C_19

2.6K 395 57
                                    

"အဲ့တော့ ဆိုလိုတာက??"

KyungSoo ကုတင်ဘေးက ကြမ်းပြင်ပေါ်မှာ ခေါင်းအုံးလေးပိုက်ပြီး အပေါ်မှာထိုင်နေတဲ့ KyungSoo နဲ့ Baekhyunကို မေးလိုက်တဲ့ Chen။

"ဟာ! ပြောနေတာဘယ်နှစ်ခါတောင်ရှိပြီလဲ Chen Chen! သူ့ဘဲကြီးနဲ့သူနဲ့ Anniversary ရှိလို့ ငါတို့က ကူပေးရမယ်ဆိုနေ!"

Baekhyun ထပ်ခါတလဲလဲပြောနေတာတောင် နားမလည်သေးသည့် Chen ကိုဘေးက ခေါင်းအုံးတစ်လုံးနှင့်ပေါက်ကာ ပြောလိုက်သည်။

"အ...နာတယ်ဟ!ဘာလို့လက်ပါနေတာလဲ Byun Baekhyun! ပါးစပ်နဲ့ပြော..ပါးစပ်နဲ့။"

Chen ကလည်းသူပိုက်ထားတဲ့ခေါင်းအုံးနဲ့တစ်ဖန်ပြန် ပေါက်ကာပြောတော့ ကြားထဲက KyungSoo ရူးချင်လာသည်။ ဒီနေ့ Anniversary မို့လို့ ညနေအတွက် ရင်ခုန်နေပါတယ်ဆိုကာမှ ဒင်းတို့လုပ်မှ အပျော်လေးတွေတောင် ဘယ်ချောင်ရောက်သွားမှန်းမသိ။

"တော်ကြပါတော့ကွာ! ငါ့ကိစ္စလေးကို အရင်စဉ်းစားပေးကြပါ"

သူပြောလိုက်မှ ရန်ဖြစ်နေတာသူတို့မဟုတ်တဲ့အတိုင်း စပ်ဖြီးဖြီးရုပ်တွေနဲ့ နှစ်ကောင်သားကြည့်လာသည်။

"အိုး...ငါတို့ KyungSoo လေးက first anni မို့လို့ ရင်တုန်တယ်ပေါ့။ စိတ်မပူနဲ့ hyung တို့တာဝန်ထားလိုက်"

KyungSoo ဘေးမှာထိုင်နေတဲ့ Baekhyun တစ်ယောက် KyungSoo ရဲ့ပခုံးကိုဖက်လိုက်ပြီး ပြောနေတာကို အောက်က Chen ကလည်း ခေါင်းတငြိမ်ငြိမ့်နှင့် ထောက်ခံနေသည်။

KyungSoo သူတို့နှစ်ယောက်ကို ညနေပွဲအတွက် အိမ်လာဖို့ မုန့်တွေမတရားကျွေးပြီး ခေါ်ထားရသလို သုံးယောက်သား ကျောင်းမတက်ဘဲ အခုအလိုအပီအပြင် တိုင်ပင်နေကြခြင်းဖြစ်သည်။ဒါတောင် Baekhyun ကပြင်ဆင်ပေးပြီးတာနဲ့ သူ့Chanyeol hyung နဲ့ အပြင်သွားစရာရှိတယ်ဆိုလား...

"အဲ့တော့ ဘယ်အချိန်လဲ?"

Chen ကအချိန်မေးလာတော့

"ကိုကို ရုံးဆင်းချိန် ငါးနာရီလောက်"

"အိုကီ လာ..လာ..လာ..လိုအပ်တာတွေသွားဝယ်ထား ရအောင်။ပြီးတော့ Xing hyung ကဆိုင်ကို ဘယ်အချိန်ပိတ်ပေးမှာလဲ?"

Baekhyun ထိုင်နေရာမှ ငေါက်ခနဲထကာ အပြင်သွားဖို့ အသည်းအသန်ပြင်နေသည်။

 《《Sweet Lies》》Onde histórias criam vida. Descubra agora