"Hyung......"
တိုးလျလျခေါ်သံလေးကြောင့် Jiwon ထိုင်နေရင်းမှ နောက်လှည့်ကြည့်လိုက်တော့ ခေါင်းငုံ့ကာ ရပ်နေတဲ့ ကောင်လေးကိုတွေ့လိုက်ရသည်။
"အာ...ကောင်လေးတောင်ရောက်လာပြီလား။ လာလေ hyung ဘေးလာထိုင်"
သူထိုင်နေသည့် ဘေးနေရာကိုပုတ်ကာ လာထိုင်ခိုင်းတော့ မဝံ့မရဲဖြင့် ဖြေးဖြေးချင်းတိုးလာကာ လျှောက်လာသည်။
ဘာတွေ တွန့်ဆုတ်နေရတာလဲကောင်လေးရာ....ဘာတွေကိုအဲ့လောက်တောင် တွေဝေနေတဲ့ပုံစံဖြစ်နေရတာလဲ....
သူတို့အခုရောက်နေတာ Han မြစ်ကမ်းဘေးတွင်ဖြစ်သည်။ အရာအားလုံးကို အဆုံးသတ်ချိန်တန်ပြီမို့၊ကောင်လေးကို သူလက်လွှတ်ပေးချိန်တန်ပြီမို့ နောက်ဆုံးအကြိမ်တွေ့ရန်သူလှမ်းချိန်းလိုက်ခြင်းဖြစ်သည်။
မနက်ခင်းရဲ့နေခြည်နုနုအောက်မှာ ကောင်လေးက လင်းလဲ့နေသည်။ မျက်ကွင်းလေးတွေညိုနေပုံထောက်ရင် ညက Kim Jongin ဆီကညဥ့်နက်မှ ပြန်လာသည်ထင်၏။ ဘေးလူတွေတောင် ရိပ်မိနေတဲ့ ကိုယ့်ခံစားချက်ကိုယ် ဘာလို့အဲ့လောက်ထိငြင်းပယ်နေရတာလဲဆိုတာ Jiwon နားမလည်။ ဖြစ်နိုင်တာကတော့ အရင်တုန်းက ဒဏ်ရာတွေကအခုထိ မကျက်သေးတာများလား....
"ဝါး....ရာသီဥတုကသာယာတယ်နော် hyung... ဒီလိုအချိန် လမ်းလျှောက်လိုက်ရရင် ဘယ်လောက်ကောင်းမလဲ! ကျွန်တော်တို့ လမ်းလျှောက်ကြမလား?"
အကြာကြီး ဘာမှမပြောဘဲ စိုက်ကြည့်နေသည့်သူ့ကြောင့် ပတ်ဝန်းကျင်ကငြိမ်သက်နေသည်ကို ကောင်လေးက နေရခက်နေသည်ထင်၏။ မပြောစဖူး စကားအရင်စပြောလာသည်။
"ကောင်လေး..."
ရုတ်တရက်ထွက်ပေါ်လာတဲ့ သူ့အသံကြောင့်ကောင်လေးက ဝိုင်းစက်နေသော မျက်ဝန်းလေးတွေဖြင့် မော့ကြည့်လာသည်။
"အခုကစပြီး ကိုယ်ပြောတာသေချာနားထောင်ပေးနော်"
Jiwon တုန်ယင်စပြုနေသည့်သူ့အသံကို ထိန်းကာ အဝေးတစ်နေရာသို့အကြည့်လွှဲလိုက်သည်။
"ကိုယ်တို့ လမ်းခွဲကြရအောင်ကောင်လေး.."
"Hyung!! ဘာ_____"
ESTÁS LEYENDO
《《Sweet Lies》》
FanficKim Jongin It's your fault that you believe everything what I say. Do KyungSoo I know it's a lie...but let me believe those sweetest lies of yours... #angst # by K_B_Kai🍀