေါက် အခုချိန် Xing hyung နဲ့အတူရှိနေမှာအမှန်။

ဒါပေမဲ့ ထူးဆန်းတာတစ်ခုက နေ့လည်က Xing hyung ဆိုင်သွားခါနီး ညနေ ဆိုင်လာရင် သပ်သပ်ရပ်ရပ် ဝတ်လာရန် မှာသွားခဲ့သည်။သူလည်း Xing hyung ဆိုင်သွားမယ်မပြောဘဲနဲ့ ကြိုသိနေသည်မှာ ထူးဆန်းနေသည်မလား? တစ်ခုခုပဲ။ သူ့hyung ရော ဟိုနှစ်ယောက်ရော မဟုတ်တာတစ်ခုခုကို ပေါင်းလုပ်နေကြတယ်ဆိုတာ ကျိန်းသေတယ်။

 《《Sweet Lies》》Where stories live. Discover now