V-Day Special Part

2.3K 235 33
                                    


ဒီအပိုင်းက မူရင်းနဲ့ ဘာမှမဆိုင်တဲ့အပိုင်းပါနော်။ သက်သက် special part ပါ..

နောက်နှစ် V Day အတွက်ပါ ပေါင်းဖတ်လိုက်ပါတော့ လတောင်ကုန်တော့မယ်😂

🚫Warning🚫
                               ♡♡♡

Jongin မိုးလင်းထဲက လှုပ်ရှားနေသည့်စိတ်အစဉ်ကြောင့် မနက်အစောကြီးနိုးနေသည်။ထို့ကြောင့် စောစောစီးစီးရေချိုးသန့်စင်ပြီး ဒီနေ့လို့ထူးခြားတဲ့နေ့လေးမှာသူ့ကလေးလေးနှင့်အတူ ဖြတ်သန်းရန်အတွက် ယခုလိုစိတ်စောနေရခြင်းဖြစ်သည်။

ပုံမှန်ထပ်ပိုပြီး သန့်ပြန့်စွာဝတ်ဆင်ထားကာ ပုံသွင်းထားတဲ့ဆံပင်ညိုညိုတွေက သူ့ရဲ့ပုံပန်းသွင်ပြင်အား ပို၍ ထင်ပေါ်နေစေသည်။
မနေ့ထဲက Chanyeol ရယ်၊ကလေးရဲ့သူငယ်ချင်းတွေရယ်နဲ့အတူတိုင်ပင်ထားတဲ့အစီအစဉ်ကိုအကောင်အထည်ဖော်ရန် Jongin အိမ်ကနေထွက်လာခဲ့သည်။သေချာပေါက် သူ့ကလေးလေးဆီနေ့တိုင်းပို့နေကျmessage တော့ဘယ်မေ့ပါ့မလဲ...

"Good morning baby... ညကကောင်းကောင်းအိပ်ပျော်တယ်မလား? အရမ်းလွမ်းတယ်..ပြီးတော့ ချစ်တယ် ကလေး"

မနက်တာလုပ်ငန်းဆောင်တာပြီးသွားပြီမို့ ဖုန်းမျက်နှာပြင်ပေါ်က သူ့ကလေးလေးရဲ့ပြုံးနေတဲ့ပုံလေးကို တစ်ချက်နမ်းကာ Jongin ပြုံးလိုက်သည်။

"အား...ဒီနေ့အတွက်အားရှိသွားပြီ"

တစ်ချိန်က သူ ရူးရူးမိုက်မိုက် လျစ်လျူရှုခဲ့တဲ့သူ့ကလေးလေးက အခုတော့ သူ့ရဲ့အချစ်ရဆုံးသူဖြစ်လာတာ သူမယုံကြည်နိုင်ပေမဲ့ လက်ခံရမည်။ အခုချိန်မှာ ကလေးက သူ့အရာအားလုံးဖြစ်နေတာမို့.....

                              ♡♡♡

"Do KyungSoo မင်းမျက်နှာကဘာဖြစ်နေတာလဲ? မနက်မိုးလင်းအိပ်ရာနိုးတုန်းကတော့ ဖုန်းကြည့်ပြီး ဖြီးနေတာ သူမဟုတ်တဲ့အတိုင်း အခုများတော့ ဆူပုတ်နေတာပဲ"

Chen ရဲ့ စကားကြောင့် KyungSoo သူ့ရဲ့ဆူပုတ်နေသော်လည်းချစ်ဖို့ကောင်းနေဆဲမျက်နှာလေးကို မဲ့လိုက်သည်။

"ဘာဖြစ်ရမှာလဲ ဟိုလူကြီးပေါ့ မနက်မိုးလင်းထဲက message တစ်ကြောင်းပဲ ပို့ထားပြီး တစ်နေ့လုံး ဘာမှထပ်မပို့ဘူး! ဖုန်းလည်းမဆက်၊ဖုန်းခေါ်တော့လည်းမကိုင်၊message ပို့တော့လည်း အကြောင်းမပြန်နဲ့ ငါ့စိတ်ကိုလာစမ်းနေတာသူက!!"

 《《Sweet Lies》》Where stories live. Discover now