C_42

2.3K 305 43
                                    

"Do KyungSoo!!!"

ဝုန်းဝုန်းဒိုင်းဒိုင်းဖြင့် သူ့နာမည်အော်ခေါ်ကာ အခန်းထဲသို့ ကြမ်းကြမ်းတမ်းတမ်းဝင်လာသည့်တရားခံကိုကြည့်လိုက်တော့ ထုံးစံအတိုင်း Byun Baekhyunဖြစ်နေသည်။ Baekhyun နောက်မှာတော့ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်အောင်ပြုံးနေသည့် ခပ်ကြီးကြီးအပြုံးချိတ်ဆွဲထားသော JongDae ကကပ်ပါလာသည်။

ထို့နောက်သူပါ ' KyungSoo ' လို့အော်ပြီး ကုတင်ပေါ်မှာအနားယူနေသည့် KyungSoo ထံနှစ်ယောက်လုံး တက်ဖိကြသည်။

"အင့်_အ_ ဟေ့_ဟေ့ကောင်တွေ ဖယ်ဦးလေ! ငါ_ငါအသက်ရှုကျပ်နေပြီ!"

KyungSoo ကအသက်ရှုကျပ်နေပြီပြောမှ နှစ်ယောက်သား ကိုယ်ပေါ်ကဆင်းပြီး KyungSoo ၏တစ်ဖက်တစ်ချက်စီတွင် ညှပ်၍ ထိုင်ကြသည်။

"Kyungie ဒီအတောအတွင်း ငါတို့ဘယ်လောက်တောင်လွမ်းနေခဲ့ရတာလဲသိရဲ့လား?! မင်းကွာ! အဲ့ဒါများ ငါတို့ကိုချက်ချင်းမပြောဘဲ တစ်နှစ်ကြာမှပြောရတယ်လို့! ဘာလို့မင်းသူငယ်ချင်းတွေကို တစ်နှစ်တောင်ဒုက္ခခံခိုင်းရတာလဲ?! Suho hyung တို့ကျတော့တစ်ပတ်တည်းရယ်!"

အလယ်တွင် ညပ်နေသော KyungSoo ရဲ့လက်မောင်းကို သူ့လက်သီးဆုပ်သေးသေးလေးတွေနဲ့ ထုရိုက်နေသော Byun Baek ကိုကြည့်လိုက်တာနဲ့ ဘယ်လောက်ထိခံပြင်းနေလဲသိသာသည်။

သူတို့ဖက်ကကြည့်ရင်တော့ ဟုတ်တာပေါ့လေ..ဟိုရောက်ပြီး တစ်နှစ်ကြာမှ ဆက်သွယ်ခဲ့တာ။အဆက်အသွယ်ရပြီးပြီးချင်း ယုံတစ်ဝက်မယုံတစ်ဝက် ချက်ချင်းဟိုကိုလိုက်လာပြီး အတည်ပြုတဲ့နှစ်ယောက်က သူ့ကိုမြင်မှ ပြေးဖက်လိုက်ကြတာဆိုတာ -.-

ပြီးတော့ ဟိုလူကြီးရိပ်မိမှာစိုးလို့ ကိုယ့်ဆီမလာခိုင်းတော့ဘဲ ဖုန်းအဆက်အသွယ်သာလုပ်ကြတာမို့ ဒေါသထွက်နေရှာကြမှာပေါ့လေ။ဘယ်သူ့မှာမပြောခိုင်းထားတာမို့ Chanyeol hyung လောက်ပဲသိသည်။လူအများကြီး မသိတာလဲကောင်းပါတယ် မဟုတ်ရင် သူ့အစီအစဉ်တွေပျက်စီးရလိမ့်မယ်။

"မတူဘူးလေကွာ ။ မင်းတို့ကိုတစ်နှစ်ကြာမှပြောတယ်ဆိုတာက အရာရာ ယုတ္တိရှိအောင် ငါအချိန်ယူရသေးတယ်လေ...ငါ့ဒဏ်ရာတွေကို ကုစားရသေးတယ်လေ။ငါပုံမှန်စိတ်အခြေအနေနဲ့နေနိုင်ဖို့ ကြိုးစားရသေးတယ်...."

 《《Sweet Lies》》Where stories live. Discover now