A/N
☆ပုံမှန်ထပ်ပိုရှည်သည့်အပိုင်းမို့ အချိန်ရမှဖတ်စေချင်ပါသည်☆
...........................................အထပ်မြင့် အဆောက်အဦးတစ်ခုရဲ့ မှန်တွေမှတဆင့်ညရှုခင်းကိုကြည့်နေသော ကောင်လေးတစ်ယောက်သည် လက်ထဲမှ ဝိုင်ခွက်ကို ကိုင်ထားလျက် အတွေးတို့ကတော့ အဝေးတစ်နေရာဆီလွင့်ပျံနေသည် . . . .
ထိုအခိုက် တံခါးဖွင့်သံကြားလိုက်ရ၍ နောက်လှည့်ကာ အခန်းထဲဝင်လာသူထံ အကြည့်တို့ပို့လိုက်တော့ မြင်နေကျမျက်နှာကြောင့်ကောင်လေးရဲ့မျက်နှာ တွင်အပြုံးတို့ ဖြစ်တည်လာသည်။
ထို့နောက် ချက်ချင်းပဲ လက်ထဲက ဝိုင်ခွက်ကို ဘေးကမှန်စားပွဲပေါ်တင်ကာ ဝင်လာသည့်တစ်ယောက်ကိုပြေးဖက်လိုက်သည်။
"ပြန်လာပြီလား Hyung...studio ကကိစ္စတွေရော ပြီးသွားပြီလား?"
ကောင်လေးရဲ့ မြူးတူးနေတဲ့အသံကြောင့် ကျန်တဲ့တစ်ယောက်ကပါ ထိုကောင်လေးကို သူ့လက်တွေနဲ့သိုင်းဖက်လိုက်ပြီး
"ပြီးလို့ပြန်လာတာပေါ့ ကောင်လေးရဲ့....Aigoo hyung ရဲ့ကောင်လေးက hyung ကိုလွမ်းနေတာလား"
နူးညံ့သောဆံပင်အညိုရောင်လေးတွေကြား သူ့လက်ချောင်းရှည်ရှည်တို့ဖြင့်ထိုးဖွကာမေးတော့ ဖက်ထားရာကနေ ခွာလိုက်ပြီး ခေါင်းလေးငြိမ့်ကာ ပြုံးပြလာသည့် သူ့ရှေ့က ကောင်လေးကိုကြည့်ပြီး JiWon အသည်းယားလာသည်။
သူ့ဆုံးဖြတ်ချက်မမှားလောက်ပါဘူးနော်....သူဒီလိုအပြုံးကိုပြန်မြင်ရဖို့ဘယ်လောက်တောင်စောင့်ခဲ့ရတာလဲ...
☆☆☆
နောင်လာတော့မယ့်အပိုင်း😝 B_Kai ကစိတ်ကောင်းလေးဝင်ပြီး spoiler လာပေးတာနော်😒
#K_B_Kai🍀
ESTÁS LEYENDO
《《Sweet Lies》》
FanficKim Jongin It's your fault that you believe everything what I say. Do KyungSoo I know it's a lie...but let me believe those sweetest lies of yours... #angst # by K_B_Kai🍀